Tuesday, March 19, 2013

ပန်းရဲ့သိက္ခာ နမ်းမယ့်လိပ်ပြာ



                                                                  ပန်းရဲ့သိက္ခာ နမ်းမယ့်လိပ်ပြာ

                        “နင့်မှာ ရည်းစားရှိနေပြီလား”
             မမေးသေးဘူးလို့ စဉ်းစားထားပေမယ့်လည်း သိချင်လွန်းသည့်စိတ်ကို တားမရတော့ပြီမို့  သချာင်္အတူတွက်ရင်း စိတ်နှင့်လူ မကပ် ဖြစ်နေပုံပေါ်သော နွေးနွေးခင်ကို စေ့စေ့ကြည့်ရင်း မေးလိုက်မိသည်။ သူ လုံးဝမျှော်လင့်ထားပုံမရသည့် စကားမို့ ကျွန်မကို ရုတ်တရက် ကြည့်ရင်း အဖြေမပေးနိုင်သေးပဲ တွန့်ဆုတ်နေသည်။
              “ ရည်းစားတော့ မဟုတ်ပါဘူး ”
             မျက်လွှာချလျက် တိုးလျစွာဆိုသည်။
               “ငါဒီနေ့ မနက်က ဆိပ်ကမ်းသာလမ်းထဲကို ရောက်တယ် ”
             သူ ထပ်မံအံ့အားသင့်လျက် ကျွန်မကို ကြည့်ကာ
              “ ဒါဆို နင်ငါ့တို့ကိုတွေ့တာပေါ့နော် ဟုတ်လား ”                                                         
သူ့စကားကို ပြန်ဖြေစရာမလို၊ ကျွန်မမျက်ဝန်းများကို ကြည့်ရုံနှင့် သူသဘောပေါက်နိုင်သည်။
            “ မြတ်ငါကိုစိတ်မဆိုးပါနဲ့ဟာ…။ နင့်ကို ပြောပြရင် ငါ့ကိုတားမှာစိုးလို့ပါ၊ ပြီးတော့ ငါ့ကို သူ တကယ်လေးလေးနက်နက် ချစ်တာ၊ အဲ့ဒါကိုငါခံစားလို့ရတယ် ၊ မနှစ်ကလည်း သူ တစ်နှစ်ထိထားတာဆိုတော့ ငါအဖြေမပေးရင် ဒီနှစ်စာမေးပွဲ ဘယ်လိုမှအောင်မှာ မဟုတ်ဘူး ။ ဒါကြောင့် သနားပြီး အဖြေပေးလိုက်မိတယ်”
             လက်ချင်းတွဲလျက် တူနှစ်ကိုယ်ပျော်မြူးနေသည်ကို မျက်စိနှင့်မြင်ခဲ့ရစဉ်က အံ့သြတုန်လှုပ်ခဲ့မိပေမယ့် သူ အခုလို အကြောင်းပြချက် တွေပေးနေတောလည့်း  ဒီတစ်ကြိမ်မှာ  ပြောစရာစကားမရှိသလို နှုတ်ဆွံ့အသူမှာ ကျွန်မဖြစ်နေသည်။ ခဏကြာ ငြိမ်သက်နေမိပြီးမှ
                “နေပါဦး ငါမေးပါဦးမယ်။ အဲဒါက နင်နဲ့ ကျူရှင်အတူတက်တဲ့ သဇင်တို့ ပြောပြောနေကြတဲ့ ဟို .. ‘နေမင်း’ နဲ့ တူတယ် ဆိုတဲ့ လူ လား။”
              “ဟုတ်တယ်လေ၊ နင်လည်း မနက်ကမြင်ပြီးပြီဆိုတော့ သူချောတယ်ဆိုတာတော့ ငါအထူး ပြောစရာ မလိုတော့ဘူးပေါ့၊ ကျူရှင်မှာဆို သူ့ကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တစ်ပုံကြီးပဲ၊ သဇင်ကိုယ်တိုင်တောင် ပါချင်ပါခဲ့မှာ၊ ဒါပေမဲ့ သူက သဇင်တို့နဲ့  သူငယ်ချင်း ဖြစ်အောင် အရင်ကပ်ပြီးမှ  ငါ့ကို သူတို့ကနေ တဆင့်မိတ်ဆက်ခိုင်းတာ၊ ဒီမှာ သူ့ဓာတ်ပုံ’’
                နွေးက တက်ကြွစွာ စကားဆိုရင်း သူ့စာအုပ်အဖုံးကျောဘက်ကို ဖွင့်၍ ဖွက်ထည့်ထားပုံရသော ဓါတ်ပုံတစ်ပုံအား ထုတ်ပြသည်။ အရင်ကဆို ကျွန်မသိသွားမှာ စိုးရိမ်ပြီး ၀ှက်ထားရဟန်ရှိပေမယ့် အခုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ပြော၍ ရသွားပြီ ဆိုတော့ လက်ထဲက ဓါတ်ပုံကို သူကိုယ်တိုင်ကြည့်မ၀ ဖြစ်နေပုံများ သူ့ဆီမှ ရင်ခုန်သံကိုပင် ကျွန်မနားထဲ တီးတိုး ကြားနေ မိသလိုလို။ လမ်းဘေးပလက်ဖောင်းတွင် လက်နှစ်ဘက်ယှက် ထိုင်လျှက် တီရှပ်အင်္ကျီ၊ ပုဆိုးအကွက်စိတ် ၊လျှာထိုးဦးထုပ် တို့်နှင့် မပြုံးမရယ် ဓာတ်ပုံထဲကလူကို ကျွန်မသုန်မှုန်စွာ လှမ်းကြည့်မိသည်။
             “ သူ့နာမည်က အောင်နိုင်ဝင်းတဲ့၊ မိုက်တယ်မဟုတ်လား”
             ကျွန်မ သူငယ်ချင်း အသည်းကို ဆွဲယူကိုင်လှုပ်နိုင်ပုံရသော ထို မဲနက် စင်ရော်တောင် မျက်ခုံးနှင့် တောက်ပသော မျက်ဝန်း တစ်စုံကို ဥပက္ခာပြုရင်း သူ့လက်ဖျံတစ်ဖက်ဆီမှ နဂါးလိုလို၊ ပန်းခက်လိုလို စိမ်းပြာရောင်ဆေး မင်ကြောင်နှင့် မြေကြီးပေါ်ချထားသည့် လွယ်အိတ် ဖွာလံကြဲကို မြင်လိုက်သောအခါ ကျွန်မစိတ်ပျက်စွာ ဓါတ်ပုံမှ မျက်လုံးလွှဲလိုက် သည်။ ဒီလိုအချိန်မှာ နာမည်ကြီး ကိုရီးယား မင်းသား ‘ရိန်း’ ဒီဇိုင်း နှင့် မိုးကျ ရွှေကိုယ်လေး ဆိုရင်တောင် နွေးနှင့် ဘယ်လိုနည်းနှင့်မှ သဘောမတူနိုင်သေးသည်မို့ အခုလိုမျိုး ရုပ် ကလေး သနားကမားနှင့် ကလေကချေ... ခေတ်စကားနဲ့ဆို ဂျလေဘီပုံစံ ဆိုရင်တော့ မဖြစ်ရေးချမဖြစ်နိုင်ပြီ။  ကျွန်မသူငယ်ချင်းက ဖြူစင်နူးညံ့သူ၊ စိတ်သဘောထား သိမ်မွေ့လွန်းသူမို့ ကျွန်မ အနားမှာရှိနေရက် လစ်သွားသည့် အခိုက် အတန့်မှာ ဒီလို ဗရုတ်သုတ်ခပုံစံ ယောက်ျားတစ်ယောက်ကို သူ့ဘ၀၏ ပထမဆုံး ရည်းစားဦးအဖြစ် ရွေးချယ်ခဲ့ခြင်းအတွက် ကျွန်မ ရင်နာ မဆုံးလှပြီ။ ဒီထက်ပိုဆိုးသည်မှာ ဆယ်တန်းစာမေးပွဲဖြေဖို့  တစ်ရက်ပြီးတစ်ရက် ပိုနီးကပ်လာပြီမို့ နွေး ခြေလှမ်းမှားပြီး  စိတ် လေမည်ကိုလည်း ကျွန်မ စိတ်ပူမိလေသည်။  သူကတော့ ဆယ်တန်း ကျောင်းသူတစ်ဦး မဟုတ်သလို  မကြာခင် ဆုံတွေ့ရမည့် မိမိဘ၀အချိုးအကွေ့ကို အဆုံးအဖြတ်ပေးမည့် စာမေးပွဲကြီးကို ဥပက္ခာပြုရင်း အချစ်ဆိုသော ထိုအရာကို ရှေ့တစ်လှမ်းတိုး မြည်းစမ်း ကြည့် ဖို့ သာ စိတ်ကူး နေပုံပေါ်လေသည်။                    
          ဒါဆို အဲ့ဒီအကောင်က နင်အခုတက်နေတဲ့ “ဂုဏ်ထူးပင်လယ်” ကျူရှင်ကပေါ့ ဟုတ်လား။ စိတ်ပျက်လိုက်တာ နွေးရယ်၊ နင်ဘာ တွေလျှောက်လုပ်နေတာလဲ။ အခုစာမေးပွဲ ဖြေဖို့်ကအချိန်ကခြောက်လလောက်ပဲ လိုတော့တယ်။ စာတွေ မနိုင်ရတဲ့ ကြားထဲ ရည်းစားက ထားလိုက်သေးတယ်။ ငါက နင် သချာင်္နဲ့ ဘိုင်အို နားမလည်ဘူးဆိုလို့ အဲ့ဒီ ကျူရှင်တက်ရအောင် ကူညီ ထားတာ။ ရည်းစားထားဖို့ ကူညီတာမဟုတ်ဘူးဟ”
                  ပြောလက်စနှင့် ဒေါသထွက်လာသည်မို့ အရှိန်မထိန်းနိုင်ပဲ ကျွန်မသူ့ကို အသံကျယ်ကျယ်ဖြင့် အပြစ်တင်စကား ဆိုမိသည်။ သူက ကျွန်မနှင့် တစ်ရပ်ကွက်ထဲနေ အိမ်နီးချင်းဖြစ်ပြီး ငါးတန်းမှ ဆယ်တန်းအထိ တစ်တွဲတွဲ မခွဲခဲ့ သော ကျောင်းနေဘက် အချစ်ဆုံး သူငယ်ချင်းလေးဖြစ်သည်။ ဖြူဝင်းသော အသားအရေမှာ မျက်လုံးပြူးပြူး၊ နှုတ်ခမ်းဖူးဖူးနှင့် ချစ်ဖွယ်စကားကို ဆိုတတ်သူမို့ ကျွန်မ တင်မက ကျွန်မ မိဘများကလည်း သူ့ကို ချစ်သည်။ နွေး ခြောက်တန်းကျောင်းသူဘ၀တွင် အဖေဆုံးသွားပြီး အမေဖြစ်သူက ရပ်ကွက် ဈေးထဲမှာ ကုန်ခြောက်ရောင်းရသည်။ သူ့အစ်ကိုကတော့ မြို့ထဲက လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တွင်လုပ်ပြီး နွေးအောက်မှာ အလယ် တန်း ကျောင်းသူမောင်လေးနှင့် မူလတန်းကျောင်းသူ ညီမလေးတို့ ရှိသေး၏။ အစ်ကိုနှင့် အမေရှာသမျှက သူတို့ မောင်နှမ တွေ အတွက် ကျောင်းစရိတ်နှင့် အိမ်စရိတ်တွေ လစဉ်လုံလောက်အောင် ခဲခဲယဉ်းယဉ်း ကြိုးစားရလေသည်။ ဘာသာစုံ ၀ိုင်းကျူရှင် တက်သော ကျွန်မ အတွက်  အိမ်မှ ဂိုက်တစ်ယောက်ငှားပေး ချိန်တွင် နွေးမှာတော့ ရပ်ကွက်ထဲမှ ကုသိုလ်ဖြစ် ဆရာမဆရာမ တို့၏ ဈေးအသက်သာဆုံး `ပညာဒါန´ကျူရှင်တွင် ဆယ်တန်းအောင်ဖို့ တိုက်ပွဲဝင်နေရသူ ဖြစ်သည်။ သူ့ကျူရှင် မှ ဆရာ၊ ဆရာမ များက အတွေ့အကြုံရင့် ဆရာ များမဟုတ်ပဲ ရပ်ကွက်ထဲမှ ဘွဲ့ရပြီးသူတို့က ဈေးနည်းနည်း နှင့် စုစည်းဖွင့်လှစ်ထားသည့် ကုသိုလ်ဖြစ် ကျောင်းတစ်ခု ဖြစ်သည်။ အပတ်စဉ် စနေနှင့် တနင်္ဂနွေ နှစ်ရက်တည်းသာ တစ်နေကုန်သင်သည့် ထိုကျူရှင်တွင် သချာင်္နှင့် ဘိုင်အိုကို သူ ကောင်းကောင်း မလိုက်နိုင်ပါတဲ့။ သူ့အမေကိုပြောလျှင်လည်း နောက်ထပ် ၀န်ထုတ်ဝန်ပိုးဖြစ်မည်စိုး၍  ဘ၀ကို ကံစီမံရာ အတိုင်း ဖြစ်စေတော့ဟု စိတ်ဒုံးဒုံး ချလိုက်ပုံ ရစဉ်တွင် ကျွန်မ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ နွေးအကြောင်းကို အမေ့ကို ပြောပြ ဖြစ်ခဲ့သည်။
            ပထမတော့ ကျွန်မ၏ ဂိုက်ဆရာမ သချာင်္နှင့်ဘိုင်အို ပြချိန်တွင် နွေးကိုအိမ်သို့ခေါ်၍ အတူသင်ပေးဖို့ စိတ်ကူးကြည့်သည်။ သို့ပေမဲ့ အဆင်မပြေလှ။ တစ်နေ့ သုံးနာရီလောက် ဂိုက်ဆရာမနှင့် တွေ့သည့် အချိန်တွေက ကျူရှင်ဝိုင်းမှာ ကျွန်မ နားမလည်သည့် စာများနှင့် တစ်ပတ်စာ မကျေညက်သောစာများကို ပြန်လေ့လာ ကျက်မှတ်ရန် ဖြစ်သည်။ နွေး နားမလည်သော ဘိုင်အိုစာအုပ် ထဲမှ လေ့ကျင့်ခန်းအဟောင်း များနှင့် သချာင်္ပုစ္ဆာတို့ကို  ကျွန်မအတွက်မဟုတ်ပဲနဲ့ ဂိုက်က သင်ပေးမှာမဟုတ်။  အကယ်၍ ဂိုက်က သင် ပေးမည်ဆိုလျှင်တောင် နှစ်ယောက်စာပေးဖို့လည်း မဖြစ်နိုင်တော့ ဘယ်လောက်ပိုပေး မလဲဆိုတာလည်း ညှိဖို့လို ဦးမည်။
           နောက်ဆုံးတော့ နွေးအတွက် တစ်ခုခုလုပ်ပေးဖို့ အမေဆုံးဖြတ်ချက်ချရပြီ။ နွေးမှာ ကျွန်မ၏ တစ်ဦးတည်းသော အချစ်ဆုံး သူငယ်ချင်းဖြစ်သလို အမေတို့ ကိုယ်တိုင်လည်း နွေးအပေါ် ငယ်စဉ်ကတည်းက  သံယောဇဉ်ရှိသည်။ တစ်အိမ်ကျော် အိမ်နီးနား ချင်း ဖြစ်သူ နွေးမေမေ ဒေါ်မြခက်၏ သောကအမောတွေကိုလည်း တစ်ပူတစ်ပူထပ်ပြီး မဆင့်စေချင်။ ဒါ့အပြင် လိမ္မာရေးခြားရှိပြီး စာမေးပွဲ တွေမှာ အဆင့်ကောင်းခဲ့သည့် နွေးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာမှာ ငွေကြေးမတတ်နိုင်သဖြင့်  ခြေချော်ကျနိုင်သည့် ခလုတ် ကသင်း တွေ မြင်နေပါလျက် အမေဘယ်လိုမှ  မျက်နှာလွဲ ခဲပစ်မနေနိုင် ဖြစ်ပုံရပါသည်။။ ဒါကြောင့် သူအားနည်းသည့် ဘာသာ နှစ်ခု အတွက် မြို့ထဲမှာနာမည်ရှိပြီး ဈေးသင့်တင့်သည့် ကျူရှင်တစ်ခု၏ ဆက်ရှင်တစ်ခုမှာ  လပြတ်ကျူရှင်ထပ်ယူနိုင်ဖို့ အမေ ကူညီခဲ့သည်။ ဒီတုန်းက နွေးမျက်ရည်ကျလျှက်  “ ဆယ်တန်းကို အမှတ်ကောင်း ကောင်းနှင့် နှစ်ချင်းပေါက် အောင်ဖို့ ကတိပေး ပါတယ် အန်တီ”ဟု ဆိုတော့ ကျွန်မမှာ နွေးအတွက် ၀မ်းနည်းဝမ်းသာ  မျက်ရည်ဝဲသည့်ကြား မှ မေမေ့ ကို ကျေးဇုးတင်မိသေးသည်။  အတန်းတူ သူငယ်ချင်း သဇင်တို့ပြောပြ၍ ‘ဂုဏ်ထုးပင်လယ်’ ကျုရှင်ကို စုံစမ်းပြီး မေမေပေး သည့် ငွေဖြင့် ကျွန်မတို့နှစ်ယောက် ကျူရှင် သွားအပ် ဖြစ် ကြသည်။’ ဂုဏ်ထူးပင်လယ် ‘မှာ ဆိပ်ကမ်းသာ လမ်းမှ နာမည်ကြီးကျူရှင်များထဲက တစ်ခု ဖြစ်သည်။        
                    နွေးနာမည်နှင့် ထိုင်ရမည့် ခုံနံပါတ်နံပါတ်သိသောအခါ၊ ကျောင်းစာရေးဆီမှာ သုံးလပြတ်စာ ကျူရှင်လခသွင်း၍ ကျောင်းအပ်ပြီး အပြန်လမ်းတလျောက်  နွေးအတွက် ကျွန်မ စိတ်ပူစွာ မှာတမ်းတွေချွေမဆုံး ဖြစ်ရသည်။
                  “ ကျူရှင်မှာ လူတွေကလည်း အများကြီးပဲနော်။ ယောက်ျားးလေး မိန်းကလေး ခွဲထားတာမျိုးလည်း မရှိဘူး။ ကိုယ့်ခုံ နံပါတ်နဲ့ ကိုယ် ထိုင်ရတာဆိုပေမယ့်   လူတွေကဗျောက်သောက် ဆိုတော့ ငါနင့်ကို စိတ်ပူတယ်။ ”      
                  “ ခုနက စာရေးပြောတော့ မိန်းကလေးတွေက သက်သက်ထိုင်ကြရတာပါတဲ့ ”
                  “ အဲ့ဒါက နဂိုတည်းက သူတို့ သူငယ်ချင်းတွေနဲ့ အတူလာတက်လို့နေမှာပေါ့။ နင်က ငါလည်း မပါတော့ တစ်ယောက် တည်း တက်ရမှာ။ နင်မျက်နှာကို သိပ်ချိုပြမနေနဲ့ ၊ ကျူရှင်မှာ ခပ်တည်တည်ပဲနေနော်။ သဇင်တို့ ရှိတယ်ဆိုပေမယ့် သူတို့ အကြောင်း နင်အသိဆုံးပဲ ကိုယ်ပေါင်း စိတ်ခွာနေ”
                 သဇင်တို့ ပြောပြ၍ ဒီကျူရှင်ကို သိရသည်မှန်သော်လည်း ကိုးတန်းနှစ်ကတည်းက ရည်းစား ရှိတာကို ဂုဏ်ယူစရာ ကိစ္စ တစ်ခုလို အမြဲပြောနေတတ်သည့် သဇင့်ကိုတော့ ကျွန်မက မနှစ်မြို့လှတာ အမှန်ပင်။
                  “ မြတ်ကလည်း စိတ်ပူစရာမရှိ၊ကြံဖန်ပူနေတယ်။ ငါဘ၀ ငါမမေ့ပါဘူးဟာ။ အန်တီနဲ့ နင့်စေတနာကို ငါနားလည်ပါ တယ်၊ စိတ်ချ ။ ပြီးတော့ ဒီကျူရှင်ကနေ ဂုဏ်ထူးထွက်သွားတဲ့ လူတွေ အများကြီးပဲတဲ့၊ ငါ့အစ်ကို ပြောပြတယ်။ သူတုန်းကလည်း ဒီလို ကျူရှင်ပဲတတ်တာ၊ ပျော်ဖို့လည်းကောင်းသလို၊ စာလည်း မှတ်မိတယ်တဲ့၊ သူလည်ုးသချာင်္ဂုဏ်ထူး တစ်ခု ပါခဲ့တယ်လေ ”
            သူ့ဆီက ဒီလိုစကားမျိုးကြားရတော့ ကျွန်မစိတ်အေးသွားမိသည်။ ဟုတ်ပါတယ်လေ။ ဆယ်တန်းစာမေးပွဲကို ၀ိုင်းကျူရှင်နှင့် အိမ်မှာ ဂိုက် ခေါ်သင်မှ အမှတ်ကောင်းပြီး ဂုဏ်ထူးပါနိုင်တာမျိုးမှ မဟုတ်တာ။
            “ အေးပါ၊ နင်အဆင်ပြေဖို့ ပဲ အရေးကြီးပါတယ်နွေးရယ်၊ ငါ့ကျူရှင်မှာဆို လူငါးယောက်ပဲ ရှိတော့ နားမလည်တဲ့စာဆို ဆရာ့ ကို ချက်ချင်း ပြန်ရှင်းခိုင်းလို့ရတယ်။ ဟေးလားဝါးလားလည်း လုပ်လို့မရဘူး။  ဒါကြောင့် နင်လည်း နားမလည်တာဆို ချက်ချင်းထ မေး၊။ ကျောင်းသားတွေ အများကြီးဆိုတော့ ဆရာက တစ်ယောက်ချင်းစီကို မသိနိုင်ဘူး။ ပြီးတော့ ကျူရှင်မှာ အပျော် လာတက်နေတဲ့ မျက်နှာရူး တွေနဲ့လည်း အပေါင်းအသင်းမလုပ်နဲ့ ၊ အိမ်ပြန်ရင်လည်း မြန်မြန်သွက်သွက် ပြန်လာဦး၊ ဘက်စ်ကား နဲ့ ပြန်ရမှာ”
           “ အေးပါဟယ်၊ အမေကလည်း ငါအဆင်ပြေသွားလို့  ၀မ်းသာနေတယ်။ ပြီးတော့ အန်တီကိုလည်း သူက ကျေးဇူးတင်လို့ ပြော ပေးပါဦးတဲ့”
             ထိုစဉ်ကတော့ နွေးကဘ၀ကို အရှိအတိုင်းနားလည်လက်ခံပြီး သူ့အိပ်မက်တွေ တပွေ့တပိုက်ကို လက်တွေ့ အကောင် အထည် ဖော်ချင်သူ၊ အခုတော့ နွေးက သူ့ကျူရှင်ချိန်တွေထဲ နားမလည်ပါဘူးဆိုသည့် ကျောင်းစာတွေထက်  နားမလည် သင့်သေး သော အချစ်စာကိုသာ ပိုဦးစားပေး သင်ယူချင်သူ။ လက်ရှိ နွေးပြောနေသည့် အရေးမပါလှသော သူတို့ နှစ်ယောက်၏ ဆုံဆည်းမှု ကို ကျွန်မ  စိတ်မ၀င်စားသော်လည်း ဒေါသကို မြိုသိပ်ပြီး နားထောင်ပေး လိုက်ရသည်။ သူ့ကောင်လေးနှင့် ပတ်သက်ပြီး သူသိသမျှ ပြောပြ လာ သည့်အခါမှာတော့ ကျွန်မမအောင့်ဧည်းနိုင်တော့ပဲ..
           “ဒါဆို သူက repeater (တစ်နှစ်ကျ) ကြီးပေါ့၊ မိသားစုကလည်းများသေး။ အဖေက လက်သမားလုပ်ပြီး အိမ်ကို လုံလောက် အောင်မပေးဘူး။ အရက်သောက်ပစ်တာဆိုတာ နင်က သနားတယ် ငါက စိတ်ပျက်တယ်၊ အမေက ခေါင်းရွက်ဗျတ်ထိုး၊ ဒါကတော့ သနားစရာပါ။ ဒါပေမဲ့ နင့်အကောင်က ဈေးသည်သားနဲ့မတူပဲ လက်ကြောတင်းမယ့်ပုံမပေါ်ဘူး။ လူဆိုတာ ဥစ္စာမရှိလည်း ပညာရှိမှ၊ ပညာမတတ်လည်း ဥစ္စာရှိရင် တော်သေး။အခုတော့ နင့်ဟာက….။ နင်လည်း ကိုယ့်အခြေအနေကို ကိုယ်သိတာပဲဟယ်၊ နင်.. တကယ်ဦးနှောက်မှ ရှိသေးရဲ့လား”
            ကျွန်မမှာ တွက်ချက်လို့ အဖြေမထွက်နိုင်သေးသည့် သချာင်္ပုစ္ဆာကို ခဏဘေးချပြီး သူ့ပြဿနာအတွက် တကယ်ခေါင်းနပမ်း ကြီးသွားမိသည်။
          “ ငါ မှားလား မှန်လား ကိုယ့်ဖာသာ မသိဘူးဖြစ်နေတယ် မြတ်ရယ်၊ ငါတကယ်ပဲမှားသွားပြီလားဟင်”
          “ ကျွတ် နင် ရူးနေပြိလား နွေး၊ အခုအချိန်ဟာ ရည်းစားထားရမဲ့အချိန်လား၊ စာမေးပွဲကဖြင့် ဖင်နားကပ်နေပြီ။ နင်ကြောင့် ငါတကယ် သေချင်တယ်။ နင်အဲ့ဒီအကောင်ကို အခု ဖြတ်မလား မဖြတ်ဘူးလား။ မဖြတ်ရင်တော့ ငါနင့်အမေနဲ့တိုင်ရလိမ့်မယ်”  
             သူက အချစ်ကိုတွေ့ရှိချိန် ခံစားရသည့် ခံစားချက်တချို့နှင့် သူကောင်လေး၏အကြောင်းကို  စပ်စုနေကျ သဇင်ခိုင် တို့လို ကျွန်မက အရေးတယုလုပ် မေးမြန်းစပ်စုမည်ဟု ထင်ထားမျှော်လင့်နေပုံရသည်။  ယခု သူ မမျှော်လင့်သည့် စကားမို့ အံ့သြ တုန်လှုပ် စွာ ကျွန်မလက်တစ်ဖက်ကို လာကိုင်သည်။
          “ အဲ့လိုတော့ မလုပ်ပါနဲ့ မြတ်ရယ်နော်။ ငါသူနဲ့ မတွေ့တော့ဘူးလေဟယ်၊ ကျူရှင်ကအပြန်လည်း သူ့ကို လိုက်မပို့ခိုင်းတော့ ဘူး။ ငါသူ့ကိုမေးထူးခေါ်ပြော အဆင့်လောက်ထိပဲ ပတ်သတ်မယ်လေဟာနော်။ အမေ့ကိုတော့ မတိုင်ပါနဲနော်။ ပြီးတော့ ငါ့ သူ့ကို ဖြတ်လို့တော့ မဖြစ်ဘူး။ မဟုတ်ရင် သူသေမှာ၊ သူစာမေးပွဲ ထပ်ကျမှာကိုလည်း ငါစိုးရိမ်လို့ပါဟယ် နော် ”
             အချစ်စိတ်တွေ မွန်ထူနေသော နွေးကို ကြည့်ပြီး၊ ဘာပြောရမှန်းမသိလောက်အောင် စကားလုံးတချို့ ပျောက်ဆုံးနေ သည်မို့ကျွန်မ သက်ပြင်းမောတစ်ချက်ကိုသာ ရှိုက်ထုတ်မိတော့သည်။
                                                             XXXXXXXXXXXXXXXXXXXXX
                 “သမီးရယ်၊ အန်တီတော့ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။ သမီးကိုတော့ သူပြောပြမှာပဲလို့ အန်တီထင်လို့ ဆိုင်ကနေ ဖုန်းဆက်ခေါ်လိုက်ရတာ။ အိမ်မှာလည်း မိရွှေချောက မျက်ရည်စီးကြောင်း ထနေတော့ သူ့ရှေ့မှာလည်း အန်တီမမေးချင် ဘူး။ သူ့အစ်ကိုလည်း သိသွားတော့ ပိုဆိုးတယ်”
                မနက်က ဈေးထိပ် ပီစီအိုဖုန်းဆိုင်မှ ကျွန်မဆီ အန်တီမြ ဖုန်းဆက်ပြီး နေ့လည်ဈေးသိမ်းချိန်လောက် ဆိုင်ခဏလာဖို့ ခေါ် ထားသောကြောင့် ကျွန်မလာခဲ့ခြင်းပင်။ ဆိုင်ကလေးပေါ်သို့ တက်လိုက်တယ်ဆိုလျှင်ပဲ အာလူး၊ ကြက်သွန်၊ ငရုတ်သီးများ ပတ်လည် ၀ိုင်းနေရာမှာ ချိန်ခွင်ကလေးကိုင်ပြီး ချွေးတလုံးလုံးနှင့် ဈေးရောင်းနေသည့် အန်တီမြကို သနားစဖွယ် တွေ့ရသည်။ ဆိုင်ပေါ်ကို တက် ပြီး မှ ထိုင်စရာနေရာမရှိ၍ ဆိုင်အစွန် လွတ်နေသော ကြမ်းခင်းတွင် တင်ပလွှဲ ထိုင်လိုက်သည်ဆိုရင်ပဲ အန်တီက ကျွန်မ မြင်ဖူးခဲ့သည့် ဓါတ်ပုံတစ်ပုံကို ထုတ်ပြရင်း စကား စခြင်းပင်။
                “ သမီး သိတာလည်း ဘာမှမကြာသေးပါဘူး အန်တီရယ်၊ သူပြောပြတာတော့ မဟုတ်ပါဘူး၊ သမိးဖာသာပဲ မေးလိုက် တာ။ အခု ကိုကြီးသိသွားပြီဆိုတော့ သူ့ကို ရိုက်တာ၊နှက်တာတွေရော ရှိသေးလား”
                “ရိုက်တော့ မရိုက်ပါဘူး သမီးရယ်၊ သူ့ညီမကို အသည်းယားပြီး ဟိုကလုပ်ချင်နေတာ။ အန်တီတားထားလို့၊ နောက်တစ်ခါ မျက်စိရှေ့မှာတွေ့ရင်တော့ အသတ်ပဲတဲ့။ အခု အဲ့ဒီိကလေးက သမီးတို့ ကျောင်းကပဲလား၊ ဒါမှမဟုတ်ရင် အိမ်နားက ကျူရှင်ကလား သမီးရယ်၊ အတင့်ရဲလိုက်တာ။ အိမ်အထိ အောင် အကြိုအပို့လုပ်ပေးလို့ သူ့အစ်ကို မြင်ရ တာလေ”
               “ကျောင်းကမဟုတ်ပါဘူး အန်တီရယ် ။ မြို့ထဲ ကျူရှင်ကပါ ။ အရမ်းကြီးတော့ စိတ်မပူပါနဲ့ ၊နွေး ဒီလောက် မိုက်မှာ မဟုတ် ပါဘူး အန်တီ ရယ် “
              “ သူသာ မမိုက်ဘူးဆိုရင် အဲ့ဒီလို ဘယ်လုပ်ပါ့မလဲ သမီးရယ်”
               နွမ်းလျနေသော အန်တီမျက်နှာကို ငေးကြည့်နေမိသည်။ သနပ်ခါးထူထူလိမ်းသည့် ပါးပေါ် ကျလာသည့် မျက်ရည်တွေ ကို  ကျွန်မ မမြင်အောင် လက်ဖျံနှင့်သုတ်ရင်း အဝေးကို ငေးလျက် မောပန်းစွာတစ်ခွန်းချင်းဆိုသည်။
                    “သမီး မေမေကိုတော့ မပြောပါနဲ့ သမီးရယ်၊ သူသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ မြို့ထဲက ကျူရှင်ဆိုရင်တော့ လိုက် မကြည့်နိုင်မယ့် အတူတူ အန်တီသူ့ကို ကျူရှင်ထုတ်ရင် ကောင်မလားလို့”
               “ စာမေးပွဲက အရမ်းနီးးနေတော့ ကျူရှင်တော့မထုတ်စေချင်ဘူး အန်တီရယ်။ ဒီလိုလုပ်ပါလား။ ကိုကြီးကိုကြိုခိုင်ရင်ရော ”
                “သူ့ဆိုင်ကလည်း သူ့အပြင်တခြားဝန်ထမ်း မရှိလို့၊ ထွက်ဖို့ မလွယ်ဘူး။  တခါတလေ၀ယ်သူကျရင်တောင် မိုးချုပ်တယ် ကွဲ့၊ သူတော့ အဆင် မပြေနိုင်ဘူးထင်တယ်”
                 “ ဒါဆို ဇော်ထိုက် ဆိုရင်ရော အန်တီ”
                  နွေး၏မောင်လေး ရှစ်တန်းကျောင်းသားဇော်ထိုက်ကို သတိတရ ပြောလိုက်မိခြင်း ဖြစ်သည်။ နွေး၏လူက ဒဂုံတောင် မှလာရသည်မို့ ကျူရှင် အသွားတော့ နွေးကို စောင့်ခေါ်နိုင်ပုံမရ၊ ညပိုင်း ကျူရှင်ဆင်းမှ အိမ်နားအထိ လိုက်ပို့ရင်း နွေး အစ်ကိုနှင့် ဆုံ တာ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဇော်ထိုက်ကတော့ ရှစ်တန်းကျောင်းသားပေမဲ့ လူကောင်ထွားသည်မို့ ၊ မလောက်လေး မလောက်စားပုံ မပေါက်။ ဒါကြောင့် အောင်ကိုဝင်း နွေးအနားကပ်ဖို့ အတင့်မရဲမှာ သေချာသည်။ နောက်ဆုံးတော့ ကျောင်းစာကို မထိခိုက်ပဲ အကောင်းဆုံး ဖြေရှင်းနိုင်မည့် ထိုပြဿနာအတွက် ဇော်ထိုက်လေးကို မုန့်ဖိုးပေးပြီး နွေး ကျူရှင်အပြန်ကို စောင့်ကြိုဖို့ ကျွန်မပေးသည့် အကြံကို အန်တီလက်ခံခဲ့သည်။ ကျူရှင်တစ်ခု တည်းသာမဟုတ် နီးနီးနားနား နွေး ဘယ်သွားသွား ဇော်ထိုက်က အရိပ်လို အမြဲပါနေ သည်ကို တွေ့ရတတ်သည်။ တခါတလေ မုန့်ဆိုင်မှာ မုန့်ဝယ်သည်ကအစ ဇော်ထိုက်မပါလျှင် သူ့ညီမလေး သုံးတန်းကျောင်းသူ ဖြူစင်  အမြဲပါသည်ကို တွေ့ရတိုင်း နွေး တစ်ယောက် ဘယ်သွားသွား ခြေချုပ်မိနေမှန်း ကျွန်မ အကဲခတ်မိ သည်။ နွေးမျက်နှာ မကောင်းလှသည်ကို မြင်လျက်နှင့် အကူအညီ မပေးသာသည်မို့ မသိချင်ယောင်ဆောင်ရင်းမှ အသည်းကွဲ၍လား၊ စာမေးပွဲ နီး၍လား မသိ ဒီရက်ပိုင်း သူအတော်လေး စကားနည်း သွားသည်ကို  သတိပြုမိသည်။ တစ်ရက်တော့ စာအုပ်တွေ တစ်ပွေ့တပိုက်နှင့် ကျွန်မဆီ သူရောက်လာသည်။ တစ်အိမ်ပဲ ခြားသည်မို့ သူ့အိမ်ကလည်း မည်သည့်အဖော်မှ မထည့်လိုက်ရာ ကျွန်မစာကျက်နေသော အိမ် အပေါ်ထပ် ၀ရံတာ လေးဆီသို့ သူ တက်လာသည်။
              “ ဟေ့ နွေး”
                သူက ကျွန်မကို ခွန်းတုံ့ပြန်ဖို့ စိတ်မ၀င်စားနိုင်ပဲ ကျွန်မထိုင်နေသည့် စာကြည့်စားပွဲကို ကျော်၍၀ရံတာမှာ ရပ်ကာ လက် ဟန် ခြေဟန်နှင့် တစ်စုံတစ်ယောက်ကို သူပြောဆိုနေသည်။ ထို နေရာသို့လှမ်းကြည့်လိုက်တော့မှ လားလား ဒင်းက ဓါတ်တိုင် အောက်မှာ ရပ်နေ သော ကိုယ်တော်ချောနဲ့ အချိန်းအချက် လုပ်နေသည်ကိုး။ ဓါတ်တိုင်အောက်မှာ အောင်နိုင်ဝင်းက အဖြူရောင် ရှပ် အကျီင်္၊ အမဲရောင် ပုဆိုးနှင့် အထုံးကလေးထုံးထားသော လွယ်အိတ်ပုတိုလေးကို လွယ်လျက်၊ ကျွန်မစာ ကျက် နေသော ၀ရံတာသို့ မော့ကြည့်ရင်း ဘာတွေပြောနေသည်မသိ။ နွေးကို အထဲဝင်ဖို့ လှမ်းဆွဲလိုက်တော့ သူက သတ္တိတွေ ရှိနေလေပြီ။
              “ မြတ် နင်ငါနဲ့ခဏလိုက်ခဲ့ဟာ၊ ဒီနေ့ ငါ သူနဲ့ ခဏလောက်တော့ တွေ့ရမှ ဖြစ်မယ်”
              ကျွန်မမှာ စာကျက်ရင်း အချစ် ဆိပ်တက်နေသော နွေးကို ကြည့်ပြီး စိတ်ပျက်သွားမိသည်။
              “ နင် ရူးနေပြီလား။ ဘာလုပ်ဖို့ သူနဲ့ သွားတွေ့ဦးမှာလဲ။ နင်အိမ်က သိရင် မိုးမီးလောင်သွားမယ်”
              “ ဟင့်အင်း မသိနိုင်ပါဘူးဟာ။ နင့်ဆီသွားမယ်လို့ ငါ ပြောထားတာပဲ၊ အိမ်က တစ်ယောက်မှ လိုက်မကြည့်ဘူး။ စိတ်ချ။ နင်သာ နောက်နေ့ သူတို့ကို ပြန်မတိုင်ရင် ဘာမှသိစရာမရှိဘူး “
               ရဲရင့် ပြတ်သားနေသော သူ့ဟန်ပန်မှာ ကျွန်မနှင့် ငါးနှစ်တာ တတွဲတွဲ မခွဲအတူရှိခဲ့ဖူးသော ကျွန်မသူငယ်ချင်းလေး နွေးနွေးခင် ဟုတ်ပါလေစ။ ကျွန်မ စက္ကန့်အနည်းငယ် အံ့သြမင်သက်နေသည်ကို သူက အခွင့်ကောင်း ယူလျက်“သွားရအောင် မြတ်ရယ်၊လာပါ” ဆိုပြီး ကျွန်မလက်ကို ဆွဲလျက် လှေခါးပေါ် မှ ခေါ်ချလာ သည်ကို ယောင်တောင်  တောင်နှင့် ပါလာ ပြီးအောက်ရောက်မှ သတိရမိကာ ကျွန်မ သူ့လက်ထဲမှ ခပ်ကြမ်းကြမ်း  လေး ရုန်း ထွက် လိုက်သည်။
                “ ငါ မလိုက်နိုင်ဘူး နွေး၊ ငါ အဲ့ဒီအကောင်နဲ့ နင့်ကိုလုံးဝသဘောမတူဘူး”
                “ငါ တောင်းပန်ပါတယ်ဟယ်၊ သူက ငါ့ကို ဒီနေ့ ပြောစရာ စကားရှိလို့ ည ခုနစ်နာရီလောက် အပြင်ကို ဖြစ်တဲ့နီးနဲ့ ထွက်ခဲ့ ပါလို့ သဇင့်ကနေ တဆင့် ပြောထားလို့ပါ။ ဒီနေ့တွေ့ပြီးရင် စားမေးပွဲ မပြီးမချင်း သူနဲ့ ငါနောက်ထပ် မတွေ့တော့ဘူးလို့ ကတိ ပေးပါ တယ်။ ဒီနေ့ တစ်ရက်လေးပဲ ငါ့ကို ကူညီပါနော်။ တကယ်လို့ နင်မကူညီရင် ငါ..ငါတစ်ယောက်တည်းပဲ သွား တော့မယ်”
                 တောင်းပန်သလို လက်အုပ်လေးချီပြီး လက်လေးနှစ်ဖက်ကို ပွတ်၍ ပြောနေသော သူ့ကို ကျွန်မ ဘယ်လို နားလည် ရမည် လဲ။ နူးညံ့သိမ်မွေ့လွန်းသော သူမခန္ဓာကိုယ်ထဲ ဘယ်အချိန်တုန်းက အချစ်အတွက် ရဲရင့် ပြတ်သား စေနိုင်မည့် ရဲရဲ တောက် သွေးတွေ စီးဆင်းနိုင်ခဲ့တာပါလိမ့်။ သူတစ်ယောက်တည်း သွားလျှင် ပိုဆိုးမည့် အခြေအနေမို့ ကျွန်မ ကူညီရတော့မည်။   
                “ အေး ငါဒီတစ်ခါတော့ လိုက်ကူပေးမယ်၊ ဒါပေမဲ့ နင့်ကတိလည်း တည်ပါစေ”
               အိမ်ကထွက်လာချိန်မှာတော့ အဖေက ရေဒီယိုနားထောင်နေချိန်၊ အမေနှင့် အိမ်သားတွေကတော့ “ကိုရီးယားလှိုင်း”ထဲ မျောနေကြသည်မို့ အာလူးကြော်နှင့်အအေး သွားဝယ်ဦးမယ် ဆိုသည့် ကျွန်မ၏ ဆင်ခြေအပေါ် စစ်ဆေးမေးမြန်းခြင်း မရှိကြပါ။ ကျွန်မ မှာသာ နွေး ချောဆွဲခေါ်သွားသော ‘စိမ်းလန်း’ အအေးဆိုင်ရှိရာသို့ သွားစဉ် မလှမ်းမကမ်း မှာ အတူပါလာသော ဓါတ်တိုင်အောက် နားမှ နွေး၏အရိပ်ကြောင့် လိပ်ပြာမလုံသလို ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက်ငေး ရင်း ကျွန်မ ကြောက်ဒူးတုန်ရပါသည်။
               “ အအေး ဆိုင်ကိုပဲ သူ့ကို ခေါ်သွားမှ ဖြစ်မယ်၊ လက်ဖက်ရည်ဆိုင်ဆို ကိုကြီးအသိတွေနဲ့ တိုးနေဦးမယ်”
           တိုင်ပင်သလို တစ်ယောက်တည်း ပြောနေသော နွေးအသံကို နားစွင့်ရင်း နွေးအိမ်မှာ တစ်ယောက်ယောက် မြင်သွားလျှင် ကျွန်မပါ ဓါးစာခံ ဖြစ်မိအရေးတွေးပြီး ကျောချမ်းရသည်။ ဆိုင်ရှေ့ရောက်တော့ နွေးက သူ့အရိပ်ကိုလှမ်းစောင့် နေလိုက်သည်။
               “ဟိုနားမှာ ထိုင်ရအောင်၊ သစ်ပင်နဲ့ဆိုတော့ မှောင်ရိပ်နည်းနည်းကျတယ်”
                သူကလည်း နွေးအစ်ကို ဖြစ်သူနှင့် ပက်ပင်းတိုးခဲ့ဖူးသည်မို့ လူမြင်မှာတော့ စိုးရိမ်ပုံပေါ်သည်။ သူဦးဆောင်ရာ ၀ိုင်း သို့ ကျွန်မတို့ နှစ်ယောက် လိုက်လာခဲ့သည်။ သူက ထောပတ်သီးဖျော်ရည်မှာချိန် ကျွန်မတို့နှစ်ယောက်ကတော့ စတားကိုလာ တစ်ယောက် တစ်ပုလင်းစီပဲ မှာလိုက်သည်။ သူက စီးကရက်ကို စိတ်ပါလက်ပါဖွာရှိုက်ရင်း  နွေးမျက်နှာကို ရီဝေစွာကြည့်လျက် စားပွဲ အာက်မှ  နွေးလက်တစ်ဖက်ကို လှမ်းဆွဲယူပြီး ဆုတ်ကိုင်ထားသည်ကို ကျွန်မ မမြင်ချင်ယောင်ဆောင်နေရ သည်။ နွေး ကို နှမျော သည့် စိတ်နှင့် ဖြစ်ပေါ် လာသော ဒေါသစိတ်ကလေးကြောင့် လိုအပ်သည်ထက် ကျွန်မ မျက်နှာထားမှာ တင်း မှာနေ မှာဖြစ်ပြီးချက်ချင်းထပြန်ချင်သည့်စိတ်ကိုမနည်းမြိုသိပ်ထားရသည်။                                                                                                        
        ကြည့်ပါဦး ကျွန်မမုန်းသည့် ဆေးလိပ်ငွေ့တွေကြားမှ မြင်နေရသည့် သူ့ပုံစံ၊ တွန့် လိမ်ကောက်ကွေးနေသော ဆံပင်များက ဂုတ်နားမှာ ကော့ပျံတက်နေသည်။ ကြယ်သီး သုံးလုံးလောက် ဖြုတ်ထားသော ရှပ်အင်္ကျီ ဖရိုဖရဲကြောင့် သူ့ရင်ဘတ်ကို လှမ်းမြင် နေ ရပြီး ချောမောပြေပြစ်ပါသည့်ဆိုသော သူ့မျက်နှာကတော့ ညစ်ထေးထေး ဦးထုတ်တစ်လုံးအောက်မှာ အာရုံနောက် ချင်စရာ။ ရုတ် တရက် မြင်လိုက်ရသည့်  သူ့ပုံစံမှာ ဘာကိုမှ အထင်ကြီး သဘောကျချင်စရာ မကောင်းသည်မို့ ထိုသူမှာ ကျွန်မ အချစ်ဆုံး သူငယ်ချင်းလေး ၏ စိတ်ကူးထဲမှ မျှော်လင့်ခဲ့ဖူးသော အချစ်ဦးသူဆိုသည်ကို လက်ရှိ အချိန်ကလေးမှာပင် ကျွန်မလက်ခံနိုင် ဖြစ်နေရသည်။ သူ့ဆီမှ နွေးကိုပြောသည့်ချစ်စကား၊ အလွမ်းစကားတွေနှင့်အတူ စာတွေကျက်မရ၊ သင်္ချာတွက် လို့ မရသည့်ဒုက္ခ တွေ အကြောင်း ကြားရသည်။ အိမ်နှင့် အဆင်မပြေ၍ သူငယ်ချင်း တစ်ယောက် အိမ်မှာ သွားနေသည့် သူ့အကြောင်းတွေကို ပြောပြချိန်၊ နွေးက ကျွန်မကိုပင် အသိမပေးခဲ့သော သူ့အိမ်မှ ချုပ်ချယ်သည့် အကြောင်းတွေကို မျက်နှာငယ်ငယ်လေးနှင့် သူအားကိုး သူကို  ရင်ဖွင့် ပြောပြနေသေးသည်။       
                 ဆိုင်မှာ မိနစ်နှစ်ဆယ်လောက်ကြာတော့ နွေးကို ပြန်ဖို့ လက်ကုတ်ရသည်။ ပြန်ခါနီးမှ ကျွန်မကို သှူု့လူ အောင်နိုင်ဝင်းနှင့် မိတ်ဆက်ပေးဖို့ သတိရသည်။
                   “ ကို ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်၊ ဒါနွေးရဲ့ အချစ်ဆုံးသူငယ်ချင်း။ မြတ်စုလှိုင်တဲ့။ သူကုညီလို့ ဒီနေ့ ထွက်လာလို့ရတာ”
                   “ သြော် မြတ်စုလှိုင်ဆို သိတာပေါ့။ နွေးအမြဲပြောပြတယ်။ သူ့ကို မြတ်စုက အမြဲကူညီပေးတယ်ဆို၊ ကျေးဇူးတင်ပါ တယ်ဗျာ။ ကျွန်တော့်တို့ကို အခုလို ကူညီပေးတာ။ နောက်လည်း ကူညီပေးပါဦး”
                   သူကို အမြင်ကတ်ပါတယ်ဆိုမှ  လိုတာထက် ပိုပြီး ဦးခေါင်းကိုညွတ်၍ ကျွန်မကို ခခယယ ပြောဆိုနေ သေးသည်။ သူပြောသမျှ နားလည်သဘောပေါက်သော အပြုံးမျိုးနှင့် ၀တ်ကျေ တန်းကျေ တုံ့ပြန်လိုက်ရသည်။ ကျွန်မတို့နှစ်ယောက် သူ့ကို နှုတ် ဆက်ပြီး မပြန်ခင် နွေးလက်ထဲ သူကစာတစ်စောင် ထည့်သည်။ ဒီတစ်ခါတော့ ကျွန်မက စာကို စိတ်ဝင်စား သည်မို့ သိချင်စိတ်နှင့် နွေးကို ချက်ချင်း ဖောက်ဖတ်စေသည်။ စာက မတိုမရှည် ။ ဒါပေမဲ့ လက်ရေးကတော့ လှသည်။
 “ ချစ်တဲ့နွေး
                    ကိုယ်တော့ နွေးနဲ့ မတွေ့ရတဲ့ ရက်တွေမှာ တဖြည်းဖြည်းနဲ့ ရူးရတော့မယ်နဲ့တူတယ်။ နွေးပြောသလို မြန်မြန်နီးစပ် ချင်ရင် ကိုယ်ပို ကြိုးစားမှရမယ်၊ ဆယ်တန်းအောင်မှ ဖြစ်မယ်ဆိုတာလည်း  ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ နွေးကို အရမ်းသတိရ တမ်းတချိန်၊ ကိုယ် ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိတော့ဘူး။ ဒါကြောင့် တခါတလေ နွေးတို့ လမ်းထဲက ဓါတ်တိုင်အောက်မှာ ကိုယ်နွေး အရိပ်အယောင်လေးလောက်ကို မတွေ့မချင်း ရပ်စောင့်နေမိတယ်။ ဒါကိုနွေး သတိထားမိရဲ့လား။ တကယ်လို့ အဲ့ဒီဓါတ်တိုင်အောက် လေးမှာ ကိုယ်အမြဲလို ရှိနေတတ်တာမို့ ကိုယ့်ကို တွေ့ရင် နွေးအိမ်ကနေ နည်းလမ်းရှာပြီး ခဏဖြစ်ဖြစ် ထွက်လာခဲ့နော်။ ကိုယ် ပြောချင်တာမှန်သမျှ သဇင်ကနေတဆင့် ဆက်သွယ် လိုက်မယ်။ ပြီးတော့ ကိုယ့်ကို ဆက်သွယ်နိုင်မဲ့ အိမ်နားက တဆင့်ဖုန်းကိုလည်း နွေးကို နောက်တော့ပေးထားမယ်။ အခုက ဖုန်းနံပါတ်အလွတ်မရလို့။ နောက်မှ သဇင်နဲ့ဖြစ်ဖြစ် ပေးလိုက်မယ်။  နောက်ထပ် ကိုယ်တို့ နှစ်ယောက်အတွက် အရေးကြီးတာ တစ်ခုပြောစရာရှိသေးတယ်။ အဲ့ဒါက ဆယ်တန်း အောင်စာရင်းထွက်လို့ ကိုယ်အောင်တယ် ဆိုရင် နွေး ကိုယ့်အလိုလိုက်ရမှာနော်။ ဆယ်တန်း ဆိုတာ ဘ၀ရဲ့အဆုံးအဖြတ်လို့ နွေးခဏခဏပြောတယ်လေ။ ဒါကြောင့် အောင်စာရင်း ထွက်တဲ့နေ့မှာ ကိုယ်အောင်ရင် ကိုယ့်လက်ကို နွေးတွဲရဲ ရမှာပေါ့။ အဲ့ဒီနေ့ကျ နွေးကို ကိုလာခေါ်မယ် ”
                        စာဆုံးသွားသည့်အခါ နွေးလက်ကလေးကို ကျွန်မ စိတ်ပူစိုးရိမ်စွာ လှမ်းကိုင်လိုက်မိသည်။ ဘုရားသခင်၊ ဒါ နွေးကို စားမေးပွဲ အောင်စာရင်းထွက်သည့်နေ့ ခိုးရာလိုက်ရမည်လို့ အချိန်းအချက်ပေးသော စာလား။ ဒိသံသယ နဲ့ နွေး ကို မေးတော့ နွေးကတော့ ဒီလိုတော့ မဟုတ်သေးပါဘူးလို့ ဆိုပါသည်။ ဘာပဲဖြစ်ဖြစ် နွေးကို လည်း ကျွန်မ လုံးဝကြီး စိတ်ချ ယုံကြည်မနေနိုင်တော့ပါ။ စိတ်ပူပန်စွာဖြင့် နွေး ဆုံးဖြတ်ချက်တွေ မမှားအောင် ထိုနေ့က ကျွန်မ သူ့ကို စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါသည်။ နွေးကတော့ ကျွန်မစကားတွေကို လက်ခံနားထောင်ပေးခဲ့ပေမယ့် သူ့နားထဲဝင် မ၀င် ဆိုတာ ကတော့ မသေချာလှပါ။ ကျွန်မကတော့ နွေးကို စိတ်မချနိုင်တိုင်း ဖူးငုံလှပနေသော ပန်းလေးတစ်ပွင့်လို ကျွန်မသူငယ်ချင်းကို အချစ်ဆိုသော တံချူဖြင့် ရဲတင်းစွာ ချွေယူချင်သော ထိုသူအား မုန်းတီးနာ ကျည်းနေမိ  သည်။                                    ထိုကာလတွင် ကျွန်မကိုယ်တိုင်ကလည်း စာမေးပွဲနီးနေချိန်မို့ သူ့ကို ဒီထက် အချိန်ပေးပြီး နားမချနိုင်။ ဒါပေမဲ့ သူ့ စာဖတ်ပြီး မှ အသည်းယား စရာ ကောင်းလှအောင် နွေး တစ်ယောက် တေမိဖြစ်နေခြင်း အတွက်တော့ ကျွန်မမှာ ပိုပြီး စိတ်ပူ ရင်မောမိသည် ။ ဒီလိုဖြင့် ကျွန်မ မှာ ဆယ်တန်းစာမေးပွဲအတွက် အာရုံတစ်ခုတည်းထားပြီး ကြိုးစားရမည့်အချိန်မှာ အချစ်ဆုံး သူငယ်ချင်း နွေးအတွက် နောက်ဆံတင်း ရင်း ဖြတ်သန်းခဲ့ရသည်။
                                                XXXXXXXXXXXXXXXXXXXXX

Monday, February 18, 2013

နို့နှစ်ရောင်မုသား



                                                  
                                                                      နို့နှစ်ရောင်မုသား     
ယွန်းလက်ထဲမှ လက်ကိုင်ပုဝါလေးကို အဓိပ္ပာယ်မရှိ လုံးချေနေမိသည်။  မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း မျက်ဝန်းအိမ်ထဲမှ မျက်ရည်များကို သိမ်းဆည်းနေဟန်ရှိသော မောင့်အမေနှင့် မျက်နှာထား တမင်တင်းထားပုံရသည့် မောင့်အစ်မတွေ ကြားမှာ ယွန်း မောင့်မျက်နှာကိုသာ အားငယ်စွာငေးကြည့်မိသည်။ မောင်ကတော့ မတုန်မလှုပ် ကျောက်ရုပ် နှယ်။ မနေ့တုန်းက ယွန်းကို အဒေါ်အိမ်မှာ ပြန်အပ်ဖို့ လူကြီးတွေနှင့်အတူ မောင့်အမေပါလာတုန်းကတော့ ဒီလိုမျက်နှာထားမျိုး မဟုတ်။ အပြစ်ရှိသော ယုန်သူငယ်လေးလို သားကိုယ်စား တောင်းပန်ကာ မင်္ဂလာပွဲကိုလည်း တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေး ဖို့ တာဝန်ယူပါသည် ဟု အဒေါ်ကို ပြောရင်းဖြင့် မျက်နှာမှာပြုံး၍ ၊ချို၍ ဖြစ်ရုံမက ယွန်းကိုပင် သမီးချင်းမွှန်နေအောင် ခေါ်ပြီး စကားပြောသွားသေးသည်။ ခုကျတော့ ၀တ်ကျေတန်းကျေ နှုတ်ဆက်စကားပင် မပြောနိုင်ပဲ စိတ်ထိခိုက်ကြေကွဲစွာ  ဖြေမဆည်နိုင် ဖြစ်နေသော သူ့ပုံစံကို မြင်ရသည်မှာ ချွေးမအသစ် စက်စက်လေးးယွန်း တစ်ယောက် မျက်နှာဘယ်နေရာမှာ ထားရမှန်းမသိ။ မောင့် အစ်ကိုတစ်ယောက်သာ ထိုင်ဖို့ ယွန်း နေရာထိုင်ခင်းပေးပြီး ပြုံးပြနှုတ်ဆက်ဖော်ရသည်။ ကျန်သည့် မောင့် အစ်မသုံးယောက် စလုံးက မျက်နှာတင်းတင်းနှင့် မျက်မှောင်ကုတ်လျက် ဒေါသမာန်စွယ်တွေ တမြမြဖြင့်။  သူတို့ပုံစံက ယွန်း ကပဲ သူတို့မောင် သူတို့သား ကို ခိုးပြေးမိပြီး  မျက်နှာငယ်ငယ်နှင့် အိမ်မှာပြန်လာအပ် ရသည့် အပေါက် မျိုး။
                “ဒါက စည်သူ့အစ်မအကြီးဆုံး သက်သက်ရီ၊ သူက အလတ် မြတ်မြတ်ရီနှင့် သူကတော့ အငယ်ဆုံးထွေးထွေးရီတဲ့ ၊ ငါ့ ညီမကတော့ စည်သူ ခေါ်သလို မကြီး၊ မလတ်၊ မငယ်လို့ပဲ ခေါ်ပေါ့၊ ညီမလေး နာမည်ကတော့ အပျံစားပဲဟေ့ ယွန်းမြရွှေရည် ဆိုတာ ခေါ်ရတာကိုမိုက်တယ်ကွာ ။ နင်တို့ နာမည် တွေနဲ့တော့ တခြားစိပဲ ဟားဟား”
             “ ဟုတ်ကဲ့ ယွန်း ကိုလည်း ညီမလေးလို သဘောထားပါနော်”
               သူ့အစ်ကိုကြီး၏ ပြေပြစ်ချောမောသည့် မိတ်ဆက်စကားသံတွေ အောက်မှာ အသိအမှတ်ပြုသလို ပြုံပြရင်း နှုတ်ဆက် စကား ဆိုရသည်။
              “ ကဲ-ဖြစ်ပြီးတဲ့ ကိစ္စတွေတော့ ထားလိုက်ပါတော့၊ နင်တို့ အခုဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ”
                အသက်အကြီးဆုံးဖြစ်သော မကြီးက မျက်မှောင်ကုတ်ရင်း လက်ပိုက်လျက် ၀၀တုတ်တုတ် သူ့ခန္ခာကိုယ်ကြီးကို ဆက်တီ ပေါ်သို့ ဆတ်ခနဲထိုင်ချရင်းဆိုသည်။
                “ မင်္ဂလာဆောင်တာကတော့ မင်္ဂလာဆွမ်းကျွေးကို မိတ်ဆွေနည်းနည်းနှင့် အကျဉ်းချုပ်ပဲ လုပ်မှာပါ ။ နေဖို့အတွက် တော့ ကျွန်တော့် သူငယ် ချင်း လင်မယားကို ပြောထားတယ်။  သူတို့ဝယ်ထားတဲ့ တိုက်ခန်းမှာပဲ နေလို့ရတယ်တဲ့ ။ တစ်လ ငါးသောင်းပဲ ပေးရမှာ။ ကျွန်တော် နဲ့ သူစပ်တူ လုပ်ထားတဲ့ အခွေငှားဆိုင်လည်း  အိမ်နဲ့နီးတော့  ယွန်း ပါ ကူထိုင်ပေးလို့ ရတာပေါ့။ ကျွန်တော်ကတော့ အရင်လုပ်နေ ကျ ကားပွဲစား အလုပ်ပဲ လုပ်မှာ”
                 “မင်္ဂလာဆောင်တာကတော့ နင်တို့သဘောပဲ၊ ဒါပေမဲ့ နေတာကတော့ ကိုယ့်အိမ်မှာကို နေပေါ့။ ဒီမှာလည်း အခန်းလွတ်တွေ ရှိနေတာပဲ ။ ဘာငှားနေဦးမှာလဲ”
                  “အေးလေ”
                အသားညိုညိုနှင့် မလတ်ပြောသမျှကို ကျန်ညီအစ်မ နှစ်ယောက်ကလည်း သံပြိုင်ထောက်ခံကြသည်။
                 “ သား၊ မင်းအစ်မတွေပြောတာ ဟုတ်တယ်။ အိမ်ထောင်ဦးတည်စမှာ အမေတို့နှင့် အတူနေပြီး ပိုက်ဆံအရင် စုပါဦး၊ ပိုက်ဆံ လေး လက်ထဲအဆင်ပြေမှ နောက်အိမ်ခွဲနေပေါ့”
                 မောင့် အမေကပါဝင်ပြောလိုက်တော့ ယွန်း စိတ်ပူစွာ မောင့်မျက်နှာကို အားကိုးတကြီး ကြည့်မိသည်။ မောင့် ဆုံးဖြတ်ချက်က ခုချိန်မှာ အရေးကြီးသည်။ ယွန်း ကို မတတ်သာလို့သာ သူတို့မောင်အငယ်ဆုံးနှင့် မဖြစ်မနေ လက်ခံလိုက်ရပုံ ဖမ်းထား သော ထိုညီအစ်မတွေ၏ အတွင်းသဘောကို ခန့်မှန်းနိုင်လျက်  ယွန်း ဒီအိမ်မှာ အတူနေဖို့ ဆန္ဒမရှိချေ။ မောင် အိမ်ခွဲနေဖို့ မဆင်မပြေလျှင်တော့ အရင် ယွန်း ၏အဒေါ် အိမ်သို့ ပြန်မည်။ ဒေါ်လေးနှင့် ညီမ၀မ်းကွဲလေး နှစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချ ဟူသော အကြောင်းပြချက်ဖြင့်် ယွန်း နေခဲ့ဖူးသော ကြည်မြင့်တိုင်အိမ်သို့ မောင့်ကိုပါ လက်တွဲပြီး အပါခေါ်သွားမည်။ တွေ့တွေ့ ချင်းပင်  ယွန်း ကို မလိုလားသည့်ပုံဖမ်းနေသော ထိုယောက်မများနှင့်တော့ တစ်အိမ်တည်းအတူနေဖို့  ယွန်း စိတ်မကူး မိပါချေ။ မောင်က ယွန်း အတွေး တွေကို နားလည်သည့်အလား အိမ်ခွဲနေဖို့ ဆုံးဖြတ်ပြီးကြောင်း အခိုင်အမာ ပြောချိန်  ယွန်း ကလည်း မောင့်ကို ကျေးဇုးတင်ကြောင်း အသံတိတ်စွာ ကြည်လင်သော မျက်နှာပေးဖြင့် တုံ့ပြန်မိသည်။ အဲ့ဒီအချိန် ယွန်း ဆီ တပြိုင်နက်တည်း စုပြုံရောက်လာသည့်  မောင့်အစ်မတွေ၏ နဂါးမျက်စောင်းတွေကိုလည်း မသိဟန်ဆောင်  ယွန်း လျစ်လျူရူခဲ့ သည်။ ဘာပဲဖြစ်ဖြစ် မောင့်အသည်းနှလုံး ကိုပိုင်ဆိုင်ရသူ မိန်းကလေးတစ်ဦးအဖြစ်  ယွန်း ကို သူတို့ ၀န်တိုနေမှန်းသိလျက်နှင့် ထို လေစိမ်း၊ အသံ စိမ်း၊ မျက်နှာစိမ်းတို့ကို အသိအမှတ်မပြု လက်မခံသလို ခပ်မှန်မှန် ခပ်ရဲရဲပဲ ရင်ဆိုင်ခဲ့မိတော့.. အင်း၊ ထိုနေ့ကစပြီး ဇာတ်လမ်းစခဲ့သည် ထင်သည်။
                                                                        +                 +                   +
                   “ အထွေး ယောင်းမလေး လာလည်တာလား၊ ချောလိုက်တာ “
                   လက်ထပ်ပြီးစ အသစ်စက်စက်လင်မယားလေးမို့ မရောက်တာအနည်းငယ်ကြာသွားသော မောင့် အမေအိမ်ကို အိုဗာ တင်း၊ နို့မှုန့်၊ပန်းသီး၊ ဘီစကွတ်မုံ့ပုံး၊ ဖျော်ရည်ပုလင်းတို့ဖြင့် လာကန်တော့ဖြစ်ချိန် ငွေတိုးချေးစားသော မငယ် ထံ ငွေလာချေး နေကျ ဧည့်သည်မှ ဆိုသည့်စကားဖြစ်သည်။
                 “ မောင်စည်သူက ကံကောင်းတာပဲကွယ်။ မင်းမိန်းမလေးက တယ်ချောသကိုး”
                 “ ဟဲဟဲ”
                ဧည့်သည်မှာ မောင်နှင့်လည်း ရင်းနှီးပုံရသည်မို့ သူ့နှုတ်ဆက်စကားသံမှာ နှစ်ယောက်စလုံး ပြုံးမိသွားသည်။
                “အောင်မလေး ချောတာမချောတာက ဘာအရေးလဲ။ ဒိခေတ်ကြီးမှာ မိန်းမချောချောတွေ အပုံလိုက်၊ အပုံလိုက် အော တိုက်နေတာပဲ။ မိန်းမပီသဖို့နှင့် အိမ်မှုကိစ္စနိုင်ဖို့ အရေးကြီးတာပဲ ။ ငွေရှာတဲ့ ယောက်ျားကဘယ်လောက် သုံးသုံး မိန်းမဖြစ်သူက စီးတဲ့ရေ ဆည်တဲ့ကန်သင်း လို ချွေချွေတာတာနဲ့ စုဆောင်းနေတတ်ဖို့ပဲ လိုတယ်မဟုတ်လား မရင်မြ”
                   ရပ်ကွက်ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားသည့်မကြီးက ဆိုင်ဖွင့်ဖို့သွားရင်း  ယွန်း ကို စောင်းမြောင်းချိတ်ကာ ပြော သွား သေးသည်။ အိမ်နှင့် မနီးမဝေးမှာ အလှပြင်ဆိုင်ဖွင့် ထားသည့် မလတ်ကတော့ ကျော့ကျော့မော့မော့ပြင်ဆင်ရင်း  ယွန်း တို့ အိမ်လာ လည်သည်ကို အသိအမှတ်ပြုဟန် ၀တ်ကျေတန်းကျေနှုတ်ဆက်သည်။
                   “အမေက နင်တို့ကို ဟိုနေ့ကတည်းက မျှော်နေတာ။ ခုမှပဲ ပေါ်လာတော့တယ်”             
                    “လာမလို့ပဲမလတ်ရာ ကျွန်တော့်အလုပ်က ရုတ်တရက်ပေါ်လာတော့ မအားဘူးဖြစ်သွားတယ်”
 “အောင်မလေး။ နင်မအားလည်းဘာဖြစ်လဲ နင့်မိန်းမ အားတဲ့အချိန်လေးလွှတ်လိုက်ရောပေါ့။ အိမ်နဲ့ဘယ်လောက် ဝေး တာကျနေတာပဲ။  ကားစီးလာရင်  နှစ်မှတ်တိုင်လောက်ပဲဟာ။ ငါတို့ သူ့ကို ကိုက်မစား ပါဘူး”
                    သူ့စကားကြောင့် ယွန်း မျက်နှာပူနွေးသွားသည်ကို မောင်သတိပြုမိဟန် စကားလမ်းကြောင်းလွဲလိုက်သည်။
                 “ ဒါနဲ့ ကိုကြီးလည်း ပြန်ထွက်မလို့ဆို၊ ဘယ်တော့သွားမှာလဲ”
                 စကာင်္ပူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသော ကိုကြီးက ရန်ကုန်ပြန်လာပြီး မကြာလှချိန် အလုပ်မှ ပြန်ခေါ်သည်မို့ ရက်ပိုင်းအတွင်း ပြန်ရမည့်အကြောင်း မောင်နှမနှစ်ယောက် ပြောဆိုနေသည်ကို ယွန်း နားထောင်နေမိသည်။ အဲ့ဒီအချိန်ငွေ တိုး ချေးစား သည့် မထွေးက သူ့ဧည့်သည်မရင်မြကို နှုတ်ဆက်ဖို့ အိမ်အပေါက်ဝလိုက်ပို့ရင်း ကိုကြီးတို့လင်မယား ကို တွေ့လေသည်။
                  “ဟော ဟိုမှာလာပြီ၊ ပြောရင်းဆိုရင်းအသက်ရှည်ဦးမယ်”
                ကိုကြီးနှင့်အတူသူ့အမျိုးသမီးချော မသူဇာပါ ပါလာသည်။ မသူဇာက ကြည့်မြင်တိုင် ညဈေးတွင် မိသားစုပိုင် ရွှေဆိုင် ရှိ၍ သူကိုမြင်လိုက်သည်နှင့် စိန်နားကပ်တစ်ဝင်းဝင်း၊လက်ကောက်သံ တချွင်ချွင်နှင့်  ဖြစ်သည်။ ယွန်းတို့  မင်္ဂလာဆွမ်းကျွေးတုန်း ကလည်း အစိမ်းရောင် ဓါးကြီးပါတိတ်၊  စိန်ချယ်ထားသော ကျောက်စိမ်းဝမ်းဆက်လေးနှင့် အလှကြီး လှနေခဲ့တာ မှတ်မိနေသေး သည်။ ယွန်းကိုမြင်တော့ ပြုံရွှင်စွာနှုတ်ဆက်ရင်း မင်္ဂလာဆွမ်းကျွေးတုန်းကသူရိုက်ခဲ့သောဓါတ်ပုံတချို့ကို  အိတ်ထဲမှထုတ်ပေး သည်။
              “ ဒီနေ့တော့ စည်သူတို့လည်းလာမှာပဲ ဆိုပြီး ဓါတ်ပုံတွေယူလာတာ”
              “ ကျေးဇူးပဲ မမ”
               မသူဇာဆီမှ ဓါတ်ပုံတွေကိုလှမ်းယူရင်း တစ်ပုံချင်း ကြည့်နေစဉ် နံဘေးမှာရှိသည့် မလတ်ကလည်း ယွန်း လက်ထဲမှ ဓါတ်ပုံတစ်ချို့ယူကာ ကြည့်သည်။
               “အင်း....တော်သေးတယ် မိတ်ကပ်ထပ် ဖို့ထားတော့ သတို့သမီးငိုတာမသိသာဘူး။ မဟုတ်ရင် မျက်ရည်စက်လက်နဲ့ သတို့သမီး ကိုကြည့်ပြီး လူတွေက မိဘ အတင်း ပေးစားလို့ မယူချင် ယူချင်ယူရတာ လို့ထင်သွားဦးမယ်”
               အဓိပ္ပာယ်ပါပါ ပြောလိုက်သော သူ့စကားကြောင့် ယွန်း မျက်နှာမထားတတ်အောင် ရှက်ရွံ့သွားတာကို  ရိပ်မိသူ မသူဇာ က ရယ်ပွဲဖွဲ့ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
              “လုပ်ပြီ၊ မလတ်ကတော့လေ၊ ဆိုင်ဖွင့်ရဦးမယ်ဆို သွားတော့လေ၊ တော်ကြာ နောက်ကျနေဦးမယ်။ နေ့လည်ထမင်းစား ချိန် လည်း အမီပြန် လာဦးနော်”
             ရယ်ရယ်မောမောနှင့် မသူဇာ ပြောမှ ယွန်း ကို ဓါတ်ပုံတွေ ပြန်ပေးပြီး လမ်းထိပ်က သူ့အလှပြင်ဆိုင်ရှိရာသို့ ထွက်သွား သည်။
               “ညီမလေးလည်း အိမ်လာလည်ဦး။ သဘက်ခါဆို နင့်အစ်ကိုက သွားပြီဆိုတော့ လာမယ့် စနေနေ့ကျရင် စည်သူ့ကို လိုက်ပို့ခိုင်းလိုက် အိမ်မှာအေးအေးဆေးဆေးစကားပြောရအောင်”
               မသူဇာက ခဲအိုဖြစ်သူနှင့် ပတ်သတ်ပြီှးှမှ တော်စပ်ရသူဖြစ်ပေမယ့် ယောင်းမများထက် ယွန်း အပေါ် ကြင်နာစွာ ပြောဆို တတ်သည်။ ယောင်းမများကလည်း မသူဇာကိုဆိုလျှင် လေယူလေသိမ်း မျက်နှာပေးကအစယွန်း ကို ပြောဆို ပုံနှင့်လုံးဝမတူ။ မသူဇာက ယွန်းလို ရွာမှာနေသော အမေမုဆိုးမကြီးနှင့် ရုံးဝန်ထမ်းအဒေါ်တို့ကိုသာ အားကိုးရသော အသိုင်းအ၀ိုင်း မျိုးမဟုတ်။ ပိုက်ဆံရှိ မိသားစုအသိုင်းအ၀ိုင်းမှကြီးပြင်းလာသော ရွှေဆိုင်ပိုင်ရှင် သူဌေးသမီးဖြစ်သည်။  ရွှေငွေမက်သော ဆွေမျိုးများကို ရွှေမျိုး ဟု လူတွေကလှောင်ပြောင်သမုတ်ကြသလို ရွှေရှိမှသာ အမျိုးတော်ချင်သော မောင့်တို့ ရွှေမျိုးတွေကလည်း ရွှေငွေမဲ့ ယွန်း လိုလူကို အဖတ်မလုပ်ချင်တာ အံ့သြစရာ တစ်ခုတော့ မဟုတ်ပါ။ ဒါပေမဲ့ မသူဇာကတော့  ယွန်း ကို ညီမလေး တစ်ယောက်လို ချစ်ခင်သလို မောင့်တို့မိသားစုအားလုံးနှင့်လည်း အဆင်ပြေပြေ ဆက်ဆံတတ်သည်။
                အခုလည်း မောင်နှင့် ကိုကြီးတို့  စကား လက်ဆုံ ကျသည်ကို ယွန်း ထိုင်နားထောင်နေတုန်း မသူဇာကတော့ မထွေးနဲ့အတူ မီးဖိုချောင်သို့လိုက်သွားသည်။ မထွေးနှင့် သူပြောဆို နေသည့် ရယ်ရယ်မောမော စကားသံတချို့ကို ဧည့်ခန်းမှ လှမ်းကြားနေရသည်။ယွန်း အလိုက်သတိ ထသွားကူညီရ မည်လား၊ ထိုင်နေရ မည်လားဟု ဇဝေဇ၀ါဖြစ်နေမိသည်။ မသူဇာက မလတ်နှင့်ရွယ်တူဖြစ်ပြီး မထွေးထက်လည်း အသက်ကြီး သည်မို့ မထွေး ဦးစီးသည့် မီးဖိုချောင်ကိုစိတ်ကြိုက် ကူညီချယ်လှယ်နိုင် သည်။ ယွန်း မှာသာ တောက်တိုမယ်ရ ကူညီလုပ်ကိုင်တိုင်း စိတ်တိုင်းမကျ နိုင်သည့် မထွေးမျက်ဝန်းများနှင့် အကြိမ်ကြိမ်ဆုံသည်မို့ မီးဖိုချောင်သို့ မ၀င်ရဲပဲ ဧည့်ခန်းထဲမှာပင် ဇွတ်ပေပြီး ထိုင် နေမိသည်။ လက်ထဲတွင် ရှိသော ဓါတ်ပုံတွေကို  ကြည့်ရင်း မလတ်ပြော သွား သည့်စကားကို ပြန်ကြားကာ ထို့နေ့အဖြစ်အပျက်တို့ကို ပြန်သတိရ မိလေသည်။
                ယွန်း တို့မင်္ဂလာဆွမ်းကျွေးမှာ ရွာမှအမေနှင့် ဆွေမျိုးအနည်းငယ်အပြင် ရန်ကုန်တွင်အတူနေသော ယွန်း အဒေါ် မိသားစုနှင့် သူငယ်ချင်းအနည်းငယ်သာရှိသည်မို့  မောင့်သူငယ်ချင်းတွေနှင့်အတူ အကျဉ်းချုံးလေးသာလုပ်ဖြစ်သည်။ ဒါပေမဲ့ ပူပူ နွေးနွေး ရထားသည့်ယောင်းမက အလှပြင်ဆိုင်ပိုင်ရှင် ဆိုတော့ ယွန်း ကို ထိုနေ့မှာ အလှဆုံး ဖန်တီးပေးချင် သည်ဟု သူ့ဘက်က ဆိုလာသည့်အခါ ယွန်းလည်းမငြင်းဝံ့ခဲ့။ ဦးစွာပထမမျက်နှာသန့်ဆေးရည်ကို သူလိမ်းပေးပြီး အောက်ခံ မိတ်ကပ်နှစ်မျိုး လိမ်းကာ ပေါင်ဒါရိုက်ပြီးသည်အထိ  အဆင်ပြေနေသေးသည်။ နောက်တော့သူဘရိုက်ဓါးကိုင်ပြီး လက် တစ်ဖက်ဖြင့် ယွန်း နဖူးမှ ခေါင်းကို လှန်ကာမျက်နှာကို ဆွဲယူမော့ လိုက်ချိန်တွင်တော့ ရင်ထဲဒိတ်ခနဲ ဖြစ်သွားမိသည်။ အိမ်နီးချင်းနဲ့ ညားလိမ့်မယ်ဟု ငယ်စဉ်က မကြာခဏ လက်တန်းဗေဒင်ဟောခံရလောက်အောင် တစ်ခုနှင့်တစ်ခု ထိဆက်နေသော ထူထူထဲထဲ ယွန်း မျက်ခုံးများကို  ဓါးနဲ့ ရိတ်ဖို့ ဟန်ပြင် သည့်အခါ ယွန်း မနေသာတော့ပြီ။
              “ဟင့်အင်း  ယွန်း မျက်ခုံးမွှေးမရိတ်ချင်ဘူးအစ်မ”
              “ငြိမ်ငြိမ်နေစမ်းပါ၊ နင့်ကို မလှအောင် ဘယ်သူကမှ မလုပ်ဘူး”
              သူ့ကို ငြင်းဆန်လိုက်သော်လည်း ဂရုမစိုက်သလို သူ့လုပ်စရာရှိသည့် အလုပ်ကိုသာဆက်လုပ်ဖို့ ဟန်ပြင်နေသော ကြောင့် ယွန်း အတင်းငြင်းဆန်မိချိန် သူ့ဆီမှ မီးတောက်မတတ်မျက်လုံးများနှင့် လေသံမာမာကိုသာ ကြားရသည်။
              “ဟဲ့ ဓါးထိချင်လို့လား ၊ နင့်မျက်ခုံးက ဒီလောက်ထူနေတာ မရိတ်ပဲ ဘယ်လို ပုံဖော်လို့ ရမလဲ။ ငြိမ်ငြိမ်နေ”
             သူက အလှပြင်ခြင်းကိစ္စကို အလုပ်တစ်ခုလို အောင်မြင်အောင်လုပ်ဖို့သာ စိတ်စောနေသည်မို့ ယွန်း ဆန္ဒတွေကို ဂရုမစိုက်။ အားလုံးပြင်ဆင်ပြီးမှ ဆေးဆိုးပန်းရိုက်ဖြင့် လှပနေသော ယွန်း နှင့် လုံးဝမတူသည့် မိန်းကလေးတစ်ယောက် ၏ မျက်နှာ ကိုမှန်ထဲတွင်တွေ့လိုက်ရ၍ တဒင်္ဂ အံ့အားသင့်ကာ ငေးမောမိသွားသည်။  အမြဲမြင်နေကျ ထူထူထဲထဲ မျက်ခုံးနေရာမှာ တစ်ကြောင်း ထဲ ကွေးညွှတ်တက်အောင် အညိုရောင်ခဲဖြင့်ပုံဖော်ဆွဲထားသော မျက်ခုံးမွှေးအတုကြီးကို တွေ့လိုက်ရ၍ ယွန်း ဟန် မဆောင်နိုင်တော့ပဲ ရင်ထဲလှိုက်ဖို ၀မ်းနည်းသွားသည်။
            “ဟယ်လှလိုက်တာ။ လူတောင်မှား သွားတယ်”
            “ဟုတ်ပ ယွန်း နင်တကယ် ရုပ်ပြောင်းသွားတယ် သိလား နင်နဲ့မတူတော့ဘူး”
             အဲ့ဒီလို စကားတွေကြားရချိန် ဟန်မဆောင်နိုင်တော့ပဲ ယွန်း မျက်ဝန်းမှ မျက်ရည်ပေါက်ကြီးများ သူ့အလိုလို ပါးပေါ်သို့ လိမ့်ဆင်းကျလာသည်။ မင်္ဂလာဦးမနက်မှာ သတို့သမီးမျက်ရည်ကျသည့်အတွက် အားလုံးပြာသွားသလို လူကြီးတွေကလည်း မင်္ဂလာမရှိဘူးဟု ယူဆပြီး  ယွန်း အပေါ်အပြစ်တင်စကားဆိုကြသည်။  ထိုနေ့က ယောင်းမသုံးယောက်၏ မျက်စောင်းတွေက ယွန်း အတွက် ဦးဦးဖျားဖျားရသော မင်္ဂလာလက်ဖွဲ့တွေ ဖြစ်သည်။
           ထပ်ပြီး မျက်ရည်မကျချင်တော့တာမို့ ထိုနေ့ကမင်္ဂလာပွဲကာလအတွင်း  ယွန်း နောက်ထပ် မှန်လုံးဝ မကြည့်ဖြစ်ခဲ့တော့ပါ။
                   “ယွန်း ထမင်းစားရအောင်”
   မောင်ကအနားမှ လေပြေလေးနှင့်ပြောတော့မှ ထမင်းစားဖို့ သတိရသည်။  ယွန်း တို့လာတုန်းက ဘုရား ၀တ်ပြု နေ  သော မောင့်အမေက ထမင်းဝိုင်းမှာ ကြိုရောက်နေပြီဖြစ်သည်။ မောင့်အစ်ကိုကြီး သွားခါနီး မိသားစုလက်စုံစား သည့် ၀ိုင်းမို့ ဟင်းတွေက  စုံသော်လည်း လူကတော့မစုံ။  အိမ်ဖော်ကောင်မလေး သော်တာကသုံးဆင့်ချိုင့်လေးဆွဲပြီး မလတ်ဆီ ထမင်းသွား ပို့ဦးမည်ဟု ဆိုကာ ထွက်သွားသည်။
                 “မကြီးရော မလတ်ရော ဒီနေ့ ငါလာတာတွေ့တာတောင် ထမင်းအတူစားဖို့ပြန်မလာဘူး”
                  ကိုကြီးကမကျေနပ်သလို ညည်းသည်ကို မောင့်အမေက
                   “သူတို့တွေက လောကကြီးမှာ သူတို့ဆိုင်တွေကလွဲပြီး ဘာမှအရေးမကြီးဘူး။ ပိုက်ဆံရှာဖို့ပဲ သိတဲ့ဟာတွေ”
                    အပြစ်တင်သလို ညည်းရင်း ပဲကြီှးှနှပ်ဟင်းကို တစ်ဇွန်းခပ်ယူလိုက်သည်။
                    “ ဟဲ့ နင်တို့ဟင်းတွေကလည်း ပူလည်းမပူပါလား”
                     “ဟင် ဟုတ်လား။ ပူပါတယ်အမေရဲ့”
                     မထွေးက သူ့အမေအကြိုက်ကို သိသည်မို့ ဟင်းကိုတစ်ဇွန်းခပ်ယူစားကြည့်လိုက်ပြီး ဟင်းထပ်နွေးဖို့ မီးဖိုချောင်ထဲ သို့ဝင်သွားသည်။
                    “မပူပါဘူး။ ဆိတ်သားဟင်းလည်း ဒီလိုပဲ။ ငါကဟင်းမကောင်းရင်တောင် ထမင်းပူပူဟင်းပူပူပဲစားတတ်တာ”
                    တစ်ဖျစ်တောက်တောက်ဆိုကာ ထမင်းစားရင်း သားနှစ်ယောက်စလုံးပန်းကန်ထဲကိုလည်း ဟင်းတွေ ပြည့်မောက် နေအောင်ထည့်ပေးသည်။ ချွေးမတွေကိုတော့ သတိမရ။ ယွန်း နှင့် မျက်လုံးချင်းဆုံမှသာ‘ထည့်စား’ ဟုလေသံပြတ်ပြတ်ဖြင့် ပြော သည်။ ထမင်းစားရင်းနှင့် အမေရွာသို့ မပြန်ခင်တစ်ရက် ယွန်း က ကြီးစိန်ဟုခေါ်သော မောင့်အမေတို့ မိသားစုကို ထမင်းစားဖိတ် သည့်နေ့ကို ပြန်သတိရမိသည်။ ထိုနေ့က ဖွယ်ဖွယ်ရာရာဟင်းတွေကို ဒေါ်လေးနှင့်အမေတို့ လက်စွမ်းပြချက်ပြုတ်ကြသည်။  ငါးကြင်းပေါင်း ၊ ကြက် ကာလသားချက်၊ သီးစုံချဉ်ဟင်း၊ သရက်ချဉ်သုတ်၊ တို့စရာ စုံစုံလင်လင် တို့နှင့် ပြင်ဆင်ပြီး စောင့်နေသော် လည်း ကြီးစိန်တို့ မိသားစု တွေက ပေါ်မလာ။ လာနိုးနိုးစောင့်ရင်းနှင့် ထမင်းဟင်း ပူပူမှ စားတတ်သည်ဟု ကြားထားသော ကြီးစိန်အတွက် အေးသွားသည့် ဟင်းတွေကို ပြန်နွေး ရတာလည်း သုံးလေးကြိမ်လောက် ရှိသည်။ နောက်ဆုံး ခြောက်နာရီထိုးခါနီးမှ မောင် ကိုယ်တိုင် အစ်မတွေဆီဖုန်းဆက်ပြီး တက္ကစီ အသွားအပြန်ငှားကာ သွားခေါ်မှ လိုက်လာကြသည်။ ဒါတောင် အိမ်ထဲ ၀င်ဝင်ချင်း  အမော့ဆို့ စကားနှင့် နှုတ်ဆက်သေးသည်။
                   “အမေက ဒီနေ့ ထမင်းစားစောသွားလို့ လိုက်မလာဘူး။ အဒေါ်တို့ကို ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်တယ်”
                    ထိုနေ့က အမေနှင့်ဒေါ်လေးမျက်နှာကို  ယွန်း တသက်မမေ့နိုင်၊ ကြီးစိန်အတွက် အမေသယ်လာသည့် တောင်နံကြီး ၊ ထန်းလျက်ဖြူနှင့် ပဲလွန်းတို့ပါသည့် လက်ဆောင်ထုတ်ကိုတော့ မကြီးတို့ အပြန်သယ်သွားသည်ကို အမေတွေးဆဆနှင့် လှမ်းငေး နေသည့် ပုံရိပ်ကို ခုပြန်တွေးလိုက်တိုင်း ခုပင်ငိုချင်လာသည်။ ယွန်း မလိမ္မာသည့်အတွက် အမေ့ခမျာ မောင်တို့အသိုင်း အ၀ိုင်းမှာ မျက်နှာ မရခှဲ့။ ယွန်း ထမင်းပန်းကန် ကိုင်ပြီးထလိုက်သည်။
                   “ဟင် တော်ပြီလား”
                    မသူဇာ၏ စကားမှာ အားလုံးကလည်းယွန်း ကို မော့ကြည့်ကြသည်။
                   “ဟုတ်ကဲ့ ဒီနေ့ သိပ်မဆာလို့”
                    အငွေ့တထောင်းထောင်ထနေသည့် ထမင်းဝိုင်းမှာ အမေ့အကြောင်းတွေးမိပြီး  ယွန်း ထမင်းဆက်မစားနိုင်တော့ သည်မို့ တစ်ယောက်တည်း ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။ ဒီအိမ်ရောက်တိုင်း ယွန်း တစ်ယောက်တည်း ကြိတ်ခံစားရသော အပယ်ခံအဖြစ် ချောင်ထိုးခံဘ၀မှ ဘယ်တော့များ လွတ်မြောက်နိုင်ပါမည်လဲ။
                   ဒါကို  ယွန်း သိချင်နေမိသည်။
                                                               +              +                +

Monday, December 31, 2012

ရေကြည်သော်လည်း မြက်မနုရာ- ၇

                                              ရေကြည်သော်လည်း မြက်မနုရာ- ၇

             တကယ်တမ်းတော့ ကျွန်မရဲ့ သူငယ်ချင်းအသစ်ဖြစ်တဲ့ ကယ်လ်ဗင်မှ မဟုတ်ဘယ်ယောက်ျားလေး ကမှ စက်ချုပ် ၀ါသနာပါ တယ် ဆိုရင်တောင် အခုလိုမျိုး အမျိုးသမီး ရေကူးဝတ်စုံနဲ့ အတွင်းခံတွေ ချုပ်တဲ့ အထည်ချုပ်စက်ရုံမှာ စက်ချုပ်သင်ဖို့ စိတ်ကူးမိမှာမဟုတ်ဘူး။ ဘုမသိ ဘမသိနဲ့ စက်ပြင်ဆရာနောက် ၀က်အူ လှည့်လေး တစ်ချောင်းကိုင်ပြီး တကောက်ကောက်လိုက်ရင်း ပညာသင်ရတဲ့ ဘ၀ကို သူလိုချင် မှာမဟုတ်တာ ကျွန်မ နားလည်နေမိတယ်။ ဩဒါကြောင့်လည်း သူက ဩဒီစက်ရုံခွဲ ဖြစ်တဲ့ ပိတ်ယက်တဲ့ စက်ရုံမှာ တခြား မြန်မာအစ်ကိုတွေနဲ့ အတူ အလုပ်လုပ်ချင်တယ်လို့ အန်တီရှယ်လီကို ပြောခဲ့ဖူး တာပဲ။ ဩဒါပေမဲ့လည်း ဩသူတို့ ကျွန်မတို့ဆိုတာက ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်နေချင်တဲ့ နေရာကို ကိုယ့်ဆန်္ဒရှိတဲ့ အတိုင်းရွေးချယ်ခွင့် မရတော့လည်းခက်သားပဲ။ ဒါကြောင့် ကျွန်မကိုယ်တိုင်က ကိုယ့်ရာထူး ပေါက်စန လေးရဲ့ တာဝန်တွေ ယူနိုင်အောင် မနည်းကြိုးစားနေရတုန်း ဆိုတော့ ကယ်ဗင်ကို သူတို့ ဘယ်နေရာအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံကနေ တကူးတကခေါ်ခန့်ထား ရသလဲ ဆိုတာ မှန်းဆတွေးတောလို့ မရခဲ့တာအမှန်ပါပဲ။
             ရိုးရိုးပဲ စဉ်းစားလိုက်ရင်တော့ လက်ရှိသူရဲ့ရာထူးက ( မက်ကဲနစ်)ခေါ် စက်ပြင်ဆရာပေါ့။ ဩဒါတောင်မှ သူက ဒီရာထူးမှာ လက်ထောက် စက်ပြင်ဆရာအဆင့်။ တကယ်တမ်းပြောရရင် စက်ပြင်ဆရာရဲ့ တာဝန်က ထုတ်လုပ်မှုဌာနရော၊ နမူနာဌာနရော ရှိသမျှ စက်ချုပ် သမလေးတွေရဲ့ စက်ချုပ်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ ပြဿနာမှန်သမျှ ရှင်းပေးဖို့ တစ်နေကုန် အသင့်ရှိနေရ တဲ့သူတွေပါ။ ကျွန်မရောက် စတုန်းက နမူနာစက်ခန်းထဲမှာ ကျွန်မစက်ချုပ်ရင်း ပြဿနာတစ်ခုခုပေါ်ရင် စက်ခန်းထဲက ကောင်မလေးတွေက ထုတ်လုပ်မူဌာနနဲ့ ကပ်လျက် အခန်းကျဉ်းလေးထဲ စုပြုံရှိနေတတ်တဲ့ စက်ပြင်ဆရာတွေထဲမှ တစ်ယောက်ယောက်ကို ခေါ်ပေးလေ့ရှိပါတယ်။ အခုတော့ ကျွန်မက စကားလည်း အတော်အတန် ပြောတတ်လာသလို ကိုယ်စက်ချုပ်ရင်းတွေ့တဲ့ ပြဿနာတွေကို ကိုယ့်ဖာသာဖြေရှင်းဖို့ တာဝန်ရှိတာ သိလာတော့ စက် တစ်ခုခုဖြစ်ရင် ကျွန်မ ကိုယ်တိုင်ပဲ စက်ပြင်ဆရာ တစ်ယောက်သွားခေါ် ရပါတယ်။ အဲ့ဒီအခါ ထုတ်လုပ်မူဌာနမှာ ပြင်လက်စ စက်တစ်လုံးနဲ့ ကယ်ဗင် ကို တွေ့ရတတ်ပါတယ်။ ထုတ်လုပ်မူဌာန မှာ ကျွန်မတို့ နမူနာအခန်းလို အဲယးကွန်း တပ်မထားတာကြောင့်  ပူအိုက်တဲ့ အဲ့ဒီနေရာရဲ့ နောက်ဆုံး ခုံ နေရာလေးမှာ ချွေးတဒီးဒီးကျပြီး စက်အဖုံးကို ဖွင့်ကာ ကလိနေတဲ့ သူ့ကိုတွေ့ရပါ တယ်။ သူတို့စက်ပြင်ဆရာတွေ အားလုံးစုနေတဲ့ နေရာမှာလည်း ပျက်နေတဲ့စက်တွေ ရယ် ပြင်လက်စ စက်တွေရယ်နဲ့ ပြည့်နေတဲ့ စားပွဲရှည်ကြီးတစ်လုံးနဲ့ ထိုင်ခုံသုံးလေးလုံး လောက်သာတွေ့ရ တယ်။ ပူအိုက် တဲ့ နေရာမို့ ပန်ကာတစ်လုံးတော့ တပ်ပေးထားတာလည်း တွေ့ရပါတယ်။ သူတို့ မက်ကဲနစ်ယူနီဖောင်း ကတော့ အပြာရင့်ရောင် ထက်အောက် ဆင်တူဖြစ်ပြီး နိုင်ငံခြားသား ဖြစ်တဲ့ ကယ်ဗင်တစ်ယောက်ကတော့ ကျွန်မတို့လို ကိုယ်နှစ်သက်ရာဝတ်စုံကို ရုံးချိန်တွင်းမှာပဲ ၀တ်ခွင့်ရပါတယ်။
          ကျွန်မက ကိုယ့်ကိစ်္စ အတွက်စက်ပြင်ဆရာ လာခေါ်ရပေမဲ့ ကျွန်မလို အအေးခန်းထဲမှာ အလုပ်လုပ် ရင်း၊ အလုပ်သင်ခွင့် မရရှာတဲ့ သူ့ကို ကြည့်ြ့ပီး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ အမြဲထိုင်လေ့ရှိတာ မဟုတ်ပေမယ့် ရုံးရောက်တာနဲ့ ကျွန်မစားပွဲရယ်လို့ အသိအမှတ်ပြုလို့ ရနိုင်တဲ့ အလူမီနီယံစားပွဲနဲ့ ဆိုဖာထိုင်ခုံလေး နဲ့ ဟန်နဲ့ပန်နဲ့ရှိချိန်မှာ သူ့မှာတော့ ဘုံစားပွဲရှည်ကြီးမှာပဲ အကြောင်းအမျိုးမျိုး နဲ့ ပြင်စရာရှိနေတဲ့ စက် အစုတ်ပလုတ် တွေနဲ့ပဲ နှစ်ပါးသွားနေရတယ်။ သူ့ကိုစားပွဲနဲ့ခုံသီးသန့်ထုတ် မပေး သေးတာကလည်း သူ့အလုပ်က ထိုင်ခုံမှာ ထိုင်ရင်း တသတ်မတ်တည်းလုပ်ရမဲ့ အလုပ်မျိုးမှမဟုတ်ပဲ။ သူတို့ထုတ်လုပ်မူပိုင်းမှာ နည်းမျိုးစုံနဲ့ ပျက်တဲ့ စက်တွေကို အချိန်မီပြန်ပြင်ဖို့ မက်ကဲနစ်တွေက စက်ချုပ်သမလေး တွေ နားမှာ အမြဲအဆင်သင့်ရှိနေရတယ်။ ဒါမှလည်း ပျက်နေတဲ့စက်ကို အမြန်ဆုံး ပြီးအောင် ပြင်ဆင်ပေးပြီး ဒါမှလည်း တစ်နေ့ ဘယ်လောက်ထွက်ရမလဲ ဆိုတဲ့ သတ်မှတ်နှုန်းများအတိုင်း စက်ချုပ်သမတွေက အချိန်မီပြီးစီးနိုင်အောင် ချုပ်နိုင်မှာ ဖြစ်ပါတယ်။ စက်တစ်လုံးက အလုပ်ချိန် အတွင်း ချုပ်နေရင်းနဲ့ ပျက်သွားခဲ့ရင် နီးစပ်ရာ စက်ပြင်ဆရာက ချက်ချင်း ကူညီပေးရပါတယ်။ အဲ့ဒီလို ကူညီတဲ့ နေရာ မှာ စက်ပြင်ဆရာတွေ့ရဲ့ အရည်အချင်းကလည်း အဓိက အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ နမူနာအခန်းတွကိ စက်ပြင်ဆရာ ခေါ်တာတောင်မှာ  အချိန်တိုလေးအတွင်း အမြန်ဆုံးစက် ကို ကောင်းအောင်ပြင်နိုင်မဲ့ လူကိုသာ နာမည်တပ်ပြီး  ခေါ်လေ့ရှိကြတယ်။ အခုလိုမျိုး တစ်နာရီ ဘယ်နှထည်ထွက်ဖို့ စံသတ်မှတ်ချက်ရှိတဲ့ ထုတ်လုပ်မူလိုနေရာမျိုးမှာဆို  အရည်အချင်းရှိတဲ့  စက်ပြင်ဆရာ ကိုသာ ပိုလိုလားကြမှာပါ။
           ဒါကြောင့်လည်း ကယ်ဗင်ကို ကျွမ်းကျင်တဲ့ စက်ပြင်ဆရာဖြစ်လာဖို့ အားထားပေမဲ့၊ သူက စက်ပြင်တဲ့ အလုပ်ကို စိတ်မ၀င်စား သေးတာမို့ အခြေခံဖြစ်တဲ့ စက်နင်းတာကို သင်ဖို့ သင့်တဲ့အကြောင်း သူ့ဆရာက အန်တိရှယ်လီ့ကို ပြောပြပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ ထုတ်လုပ်မူဌာနက လကုန်ပိုင်းပစ်္စည်းပို့မယ့် အချိန်လောက်သာအိုဗာတိုင်ဆင်းပြီး ကျန်တဲ့ အချိန်တွေမှာ ညနေလေးနာရီ ထိုးတာနဲ့ ထုတ်လုပ်မူ ဌာနကို မီးပိတ်ပြီး အလုပ်သမားတွေ အားလုံးလည်း အိမ်ပြန်ကြပါတယ်။  အဲ့ဒီအချိန်ဆို ကိုယ်တော်ချောကလည်း လုပ်စရာ အလုပ်မရှိဘူးဆိုပြီး ကန်တင်းမှာ သွားထိုင်နေတာမျိုး၊ စက်ရုံထဲက ခုံတန်းမှာ အလုပ်သမား တချို့နဲ့အတူ နားနေတာမျိုးလုပ်သတဲ့။ တကယ်လို့ သူကိုသာ စက်ချုပ်သင်ပေးမယ် ဆိုရင် စက်တွေအကြောင်း ပိုမိုနားလည်နိုင်ပြီး ချည်ကြောင်းအစိတ်အကျဲတွေလည်း ငြိလို့ရနိုင်တယ်လို့ ဆုံးဖြတ်ပြီး သူတို့ ထုတ်လုပ်မူဌာန က လိုင်း ခေါင်းဆောင် အမျိုးသမီးလက်ထဲကို အပ်လိုက်တဲ့ အကြောင်း ကျွန်မကြားရပါ တယ်။ ဒီတော့ သူက ဆရာနှစ်ယောက် ဆီမှာ တပြိုက်နက်တည်း မဖြစ်မနေ တပည့်ခံရတဲ့ ဘ၀ရောက်သွားတယ်။ သူ့ကို ထမင်းစားချိန်မတိုင်မီမှာ မက်ကဲနစ်ဆရာက စက်ပြင်ခိုင်းပြီး ညနေပိုင်း မှာတော့ လိုင်းခေါင်းဆောင် ကြီးကြပ်ရေးမှူး (စူပါဗိုက်ဇာ) အမျိုးသမီး ဆီမှာ စက်ချုပ်သင်ခိုင်းထားတဲ့ အကြောင်း ကြားရတယ်။ ထုတ်လုပ်မူပိုင်း က လူတွေအားလုံး ပြန်ကြလည်း သူထိုင်ချုပ်နေတဲ့ စက်ရဲ့လိုင်းမှာ မီးမပိတ်ပဲထားခဲ့တာမို့ သူက ညနေခြောက်နာရီကျော် ခုနှစ်နာရီလောက်အထိ စက်ချုပ်ပြီးမှ ပဲ ပြန်ဖြစ်တော့ပါတယ်။
            တစ်ရက်တော့ ရုံးပြန်ခါနီး ကားစောင့်နေတုန်းသူနဲ့ဆုံရတယ်။ သူကလည်း ကျွန်မတို့နဲ့အတူ အဆောင်မှာ ပဲနေတာမို့ အဆောင် ပြန်ဖို့ ကားအတူစောင့်ရင်း စကားပြောဖြစ်ပါတယ်။ ကျွန်မတို့နှစ်ယောက်စလုံးက နှစ်ဆယ့်တစ်နှစ်အရွယ် ဘွဲ့ရပြီးခါစ အလုပ်မလုပ်ဖူး တဲ့ သူတွေမို့ နင်နဲ့ငါ လို့ပဲ ရင်းရင်းနှီးနှီး ပြောဆိုဖြစ်ကြတယ်။ အဲ့ဒီအချိန်မှာ ကြီးမေလင်းနှင့် အစ်မနှစ်ယောက်ကလည်း ကားစောင့်ရင်း စက်ရုံ လှေကားထစ်လေး တွေမှာထိုင်ပြီးစကားပြောနေကြတယ်။ ကျွန်မတို့ ရွယ်တူနှစ်ယောက်ကလည်းတစ်ဝိုင်းပေါ့။
            ””နင်ကဘာနဲ့ ကျောင်းပြီးတာလား။ ဒီမှာ အလုပ်လုပ်ရတာ အဆင်ပြေလား”            ””ကျွန်မမေးချင်တဲ့စကားကို သူကဦးအောင်မေးလိုက်ပါတယ်””
           ””ငါက အီကိုနဲ့ကျောင်းပြီးတာလေ ။ အလုပ်က အဆင်ပြေလားဆိုတော့ အင်းဩဩ.. ဒီလိုပါပဲ အခုမှဘောင်းဘီစချုပ်တတ်တာ၊ တခြားအထည်တွေကိုတော့ ကူတဲ့အဆင့်ပဲ ရှိသေးတယ်။ ငါကို သူတို့က လက်ထောက်ဒီဇိုင်နာရာထူးပေး ထားတာဆိုတော့ ဒီဇိုင်းဆွဲတတ်တဲ့ အဆင့် ရောက်အောင်တော့ ကြိုးစား ရမှာပေါ့””
           ””နင်တို့ဆီမှာ သူဌေးက တိုက်ရိုက်အုပ်ချုပ်တာနော်။ အန်တီရှယ်လီ့ဆီ ဘာလို့ မသွားတာလဲ။ အန်တီရှယ်လီရဲ့ ဌာနမှာဆို သူဌေးက သူကို လွဲထားတာမို့ သူက အဲ့ဒီဌာနမှာ ရာထူး အကြီးဆုံးပဲလို့ငါ ရန်ကုန်မှာ နေကတည်းက ကြားဖူးတယ်””
           ””နင်ကရော ဘာနဲ့ ကျောင်းပြီးတာလဲ””
           ””ငါက ဓါတုဗေဒနဲ့ ဘွဲ့ရတာဟ””
           ””အေးလေ ဒါဆိုနင့်ကိုရော ဘာလို့ ကိုပီတာတို့လို အရောင်တွေစပ်တဲ့ နေရာမျိုးမှာ မထားတာပဲ မက်ကဲနစ် လုပ်ခိုင်းရတာလဲ””
           ””အေးဟ အဲ့ဒါတော့ ငါလည်း မသိဘူး။ စဉ်းစားစရာပဲ””
           ””ဘာတွေ စဉ်းစားစရာ ဖြစ်နေတာလဲ””
           အဲ့ဒီအချိန်မှာပဲ ကားသမားမျှော်ရင်း ကျွန်မတို့နားကိုရောက်လာတဲ့ မစနီ်္ဒက မေးလိုက်ပါတယ်
           ””ဒီမှာ ကျွန်တော်တို့လုပ်နေရတဲ့ အလုပ်တွေက ကျွန်တော်တို့သင်ထားတဲ့ပညာတွေနဲ့ ဘာမှမဆိုင်တဲ့အကြောင်း စဉ်းစားစရာ ဖြစ်နေ တယ်လို့ ပြောတာပါ အစ်မရာ””
           ””သြော် နင်တို့ အဲ့ဒါတွေဘာမှ လျောက်စဉ်းစားမနေနဲ့။ ကိုယ်က ကံကောင်းလို့ ဒီကိုရောက်လာရတာ။ သူတို့ချပေးထားတဲ့ နေရာ မှာသာ အဆင်ပြေအောင်လုပ်ဩ၊ နောက်ကျွမ်းကျင်သွားရင် တာဝန်တွေခွဲပေးလိမ့်မယ်။ အဲ့ဒီအခါ ချယ်ရီကလည်း ဒီဇိုင်းဆွဲတတ်လာရင်တောင် စာရင်းတွေ ဘာတွေ ကော်စတင်တွက်တာတွေဘာတွေ လုံးဝ နားမလည်ရင်တော့ မဖြစ်သေးဘူး။ သိအောင်တတ်အောင် လေ့လာရဦးမှာ။ ဒီလိုပဲ ကယ်ဗင်ကလည်း အခု စက်ပြင်တာ အပြင် စက်ချုပ်တာပါ သင်နေတော့ အဲ့ဒီ နှစ်မျိုးလုံးတတ်သွားရင်တောင် နောက်ထပ် ပိတ်စအကြောင်း၊ မိုးလ်ဒင်း (ပိတ်စကို အပူပေးပြီး ဘရာစီယာပုံသွင်းသည့်အလုပ်) အကြောင်း၊ ပိတ်ဖြတ်တဲ့ ဌာနတွေအကြောင်း တွေလေ့လာ ရဦးမှာ””
          ””ဗျာ ဒါဆို ကျွန်တော်တို့တွေ အားလုံးက အော်အင်ဝမ်းပေါ့ ””
          သူ့စကားကို ကြားတော့ မစနီက ပြုံးသွားတယ်
          ””အေးဟယ် ဩအဲ့လိုပဲ ပြောရမှာပဲ။ တက်စတိုင်း (အထည်ချုပ် လုပ်ငန်း) ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ နင်တို့လိုမျိုး အဝေးကနေ လာအလုပ်လုပ်တဲ့ ဖော်ရိန်းနာတွေ မပြောနဲ့ ဒီကအင်ဒိုတွေလည်း သူတို့နေရာလေးမြဲဖို့ အလုပ်ထဲမှာ ရာထူးတိုးဖို့ ကိုယ်နဲ့ ဆက်စပ် နေတဲ့ လုပ်ငန်း မှန်သမျှ အကြမ်းဖျဉ်းနားလည်အောင် လေ့လာထားရတာပဲ””
        ””ကျွန်တော် အမတို့ဆီမှာ သိချင်တာ တစ်ခုရှိတယ်။ အခု ချယ်ရီတို့ အစ်မတို့ အလုပ်လုပ်နေတဲ့ နမူနာအခန်းမှာ ဟို ဒီဇိုင်နာ အဖွားကြီးက  သူက အကြီးဆုံးပေါ့ ဟုတ်တယ်မဟုတ်လားဩဆို မဒေလီကရော ဘာလုပ်တာလဲ””
        သူလည်း ကျွန်မရောက်စတုန်းကလိုပဲ ဒီဇိုင်နာမဟုတ်တဲ့ မဒေလီကို ကွန်ပြူတာတစ်လုံးနဲ့ တစ်ခန်းလုံးကို ဟိုခိုင်းဒီခိုင်း လုပ်တတ် တာကို ကြည့်ပြီး မေးပုံရပါတယ်””
        ””သြော် သူက ငါတို့နဲ့ အသက်အတူတူဆိုတော့ ကြီးမေလင်း လက်အောက်ကပဲပေါ့။ သူက ကြီးမေလင်း ၀ယ်သူ ရောင်းသူတွေ စက်ရုံကို လာလို့ တွေ့ဆုံစကားပြောရင် အင်္ဂလိပ်လို ကူညီပြောပေးတဲ့သူပေါ့။ သူက အင်္ဂလိပ်လို ကောင်းတော့ သူကနေတဆင့် ၀ယ်သူ ဆီ အထည်ပို့ ပေးတဲ့အခါ ပို့ရမဲ့နေရာတို့ ပို့မဲ့အချိန်တို့ အပြန်အလှန်ပြောပေးရတာပေါ့””
       ””ဒါဆို ကျွန်တော်ဆီမှာရော ဘယ်သူက အကြီးဆုံးလဲ ””
       ဒီကိုရောက်တာ တစ်လလောက်ပဲ ရှိသေးတဲ့  ကယ်လ်ဗင်တစ်ယောက်သိချင်တာတွေက များပြာလှပါတယ်။
       ””ကျွန်တော် အခုစက်ပြင်တာ လိုက်သင်နေတဲ့ သူက မက်ကဲနစ်ထဲမှာ ခေါင်းဆောင်ပေါ့။ ဒါပေမဲ့ အခု စက်လိုင်းတစ်လိုင်းဆီမှာလည်း ခေါင်းဆောင်တွေရှိပြန်တယ်။ အဲ့ဒီထဲက တစ်ယောက်က ကျွန်တော့်ကို အခုစက်ချုပ်သင်ပေးနေတယ်။ ဒါပေမဲ့ ကျွန်တော်သိချင်တာ ဒီ ထုတ်လုပ်မူဌာနတစ်ခုလုံးကို အုပ်ချုပ်တဲ့သူ မရှိဘူးလား။ အဲ့ဒီလူက ဘယ်သူလဲ အဲ့ဒါကို ကျွန်တော်က အဲ့ဒါကို သိချင်တာ””
       ””ရှိတာပေါ့။ အဲ့ဒါနင့်ဆရာ ဖြစ်လာမဲ့လူပဲလေ။ သူ့နာမည်က ရစ်ချက်တဲ့ ၊မြန်မာတော့ မဟုတ်ဘူး။ ဖစ်လပင်း ။အခု အလုပ်ကိစ်္စနဲ့ ထိုင်း ကို ခဏသွားတယ်။ သူပြန်လာရင် နင်ကတပည့်ခံပြီး သူ့နောက်ကနေ လိုက်ကူရမှာ။ အဲ့ဒီလို လိုက်ကူဖို့ အတွက် နင်ကို အလုပ်တွေ သင်ပေးနေတာလေ။ ရစ်ချက် က အတွေ့အကြုံတွေ များတော့ တော်တယ်။ ဒါနဲ့အခု လောလောဆယ် နင့်တို့ဆီမှာ နေ့တိုင်း ဆူပူအော်ဟစ် နေတဲ့ မိန်းမ တစ်ယောက်ကို မတွေ့ဘူးလား။ သူကတော့ လိုကယ်(ဌာနေ) အင်ဒိုမပဲ ။ သူ့နာမည်က အားနားတဲ့ သူက စရိုက် ကြမ်းလို့ သူဌေးက သူ့ကို လွဲထားတယ်။ ထုတ်လုပ်မူဌာနရဲ့ လက်ထောက် မန်နေဂျာလို့ပဲ ပြောရမလား ။ ရစ်ချက်မရှိရင် သူက နင်တို့ ဌာနမှာ ဘောစ်ပေါ့””
       မစနီ အပြောကို နားထောင်ရင်း ကယ်ဗင်မျက်နှာရှုံလို့ သွားတယ်
       ””အခုလောလောဆယ်တော့ သူက ကျွန်တော်တို့ဆီမှာ အကြီးဆုံးပေါ့လေ””
       ””အင်းပေါ့။ ထုတ်လုပ်မူဌာနဆိုတာကလည်း လူပေါင်း လေးရာ ငါးရာကို အုပ်ချုပ်ရတာ ကြမ်းနိုင်မှ တော်ကာကျမှာပေါ့ ””
       ””ကျွန်တော်မျက်စိထဲတော့ သူ့ကို သရဲမကြီးလို့ပဲ မြင်တယ်””
       သူ့အပြောကြောင့် ကျွန်မမျက်စိထဲ ထုတ်လုပ်မူဌာနကို ဖြတ်သွားဖြတ်လာတိုင်း ခါးတစ်ဖက်ထောက်ကာ လက်ညှိးငေါက်ငေါက်ထိုးရင်း စက်ချုပ်သမတွေကို အော်ဟစ်ဆူပူနေတဲ့ အားနားမျက်နှာကြီးကို မြင်လိုက်မိပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မတို့ကို  အကြိုအပို့လုပ်နေတဲ့ ကားလေးလည်း ရောက်လာပြီမို့ စကားစကို ဖြတ်ပြီး အားလုံး အဆောင်ပြန်ဖို့ ကားပေါ်တက် လိုက်ပါတော့တယ်။
                                                                           ဆက်လက်ဖော်ပြပါမည်
                                                                                စုသဲမွန်
                                                                          (The Ladies New Journal)

Thursday, December 6, 2012

သင်ပုန်းကြီး ဒိုင်ယာရီ


                    မိုးရေစိုစိုထဲ ထီးရောင်စုံလေးများဆောင်းပြီး ကျောပိုးအိတ်ကလေးတွေ ကိုယ်စီလွယ်ထားသည့်  ကျောင်းသူ ငယ် ကလေး တွေကို တွေ့မြင်ရလျှင် မိမိ၏ ကျောင်းတက်ခဲ့စဉ် ငယ်ဘ၀ကို အစဉ်အမြဲ သတိရလျှက်ရှိသည်။ ဘ၀၏ အမှတ်ရစရာ အကောင်းဆုံး နေ့ရက်များထဲမှတစ်ခုမှာ မူလတန်းကျောင်းသူကြီး အဖြစ် မိမိကိုယ်ကို ဂုဏ်ယူ ၀ံ့ကြွားစွာ လျှောက်လှမ်းခဲ့သည့် ပထမဆုံး ကျောင်းတက်ခဲ့သည့်် နေ့ပင်ဖြစ်သည်။
ထိုနေ့က သနပ်ခါးဘဲကြား၊ ကြက်တောင်စီးနှစ်ဖက်ဖြင့် ကျောင်းစိမ်းဂါဝန် အသစ်၊ ကျောပိုးအိတ် အသစ်တို့ နှင့် မှန်ထဲတွင် မိမိ ကိုယ်ကို ကြည့်မ၀ ရူမငြီး ဖြစ်နေခဲ့ပြီးသည့်နောက် ဖေဖေ့လက်ကိုတွဲပြီး အိမ်နှင့် သိပ်မဝေးလှသော ရန်ကင်း အမက (၈) ကျောင်းကလေးဆီ ခြေလှမ်းသွက်သွက်လှမ်းခဲ့ပုံကို ပြန်အမှတ်ရမိနေသည်။ လူကြီးတွေ ပြောပြောနေ ကြသော ကျောင်းဆိုတာကြီး က ဘာပါလိမ့်..ဟု သိချင်စိတ်ပြင်းပျနေခဲ့တာလည်း ဖြစ်သည်။ သုံးနှစ် ကျော် လေးနှစ်အထိ မူကြိုတက်စဉ်ကလည်း ဖေဖေ့လက်ကို တွဲသွားတတ်သည့် ကျွန်မ က လမ်းမှာ မြင် ဖူးနေကျ ကျောင်းစိမ်း ၀တ် ကလေး တွေကို တွေ့လျှင် သဘောကျခဲ့မိဖူးသည်။   “တစ်နေ့ကျရင် ငါလည်း သူတို့လိုပဲ ကျောင်းသွားမယ်။ မူကြိုတက်ရ တာ က အရမ်းပျင်းဖို့ ကောင်းတယ်”  ဒီအတွေးလေးတွေဖြင့် ပထမဆုံး ကျောင်းတက်ရက်မှာပင် အဖေ့လက် ကို တွဲပြီး မြူးထူးခုန်ပေါက်စွာ ကျောင်းသို့ ကျွန်မ ခြေလှမ်းဖြစ်ခဲ့ခြင်း ဖြစ်သည်။
                      ကျောင်းရောက်တော့  သနပ်ခါးဘဲကျားနှင့် ကျွန်မလို အရွယ် ကလေးငယ်တွေကို စာသင်ခန်းထဲမှာ တစ်စုတဝေး တည်း တွေ့လိုက်ရ၍ ရုတ်တရက် အံ့သြသွားမိသည်။ တချို့ကလည်းခုံတန်းရှည်ကြီးမှာ ငြိမ်ငြိမ်လေး ထိုင်နေကြသည်။ တချို့ ကတော့ ပါးက သနပ်ခါးထူထူပေါ်တွင် မျက်ရည်စီးကြောင်းများဖြင့် “ မေကြီးရေ၊ မေကြီး “ ဟု အသံပြဲ ဖြင့် ဟစ်ငိုနေသူ ရှိသလို တချို့ကလည်း “  သားကိုခု ပြန်လာခေါ်၊ အိမ်ပြန်ချင်တယ်အီး ဟီး “ စသည်ဖြင့် အော်ကာ ငို ကြွေးနေကြသည်။ တချို့က လိုက်ပို့ သည့် အမေနောက်ကို အတင်း ပြေးလိုက်နေသဖြင့် အတန်းပိုင်ဆရာမက လှမ်းဆွဲ ထားရသည်။ တချို့ကတော့ ထိုင်ခုံလေး ပေါ်မှာ လွယ်အိတ်လေးပိုက်လျှက် မျက်နှာငယ်လေးနှင့် အသံတိတ်ရှိုက် ငင်နေကြသည်။                                                                                ကျွန်မလည်း ကျောပိုးအိတ်လေး လွယ်လျှက်၊ ခြင်းတောင်းလေးကိုင်ကာ အပြင်ဘက်လှမ်းငေးတော့ စာသင်ခန်း အပြင်မှ ရပ်ကြည့်နေသော ဖေဖေ့ကိုလှမ်းမြင်လိုက်ရ၍ ပတ်ဝန်းကျင်သစ်၊ လူသစ်တွေနှင့် ကျွန်မ တစ်ယောက်တည်း နေခဲ့ရမည်ကို တွေးမိ ကြောက်ရွံ့ပြီး အိမ်သို့ ဖေဖေနဲ့အတူ ပြန်လိုက်ချင်လာသည် ။ ဒါကြောင့် ကျွန်မကို ခုနက “ သမီး ဒီမှာ ထိုင်နေနော် “ ဟုနေရာချပေး ထားရာမှာ မတ်တပ်ရပ်ရင်း ပါးစပ်ကြီးဖြဲကာ အော်ဟစ်ငိုကြွေးပါတော့သည်။ သို့သော်လည်း ကျွန်မဆီက အသံကျယ်ကျယ် လောင်လောင် ထွက်မလာပဲ မျက်ရည်ပေါက်ကြီးတွေသာ ဖြိုင်ဖြိုင်ကျရင်း အပြင်မှာရှိနေသေးသည့်  ဖေဖေ့ကိုသာ ကွက်ကြည့်ကွက် ကြည့် ဖြင့် ငိုနေခြင်းပင်။ ထိုအချိန်တွင် ကျွန်မရှေ့သို့ လုံခြည်စိမ်း ၀တ် နွေးထွေးသော အပြုံးရိပ်တစ်ခု  ရောက်လာ ခဲ့ပါသည်။
             “ အောင်မလေး သမီးရယ်၊ လွယ်အိတ်တွေ ချပါဦ၊။ ခြင်းတောင်းလေးကို လည်း ဒီအပေါ်တင် ထားပါဦးး။ ငိုနေလိုက်တာ။ ဘယ်သူလိုက်ပို့တာလည်း ဆရာမကို ပြောပါဦး ”
              ကျွန်မက သူ့အမေးကို အဖေရပ်နေရာသို့ အသံတိတ် လက်ညှိုးညွှန်ရင်း အဖြေပေးလိုက်သည်။ သူက သဘောကျ စွာပင် ပြုံးရင်း ကျွန်မပါးပေါ်က မျက်ရည်များကို သူ့လက်ဖမိုးလေးနှင့် ညင်သာစွာ သုတ်ရင်းကျွန်မကို ထိုင်ခုံ ပေါ်သို့ ပွေ့တင်ကာ အငိုတိတ်တဲ့အထိ နံဘေးမှာ ထိုင်ချော့ခဲ့သည်။ ကျွန်မတစ်ယောက်တည်း ကိုသာ ချော့ခြင်း မဟုတ်ပဲ ကျွန်မလို မလွမ်းပို၊ ကိုလွမ်းပိုတို့တစ်တွေ အကယ်ဒမီရှော့ လုပ်နေကြသည်ကို တစ်လှည့်စီ အချိန်ပေး ချော့ရသေးသည်။ ထို့နောက်   ကျွန်မတို့ တစ်ဦ်ချင်းစီ၏ နာမည်လေးတွေကို မေးထားပြီး အလျဉ်းသင့်သလို တစ်ခန်းလုံးနှင့် စိတ်ရှည် လက် ရှည် မိတ်ဆက် ပေး နေသေးသည့် ကျွန်မဘ၀၏ ပထမဆုံးသော ထိုဆရာမကို ခုလိုပထမဆုံး ကျောင်းတက်ရက်နှင့် ယှဉ်တွဲ အမှတ်ရဖြစ်ပါသည်။ ဆရာမနာမည်မှာ ဒေါ်ဖြူဖြူဝင်းဖြစ်ပြီး နာမည်လေးနှင့်လိုက်ဖက်စွာ ဖြူဖွေးကြည်လင်သော အသားအရည်၊ စာကြည့် မျက်မှန် အ၀ိုင်းလေး အောက်တွင် ကြင်နာတတ်သော မျက်လုံးနှင့် ချိုသာသောစကားကို ဆို တတ်ပါသည်။ ကကြီး ခခွေး အက္ခရာလေး များကို ကျွန်မတို့နှင့်အတူတူ ဗလာစာအုပ်ပြည့်နီးပါး ကူညီရေး ပေးတတ် သလို ကျောင်းဆင်းခါနီး အချိန်များတွင်လည်း ကလေးတွေသဘောကျ ပျော်ရွှင်နိုင်မည့် ပုံတိုပတ်စလေးများ ပြောပြ တတ်သည်။
                  သူငယ်တန်းကလေးတွေတွက် နေ့တာတစ်ခုအတွင်း ဆရာမနှင့်နေရသည့်အချိန်မှာ မိဘနှင့် နေရသည့် အချိန်ထက် များလှသောကြောင့် ဆရာမ ဒေါ်ဖြူဖြူဝင်းလို စိတ်ရှည် သဘောထားကောင်းသည့် ဆရာမနဲ့အတူ စာသင် ခန်းတွင်း အချိန် ကုန်ရခြင်း အတွက် ကျွန်မတိုအားလုံးကံကောင်းကြခြင်းလို့ ဆိုရမည်ပင်။ အဲ့ဒီခေတ်က အတန်းပိုင် ဆရာမဆီမှာ ကျူရှင်ယူဖို့ ဆိုတာမျိုးလည်း ခေတ်မစားသေး။  ဆရာမကလည်း ဘယ်ကလေးမိဘဆီက ဘာလက်ဆောင် ရထား မျက်နှာလိုက်သည်ဟုလည်း မရှိ။ တစ်ခန်းလုံးမှာ ကလေးအယောက် လေးဆယ် ရှိလျှင် ချောမော၊ ကျည်းတန်၊ မည်းတူး၊ ဖြူဖွေး ဆင်းရဲ ချမ်းသာ မရွေး ညီတူမျှစွာ ဆရာမက ဂရုစိုက်ချစ်ခင်သည်။  ဆရာမမှာ ပုံဆွဲတော်သူဖြစ်ပြီး လိမ္မော်သီး၊ ပန်းသီးနှင့် ငှက်ပျောသီးများကို ကျောက် သင်ပုန်းမှာ ရောင်စုံမြေဖြူဖြင့်ဆွဲတိုင်း တပည့်တွေက ပုံမပြီးခင်တိုင်း အဖြေကို သူ့ထက်ငါ အလုအယက် အော်ဟစ်တတ်ကြသည်။ အဲပဲလ်၊ အောရိမ်းခ်ျ စသည်ဖြင့် အင်္ဂလိပ်လို ဖြေကြရမည်ကို ပန်းသီး၊ လိမ္မော်သီး စသည်ဖြင့် မြန်မာလိုအဖြေ အော်ပြောသည့်တိုင် ဆရာမက ‘’ ဟယ် တော်လိုက်တာ၊ ကြည့်ပါဦး။ ဒါ ဘယ်ဆရာမရဲ့ ကလေးတွေ ပါလိမ့်။“ ဟု ချီးကျူးတတ်စမြဲ။ ကျောင်းနေစ ကလေးတို့သဘာဝ နေ့စဉ် ကျောင်းတက်ရမည်ကို ထိုစဉ်က သဘောမကျသော်လည်း ချိုလွင်သောအသံလေးနှင့် ပြောပြတတ် သည့် ဆရာမ ပြုံပင်နှင့် ကဗျာလေးတွေ အပြင်၊ ရောင်စုံရုပ်ပုံလေးတွေနှင့် တနေ့တမျိုး မရိုးနိုင်အောင် သင်ကြားတတ်ခြင်းကြောင့် သူငယ်တန်း ကျောင်းသူဘ၀ သည် ယနေ့ထိ မမေ့နိုင်အောင် အဓိပ္မါယ်ရှိလှခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
                    ပထမတန်းရောက်တော့ အတန်းပိုင်ဆရာမ နာမည်မှာ ဒေါ်သန်းသန်းအေးဖြစ်ပြိး စတုတ္ထတန်း အတန်း ပိုင် ဆရာမ နာမည်နှင့် ဆင်တူသည်။ ဒါကြောင့် ရာထူးရော၊ အသက်ပါငယ်သည့် ဆရာမကို အားလုံးက  ဒေါ်သန်းသန်းအေးလေး ဟု ခေါ်ကြပြီး စတုတ္ထတန်းအတန်းပိုင်လည်းဖြစ်၊ အတန်းမှူးလည်းဖြစ်သည့်  ဆရာမကြီးကိုတော့ ဒေါ်သန်းသန်းအေးကြီး ဟု ခေါ် သည်။ ကျွန်မ၏ အတန်းပိုင်မှာ အရွယ်အားဖြင့်လည်း နှစ်ဆယ့်သုံး နှစ်ဆယ့်လေးခန့်သာရှိသေးသော ခပ်ငယ်ငယ် ဆရာ မလေးဖြစ်ပြီး သူ့အတန်းထဲ မှ ကျောင်းသားတိုင်းကို လက်ရေးလက်သား မှအစ၊ အပေါင်း အနုတ် အမြှောက်အစား ရလာဒ်များနှင့်အင်္ဂလိပ်စာ အသံထွက်များကို တစ်ဦးချင်းဂရုစိုက် သင်ကြားတတ်သူ ဖြစ်သည်။ ကလေးတစ်ဦးချင်း အနားမှာ ထိုင်ပြီး စာလုံးပေါင်း အသံထွက်တို့ကို အပင်ပန်းခံ ဂရုစိုက် သင်ပေးတော့ သူငယ်တန်းကလွတ်လာစ ကျွန်မကအကြောက်လွန်ပြီး ဆရာမသင်သမျှကို အိမ်စာမပေးပါဘဲနှင့် ပြန်ပြန် ကူးရေး တတ်သည်။ အိမ်ကလည်း ဆရာမအိမ်စာပေးတာ များလှချည်လားဟု အံ့သြသလို နောက်တော့ ဆရာမကလည်း တစ်ဦးချင်း စာအုပ်များကို စစ်ဆေးရာမှာ အံ့သြတကြီး တွေ့သွားခဲ့သည်။ ဆရာမက ကျွန်မ၏ စာအုပ်ထဲမှာ `ကလေးကို အိမ်စာ မပေးပါ။ စာ မကူးရေးခိုင်းပါနှင့်´ ဟု မိဘတွေကို စာရေးပေးလိုက်ရသည်အထိ ကျွန်မ အကြောက်လွန်ခဲ့ပုံများ အခုတော့ ပြုံးချင်စရာ ဖြစ်ရပါသည်။ ဆရာမက ကြိမ်လုံးမကိုင်ဘဲနှင့် ကလေးများက ချစ်ကြောက်ကြပြီး သူ့နှုတ်ဖျားက ထွက်ကျလာမည့် ချီးကျုးစကားကို မက်မောစွာ အစဉ်အမြဲ ကြိုးစားချင်ကြသည်။ သို့သော် ဆရာမက အိမ်စာများကို စိတ်မပါတပါဖြင့် နမော်နမဲ့ လုပ်တတ် သည့် ကျောင်းသားများကို တော့  မငဲ့ညှာတတ်ပါ။
                     ထိုကလေးများကို “ ကျွန်တော် စာမလုပ်ပါ။ ကျွန်မ စာမလုပ်ပါ။ ငပျင်းပါ ” ဆိုပြီး ကျောင်းသား များရှေ့ စတိတ်စင် ပေါ်တွင် သုံးကြီမ် ၊လေးကြိမ် ဆိုခြင်းမျိုးဖြင့် ဒဏ်ပေးတတ်ပါသည်။ တချို့ ကျောင်းသားများ တစ်ကြိမ်တည်းနှင့် ရှက်ကြောက်ပြုပြင် သွားတတ်သော်လည်း တချို့ကတော့ ငယ်စဉ်ကတည်းက ဇာတိပြဆိုသည့် အတိုင်း သူမဟုတ်တာ လုပ်တာ မဟုတ်သလို၊ ရုပ်တည်ကြီးနှင့် ဆရာမ ခိုင်းသည့်အတိုင်း အော်ပြောတတ်ကြသည်။ တခါတလေလည်း ယောက်ျားလေးနှင့် မိန်းကလေး တစ်ယောက်ချင်းစီ စာတွေ ပြိုင်ဆိုရ ၊ သချာင်္ပြိုင်တွက်ရသည်။  ရှုံးသူကို နိုင်သူက နားရွက် ဆွဲပြီး အခန်းတစ်ပတ် ပတ် ပြရ သည့် အခါ လူ့အချင်းချင်းတူသော်လည်း ညံ့သူက တော်သူ့မျက်နှာကို မကြည့်ဝံ့ကြောင်း ၊ ရှက်စရာကောင်းကြောင်းကို အဲ့ဒီအရွယ်တည်း က နားလည်လာစေသည်။  ကြောက်တတ်သည့် ကျွန်မကို တော့ ပြုံးရွှင်သော မျက်နှာပေးဖြင့်
                   “ သမီးက ဘာလို့ ကျောင်းမှာ သင်တာတွေ ပြန်ပြန်ရေးနေတာလဲ။ စာအုပ်ကုန်ပြီးပင်ပန်းတာပေါ့ ။ မဟုတ်ဘူးလား “                        ဆိုတော့ ကျွန်မက လွယ်လွယ်ပင် ပြန်ဖြေမိသည်။
                  “ ဆရာမ ဆူမှာ စိုးလို့”
                  “ဆရာမက ဘာလို့ဆူမှာလဲ။ုအိမ်စာလုပ်တယ်။ စာတွေလည်း ရတယ် ။  လိမ္မာတယ် ဆို ဆရာမကဆူဖို့ နေနေသာ သာ ပိုတောင် ချစ်ရအုန်းမှာ ဟုတ်တယ် မဟုတ်လား“
                     ဒီတော့ ကျွန်မက ဆရာမကို သွက်သွက်လက်လက်ပင် ကျေနပ်စွာ ခေါင်းပြန်ညိတ်ပြခဲ့သည်။
                 ရုံးပိတ်ရက်တစ်ရက်တော့ မိဘများနှင့် ကြည့်မြင်တိုင်က အသိအိမ်ကိုအရောက် မျက်နှာချင်းဆိုင်အိမ်မှ အမျိုးသမီး တစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်မိသည်။  ခေါင်းလျှော်ပြီးစ ဒူးဆစ်လောက် ဆံပင်တွေကို ဖြန့်ချရင်း တံမြက် စည်းလှည်းနေသူမှာ ဆံထုံးဖြင့်မြင်နေကျ ကျွန်မ ချစ်လည်းချစ်၊ကြောက်လည်း ကြောက်ရသည့် ဆရာမ ဒေါ်သန်းသန်းအေးလေး ဖြစ်နေသည်။ ကျွန်မ သူ့အိမ်ဘက်ကူးပြီး သွားနှုတ်ဆက်တော့ အံ့သြ၀မ်းသာစွာ အိမ်မှာချက်သည့် အုန်းနို့ ခေါက်ဆွဲနှင့် ချစ်တပည့် လူကြီး လူကောင်းကို ဧည့်ခံသည်။ ထိုမှစ၍ ကျွန်မ ဆရာမနှင့် ပိုရင်းနှီးသွားခဲ့သည်။ ကျွန်မကိုယ်တိုင်ကလည်း ဆရာမကို ရိုလည်းရိုသေ ချစ်လည်း ချစ်သည်မို့ တစ်နှစ်တည်းသာ အတန်းပိုင် ဖြစ်ဖူး သော်လည်း သူငယ်တန်းမှ စတုတ္ထတန်းအထိ သီတင်းကျွတ်တိုင်း ဆရာမကို မပျက်မကွက် ကန်တော့ ဖြစ်သည်။ တတိယတန်း သီတင်းကျွတ်တွင်တော့  သူ့အိမ်သားတွေက “သန်းသန်းရေ။ နင့် တပည့် လေး ရောက်နေတယ်”ဟု ပြော လိုက်ရုံဖြင့် ဆရာမက အခန်းထဲမှနေ၍        ..                                                             “ချိုဝတ်ရည် မဟုတ်လား။ သမီး လာမယ်လို့ ထင်တော့ထင်သား“ ဆိုသည့် အသံလေးက လက်ရှိ တပည့်မဟုတ်သည့်တိုင် ကျွန်မကို သတိတရရှိနေပုံကို တိတ်တိတ်လေး ကျေးဇူးတင်ခဲ့ရသည်။
                     ကျွန်မ၏ မူလတန်းကျောင်းသူဘ၀တွင် ဆရာမများ အားလုံးနှင့် ပတ်သတ်ပြီး အမှတ်တရဖြစ်စရာတွေ များလွန်း လှသည်။ ဒုတိယတန်းဆရာမ ဒေါ်ခင်ခင်စောနှင့် တတိယတန်း ဆရာမ ဒေါ်မြကြင်တို့မှာလည်း စာသင် ကောင်းပြီး ကြင်နာ တတ်သော ဆရာမများပင်ဖြစ်သည်။ သူတို့အထဲမှာမှ စာသင်ကောင်းခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းးအပြင် နာမည်ချင်းပင် တူလှသော နောက်ထပ် ဒေါ်သန်းသန်းအေး တစ်ယောက်ကို ငယ်စဉ်ကတည်းက ကြိုပြီး ကြောက်လန့်ခဲ့မိသည်။  သို့သော် ကြီမ်လုံးကို လက်ကမချပဲ အသံသြသြကြီး နှင့် အော်ဟစ် ပြောတတ်သည့် ဖြူဖြူတုတ်တုတ် ဆရာမကြီးမှာ တကယ်တမ်း သဘော မဆိုးပဲ စိတ်ထား ကောင်းမွန်သူတစ်ဦး ဖြစ်ကြောင်း သူ့အတန်း၊ စတုတ္ထတန်း ကျောင်းသူဖြစ်မှ ကျွန်မ သိခဲ့ရသည်။ မုန့်စား ကျောင်းဆင်းချိန်တိုင်း မျောက်ရှံးအောင် ဆော့လေ့ရှိသော ကလေးများကို ကျောင်းရှေ့ဆီးပင်ရှေ့တွင် လက် နှစ်ဖက်နောက်ပစ်ရင်း ကြီမ်လုံးကို ကိုင်လွဲလျက် အကဲခတ် နေတတ်သည်မို့ ကြောက်ခဲ့ကြခြင်း ဖြစ်သည်။ ဒါပေမဲ့ တစ်နေ့ ကျွန်မတို့ မိန်းကလေးအုပ်စု ရုံးခန်းနားက မြေတလင်းမှာ စက်ဝိုင်းသဏာန်ဝိုင်းပြီး ကြက်ဖခွပ်ပြိုင်ကြရာ  ကျောင်းတက်ခေါင်းလောင်း ထိုးသည်အထိ ပြိုင်ပွဲ မပြီးပြတ်သေး၍  အတန်းထဲအ၀င် နောက်ကျသွားခဲ့ကြရာ ဆရာမက အခန်းပေါက်ဝမှာပင် ကျွန်မတို့ကို ဆီးကြို ၍
                 “ ကဲ ဒီလောက်ကြက်ခွပ်ကောင်းကြတဲ့ မိန်းမတွေ ။လာ ထိုင်ထအခါနှစ်ဆယ်လောက် လုပ်” ဟုဆိုရာ ကျွန်မတို့ တစ်တွေ အတန်းရှေ့မှာအားလုံးတန်းစီပြီး နားရွက်ဆွဲ ထိုင်ထလုပ်ကြရသည်။ တကယ်တော့ ကျွန်မတို့ သူငယ်ချင်းတစ်တွေမှာ စာတော်သူများဖြစ်၍ ဆရာမက အနည်းငယ်အချစ်ပိုတတ်သော်လည်း ထူးထူးခြားခြား မျက်နှာလိုက်တာမျိုးတော့ မရှိခဲ့ပါ။  ကျွန်မတို့ ခုနှစ်ယောက်အုပ်စုက စာတော်သူတို့ ထုံးစံအတိုင်း အတန်းထဲမှာ   ဟောင်ဖွာ ဟောင်ဖွာလုပ်တတ် ကြသည့် အကျင့်ရှိ သူများဖြစ်ကြသည်။ အစည်းအဝေးရှိ၍ ဆရာမ ခဏထွက်သွားကာနီးတွင် ကျွန်မတို့ အုပ်စုထဲမှ ဇင်မျိုးနွယ်က မတ်တပ်ရပ် လျှက် လေသံကျယ်ကျယ်ဖြင့် “ဆရာမ ၊သမီး စကားများတဲ့သူ နာမည်မှတ်ပေးထားမယ်” ဟု ဆိုကာ မခိုင်းခင်ကတည်းက တာဝန်ယူကာ မော်နီတာ လုပ်တတ်သည်။ ထိုအချိန်မျိုးတွင် ကျွန်မတို့အုပ်စုမှာ စာရွက်ပေါ်တွင် ပြောချင်သမျှ ကိုအသံ တိတ် ရေး၍တခွီခွီ တခစ်ခစ် လုပ်တတ်ကြသည်။ ဒါပေမယ့် သူက ကျွန်မတို့ နာမည်တွေ ကိုဘယ်တော့မှ မမှတ်။  တိတ်နေသည့် အခန်းထဲ အချင်းချင်း ခဲတံငှား၊ ပေတံငှား၊  စကားံ တစ်ခွန်း နှစ်ခွန်းပြောသူ များကိုတော့ နာမည်မှတ်ပစ်သည်။ ဆရာမပြန်လာ၍ စာရွက်အပ်ချိန် နာမည် အားလုံးကို အော်ဖတ်ရင်းနှင့် “ ညည်း သူငယ်ချင်းတွေက ဘာလို့  မပါတာလဲ ”ဟု သူ့ကိုမေးလျှင် သူကအတည်ပေါက်ကြီးနှင့်..
                  “ သမီး တို့ အုပ်စုက ဘယ်သူမှစကားမများပါဘူး ဆရာမ၊ မယုံရင်သူတို့ကို မေးကြည့်လို့ ရပါတယ်။“ ဟု  တစ်ခန်းလုံး ကို ဦးတည်ပြောလိုက်သည်။ သို့သော် တစ်ခန်းလုံးဆီက မည်သည့် အသံမှ ထွက်မလာပါ။ ဆရာမကလည်း အားလုံးကို သဘော ပေါက်စွာ ဘယ်သူ့ကိုမှ အပြစ်မပေးခဲ့ပါ။  ဒီလိုနှင့်ပင် စတုတ္ထတန်းကျောင်းသူဘ၀ကို လည်း ပျော်ရွှင် စွာ ကျော်ဖြတ်ခဲ့ဖူးသည်။ အတန်းတင် စာမေးပွဲမှာ ဆုရတော့ ဆရာမနှင့် ဆုပေးပွဲမှာ နောက်ဆုံးအကြိမ် ဆုံဆည်းခဲ့ ရသည်။ ကျောင်းစိမ်းဂါဝန် အသစ်လေးနှင့် ဆုယူမည့် ကျွန်မမှာ ပေါင်ပေါ် အအေးပုလင်း တစ်ပုလင်း လုံး ဖိတ်ကျသွား၍ ဓါတ်ပုံရိုက်ဖို့ စိတ်ညစ်နေသည့် ကျွန်မကို ကြည့်ပြီး ဆရာမက ဟန်မဆောင်နိုင်ပဲ ရယ်မောခဲ့သည်။
                     “ ဖြစ်ရမယ်။ ငါ့သမီးနမော်နမဲ့မရယ်။ တော်ကြာ ဆရာမနဲ့ ရိုက်မယ့် ဓါတ်ပုံထဲကျမှ နင့်မှာ ရူးရူးကွက် ကြီးလို ဖြစ်နေဦးမယ်။ ”                  
                    

Friday, November 16, 2012

အမေနှစ်ယောက်၏ သမီး



                            အမေနှစ်ယောက်၏ သမီး

          ကျွန်မ၏ ဘ၀တွင် အမေနှစ်ယောက်ရှိခဲ့ဖူးပါသည်။ တစ်ဦးကိုတော့ဖြင့် အသနားပိုမိပြီး နောက်တစ်ဦးကိုတော့ ကျေးဇူးတင်မိပါသည်။ သို့သော် နှစ်ယောက်စလုံးကို ထပ်တူညီစွာ ချစ်ရပါသည်။
                                      +                          +                          +

          “နင်တို့တွေ ပေါ့မနေကြနဲ့နော်၊ အသည်းရောင်အသားဝါနဲ့ ဖျားနေတာ သုံးလေးရက်ရှိနေပြီ၊ တကယ်ဆို ဆေးတွေ လည်း ပုံမှန်သောက်ရက်နဲ့ အခုအထိ အဖျားမကျသေးတာ၊ ငါတောင် စိတ်ပူလာပြီ....”
          အမေ့ကွယ်ရာမှာ တိုးတိုးတိတ်တိတ် လာသတိပေးပြီးနောက် သူနာပြုဆရာမလည်း ဖြစ်သည့် အဒေါ်ဖြစ်သူက အိပ်ရာပေါ်တွင် ပက်လက်ဖြစ်နေသည့် အမေ့နံဘေး ၀င်ထိုင်ပြီး နဖူးပေါ်မှ ချွေးလေးများကို မျက်နှာသုတ်ပုဝါနှင့် ညင်သာ စွာ သုတ်ပေးနေသည်။ တကယ်တော့ အဒေါ့်စကားက မဆုံးသေး။ ထိုစဉ်က ဆက်ပြောခဲ့သော
          “...နင်တို့အမေက သူများတွေနဲ့မတူဘူး၊ ဘ၀မှာ ရုန်းကန်ရတဲ့အချိန်တွေက အရမ်းများခဲ့တာ၊ သူသာ တစ်ခုခု ဖြစ်သွားရင်ဖြင့်...”
          ရှေ့မဆက်နိုင်တော့သော အဒေါ့်စကားကို ကျွန်မက ဖြည့်စွက်တွေးရင်း ထိပ်လန့်တကြား မေမေ့ကို ပြန်ကြည့် လိုက်မိသည်။ မျက်လုံးကလေးမှိတ်ရင်း အိပ်ရာပေါ်တွင်လှဲကာ ဝေဒနာခံစားနေရသည့် မေမေ့ကို ကြည့်ပြီး အဲဒီ “တစ်ခုခု ဖြစ်သွားရင်” ဆိုသည့်စကားအတွက် ကျွန်မ အမှန်တကယ်ပင် သွေးပျက်သွားမိခဲ့သည်။
          “သမီးတို့ကို ခွဲပြီး ထွက်မသွားပါနဲ့ မေမေရယ်”
          မျက်ရည်ဝဲလျက်က မေမေ့ကိုကြည့်ရင်း ကျွန်မစိတ်ထဲမှ တိုးလျှိုးတောင်းပန်မိသည်။ ဧရာဝတီမြစ်ကြီးကို မေးတင် ထားသော ကသာမြို့ကလေးမှာ လူဖြစ်ခွင့်ရခဲ့သည့် ကျွန်မအား နွေးထွေးစွာ ကမ်းလင့်ကြိုဆိုခဲ့သည့် မေမေ့ကို မျက်လုံး လေးနှစ်လုံး စဖွင့်တတ်ခါစကတည်းက အားကိုးစွာ တွယ်တာချစ်ခင်တတ်ခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ကျွန်မကို ကိုယ်ဝန် ရှိစဉ်မှာပင် ဘဏ်မှာ ငွေကိုင်ရာထူးကို လက်ခံရန် မေမေက ဗန်းမောက်မြို့သို့ ပြောင်းရွှေ့ခဲ့ရသည့် အတွက် မေမေ့ဗိုက်ထဲမှာ ကတည်းက ကသာမှအင်းတော်သို့သွား၊ ယင်းမှ နှစ်ဆယ့်ကိုးမိုင်ခရီးကို တနေကုန်အောင်ကားစီးရသည့် ခရီးကြမ်းကို မေမေ နှင့်အတူ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ကျွန်မကို ကသာမှာ ပြန်မွေးပြီးနောက် တစ်လသမီးလေးဘ၀ကတည်းက ဗန်းမောက်ကို ပြန်ရသည်။ ကသာမှာ ကျန်ခဲ့သည့် ဖေဖေက ဧည့်သည်သွား ဧည့်သည်လာလို ရုံးပိတ်ရက်သုံးရက်ဆက်မှာမှ အပြေးအလွှား လာပြီး ကျွန်မတို့ကို တွေ့ရသည်။ နောက်တော့ ကျွန်မတစ်နှစ်သမီးမှာ ဖေဖေက ဘဏ်မန်နေဂျာရာထူး အသစ် ကို လက်ခံရန် ရန်ကုန်ကို ပြောင်းရွှေ့သွားတော့ ဗန်းမောက်မြို့ကလေး မှာ မေမေနှင့် ကျွန်မနှစ်ယောက် တည်း တစ်ကမ္ဘာတည်ခဲ့ရသည်။ ယင်း အကြောင်းတွေ ကို မေမေ  ပြန် ပြောပြသည့် အခါ မရိုးနိုင်သော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို ကျွန်မပါးစပ် အဟောင်းသားဖြင့် နားထောင် မိစမြဲပင်။
          “မေမေမရောက်ခင် လေးငါးဆယ်နှစ်က ဗန်းမောက်ဆိုတာ သူပုန်တွေဘာတွေဝင်ဖူးတယ်၊ ဘဏ်က ငွေတွေ ဘာ တွေလည်း ယူသွားဖူးတယ်တဲ့၊ အဲဒီအပြင် ရာသီဥတုကလည်း အရမ်းကြမ်းတမ်းတယ်၊ ဒါကြောင့် သမီးကို လသမီးကလေး အရွယ်မှာ အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလို မွေးခဲ့ရတာ၊ သမီးအခု ဘတ်စ်ကားကြပ်လို့ မေမေ့ကို တက်္ကစီငှားခိုင်းရင် သမီးငယ်ငယ်က ကုန်ကားကြီး ခေါင်မိုးပေါ် လိုက်စီးရတဲ့ အဖြစ်ကို ပြန်ပြန်သတိရမိတယ်” ဟုပြောရင်း မေမေကပြုံးနေတတ်သည်။
          “အဲဒီလမ်းက တအားဆိုးပြီး ခရီးသည်သီးသန့် တင်တဲ့ကားမရှိဘူး၊ နေ့စဉ်သွားတဲ့ကားလည်း မရှိဘူး၊ တစ်ရက်ခြား နှစ်ရက်ခြား ရှိတဲ့ကားကို စောင့်စီးကြရတာ၊ ကားရှိတဲ့နေ့ကျတော့ ကုန်တွေကို အမိုးကိုင်းကျော်အောင် အမြင့်ကြီး အပြည့် အမောက်တင်တာ၊ ပြီးတော့မှ အဲဒီကုန်သေတ္တာာတွေ ဆန်အိတ်တွေပေါ်က လူတွေကထိုင်ကြရတာ၊ ဘုန်းကြီးရော၊ ဗိုက်ကြီးသည် ရော၊ ကလေးရော အကုန်အတူတူပဲ၊ အဲဒီကားကြီးက ချိုင့်တွေထဲကျပြီး ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ အရက်မူးသမား တစ်လှမ်းချင်း လျှောက်သလို ဖြည်းဖြည်းမောင်းသွားတာကို ဘုရားတပြီး လိုက်ကြရတာ၊ ကားသမားတွေက တအားကျွမ်းကျင် တော့ ကားမှောက်တာတို့ ဘာတို့တော့ ဖြစ်ခဲပါတယ်၊ တစ်ခါတလေ လမ်းဆိုးလွန်းလို့ ဆင်းလျှောက်ရတာလည်း ရှိတယ်၊ လမ်းကောင်းတဲ့ နေရာရောက်မှ မေမေတို့က ကားနောက်အပြေး လိုက်ပြီး ကားပေါ်ပြန်တက်ရတာမျိုးပေါ့၊ မိုးတအားရွာတဲ့ နေ့ဆိုရင် သမီးလေးကို ရင်ခွင်ထဲလွယ်ပိုးထားရင်း မိုးကာခြုံထားရတာ၊ ကားပေါ်မှာက ထီးဆောင်းလို့လည်း မဖြစ်ဘူးလေ၊ နေသိပ်ပူတဲ့နေ့ကျတော့လည်း သမီးလေးကို ဖေဖေ့ပုဆိုးဟောင်းကလေးနဲ့ အုပ်မိုးပေးထားတာပေါ့၊ တစ်ခါတလေ တောင်ကျရေ ကြောင့် ကားလမ်းတစ်ခုလုံး ရေပြင်ကြီးလိုဖြစ်နေတာလည်း ရှိတယ်၊ ကားသမားတွေက ဘယ်နေရာမှာချိုင့်၊ ဘယ်နေရာမှာကျောက်တုံးဆိုတာကို အလွတ်ရနေတော့ အန္တရာယ်ကင်းအောင် မောင်းနိုင်ပေ မယ့် မေမေကတော့ သမီးလေးကို တင်းတင်း ဖက်ထားခဲ့တာပဲ”ဟု မေမေက ပြန်ပြောပြခဲ့သည်။
          ဖေဖေကလည်း မိသားစုကို ခေါ်နိုင်ဖို့ ရန်ကုန်မြို့ကြီးမှာ ကြိုးစားရုန်းကန်နေကြ ချိန် ဆွေမျိုးတွေအားလုံးနဲ့ဝေးတဲ့ သူစိမ်းနယ်ထဲမှာ အဖော်မပါ မေမေတစ်ယောက်တည်း ဘယ်လိုများ ရပ်တည်ခဲ့ပါသလဲ။ ကျွန်မက ၀ိုးတ၀ါးအတိတ်ကို ပြန်စူးစမ်းမိတော့ မေမေက..
          “အိမ်နီးချင်းမြို့ခံတွေက မေမေ့ကို ဂရုစိုက်ကြသလို သမီးကိုလည်း အရမ်းချစ်ကြတယ်၊ မနက်မိုးလင်းတာနဲ့ သမီးကို ချီချင်တဲ့သူတွေ အလုအယက်ပဲ၊ မေမေရုံးသွားရင်လည်း သမီးကိုတစ်ယောက် တည်း ထားခဲ့ဖို့ မဖြစ်တော့ ရုံးကို  ခေါ်သွားပြီး ရုံးမှာပဲ ပုခက်ကလေးနဲ့ သိပ်ထားရတာ၊ နယ်မြို့ကလေး ဆိုတော့ မေမေ့ဘဏ် ကလည်း အလုပ်သိပ်မများဘူး၊ တစ်နေ့လုံးနေမှ ချက်တစ်စောင်နှစ်စောင် ၊ ငွေလွှဲငွေပို့နည်းနည်း ဒီလောက်ပဲရှိတာ၊ ၀န်ထမ်းတွေကလည်း သဘောကောင်းပြီး သမီးကိုချစ်ကြတယ်၊ ဟိုလူက လာပွေ့သွားလိုက် ဒီလူက လာချီသွားလိုက်နဲ့ သမီးက ငယ်ငယ်ကတည်းက လူမကြောက် တတ်ဘူး ဖြစ်တာပေါ့၊ မှတ်မှတ်ရရ သမီးလေးဖက်တွားတဲ့အရွယ်မှာ မေမေက ရေနွေးပွက်ပွက်ဆူကို မတ်ခွက်ထဲလောင်း ထည့်ပြီး ဟိုဖက်လှည့်ရုံရှိသေး၊ သမီးက လေးဖက်တွားပြီး ဖျတ်ကနဲရောက်လာ ပြီး ရေနွေးခွက်ထဲ စွပ်ကနဲနှိုက်လိုက်တာ၊ အပူလောင်ပြီး အာခေါင်ခြစ်ပြီး အော်ငိုတော့ တာပဲ၊ မေမေ လည်း ခြေမကိုင် မိ လက်မကိုင်မိနဲ့ သမီးအာပြဲနဲ့ငိုသံကြောင့် အိမ်နီးချင်းတွေ ရောက်လာမှ သူတို့အကူအညီ နဲ့ဆေးပြာလိမ်း၊ ပြီးတော့ ဆရာဝန်ဆီပြေးရတာပေါ့၊ ဆရာဝန်အိမ်ကလည်း ဝေးတယ်၊ ဒါပေမဲ့ ကံကောင်းလို့ သမီးမှာ အဲဒီအပူလောင်တဲ့အမာရွတ်မကျန်ဘူးတာ၊ ဆေးခန်းက ပြန်တော့ စိတ်မကြည်ပဲ ဘယ်သူပွေ့လို့မှမရတော့လို့ မေမေပဲတစ်လမ်းလုံးပွေ့ပြီး ပြန်ခဲ့ရတာပေါ့”
          ကျွန်မ မမှတ်မိနိုင်တဲ့အရွယ်က အဖြစ်အပျက်ကလေးများကို မေမေက ကြုံလျှင်ကြုံသလို ပြောပြပြီး ဖေဖေရှိရာ ရန်ကုန်မြို့ကြီးသို့ မေမေနှင့်လိုက်သွားခွင့်ရ သည့် နှစ်နှစ်အရွယ်မှစပြီး ဘ၀ပုံရိပ်များကိုတော့ ကျွန်မ မှုန်တီးမှုန်ဝါး အမှတ်ရ လျက် ရှိသည်။ ဖေဖေနှင့် နှစ်နှစ်လောက် ခွဲနေရပေ မယ့် ဗန်းမောက်ကိုဖေဖေလာဖူးသည့် အခါ ဆော့ကစားပေးနေကျမို့ ဖေဖေ့ကို လည်း တွယ်တာပါသည်။ ထိုစဉ်က ဖေဖေကသာပြန်မှာမို့ ကားဂိတ်သို့ လိုက်ပို့စဉ် မေမေငိုသည့်အခါ ကျွန်မလည်း လိုက်ငို သည်ဟု လူကြီးတွေ ပြန်ပြောပြမှသာ ကျွန်မသိသည်။ နှစ်နှစ်သမီးမှာ အဖေနှင်ပြန်နေခွင့်ရတော့ အဖေက အားလပ်ချိန်များမှာ ပုံပြင်ပြောပြ၊ စာအုပ်ထူကြီးများကို ကလေးနားလည်နိုင်သည့် စကားတို့ဖြင့် အစားထိုးပြီးဖတ်ပြသည့်အပြင် တစ်ခါတရံ ကျွန်မနှင့် စိတ်ရှည်လက်ရှည် ဆော့ကစားတတ်သဖြင့် ကျွန်မပျော်ပါသည်။ သို့သော် တခြားအချိန်များတွင် ဖေဖေ့ကို မေမေနှင့် ထပ်တူ လက်ခံနေရာပေးလိုပြီး ကျွန်မအိပ်ချင်ပြီဆိုလျှင်တော့ ညပဲဖြစ်ဖြစ် ရှားရှားပါးပါး ရုံးပိတ်ရက်များမှာ နေ့ပဲဖြစ်ဖြစ်  မေမေသိပ်မှသာ အိပ်လိုသည်။ ပုခက်လွှဲလည်း မေမေမှ၊ တေးဆိုသိပ်လည်း မေမေမှ ဆိုသည့်သမီးကြောင့် မေမေ့မှာ တာဝန်တွေ ပိုပိနေတတ်သည့်အတွက် ဖေဖေက ကျွန်မအတွက် အိပ်ရာဝင်ကဗျာကလေးတစ်ပုဒ် လက်တန်း ရေးစပ်ပေးသည်။
          “အိမ်ရှေ့ခန်းက တန်းလေးထိပ်
            သမီးပုခက်ချိတ်
             ဖေဖေသိပ်သိပ် မေမေသိပ်သိပ်
              သမီးလေးက အိပ်”
          ဒီကဗျာကလေးရွတ်သံကြားသည့်အခါ မေမေတစ်ယောက်တည်း သိပ်မှ အိပ်ချင်သော ကျွန်မအနေဖြင့် အဲဒီကဗျာ လေးဖြင့် ချော့သိပ်တတ်သော ဖေဖေ့တေးသံအောက်မှာ မျက်လုံးကလေးမှိတ်ပြီး အိပ်စက်ရသည်သာ။ ဒီကဗျာကလေးကြောင့် ဖေဖေသိပ်သိပ် မေမေသိပ်သိပ် အိပ်တဲ့သမီးလေး ဖြစ်လာခဲ့သည်။
          မူကြိုတက်သည်မှ ကျောင်းနေစကာလအထိ ကျောင်းသွားကာနီးတိုင်း ငိုတတ်သည့်ကျွန်မ အကျင့်က တော်တော်နှင့် မပျောက်။ အဓိကက တခြားသူငယ်ချင်းများ၏ အမေတွေလို အမေ့ကို နေ့စဉ်ကျောင်းပို့ကျောင်းကြို လုပ်ပေးစေချင်တာ ဖြစ်သည်။ ရုံးသမားဖြစ်သော အမေက ကျွန်မဆန်္ဒကို မဖြည့်ဆည်းနိုင်။ သို့သော် ရုံးကပြန်လာသည့်အခါ ပိန်လှီတွန့်ကောက်နေ သော ကျွန်မ၏ ၀လုံးများ ၀ိုင်းစက်လာအောင် ဖြည်းဖြည်းချင်း ဆင့်တက်ပြုပြင်ရာမှာ စိတ်ရှည်ခဲ့သလို ကျွန်မ လွယ်ကူစွာ မှတ်မိနိုင်မည့် အင်္ဂလိပ်ကဗျာလေးများကိုလည်း ဆရာမ မသင်ခင် မေမေက ကြိုတင်သင်ပေးခဲ့ပြီး ဖြစ် သည်။ မေမေ့၏ ၀ိုင်းစက်သောဝလုံးလေးများက ကျွန်မစာအုပ်များ ထဲမှာသာမက ကျောင်းမသွားမီ ကျွန်မ၏ မို့မို့မောက်မောက် ပါးလေးနှစ်ဖက် တွင်လည်း ၀င့်ကြွားစွာ နေရာယူတတ်စမြဲ ဖြစ်သည်။ ဒါတင်မက အလှမက်တတ်သူမို့ မေမေသနပ်ခါးလိမ်းပေးပြီးတိုင်း ပါးကွက်ဘယ်ဖက်နှင့် ညာဖက်မညီ လျှင် ကျောင်းမသွား ချင်ဟု ငိုကြွေးဂျီကျတတ်ပြီး ကျွန်မစိတ်တိုင်းကျသည်အထိ သုံးလေး ကြိမ် ပြန်ပြင်လိမ်းပြီးမှ ကျောင်းသွားတတ်ခြင်းကိုလည်း ကျွန်မအရွယ်အတော်ရသည်အထိ မိသားစုထဲ တွင် ပြောစမတ်တွင်ခဲ့သည်။
          ငယ်ငယ်တုန်းက ကျွန်မအလှအတော်မက်ပုံများ ကိုယ့်ဖါသာပြန်တွေးကြည့်၍ပင် မယုံချင်စရာ။ ကျောင်းသွားကာ နီး လက်ကိုင်ပုဝါချိတ်ပေးသည့်အခါ ကျွန်မက ရိုးရိုးတွယ်ချိတ်ဖြင့် မတွယ်ချင်ပဲ ချစ်သူဘ၀မှာ ဖေဖေက မေမေ့ကို အမှတ် တရ ချစ်လက်ဆောင်အဖြစ် ၀ယ်ပေး ခဲ့သော ကျောက်စီ ရင်ထိုးလှလှလေးများကို တစ်နေ့တစ်မျိုး မရိုးအောင် တွယ်ချင်သည်။ သည်လိုဖြင့် အမေမသုံးရက်ပဲ အမြတ်တနိုးသိမ်းထားသော ထိုရင်ထိုးလေးများမှာ ကျွန်မလက်ထက်ကျမှ ပျက်စီးပျောက်ပျက် ကုန်တော့သည်။ သူတို့၏ အမှတ်တရပစ်္စည်းကလေးများ ကျွန်မက နားမလည်စွာ ဖျက်ဆီးဖျောက်ဖျက်ပစ်ခြင်းကို ဖေဖေရော မေမေကပါ အပြစ်မပြောကြပါ။         သို့သော် နေ့စဉ်သုံးနေကျ ကျောင်းသုံးပစ်္စည်းများဖြစ်သည့် ခဲတံ၊ ပေတံ၊ ခဲဖျက်များ ပျောက်ပြီး ကွန်ပါဘူးအဖုံးများလည်း တစ်စစီဖြစ်လျှင်တော့ မေမေက လွန်စွာ စိတ်ဆိုးလေသည်။ အခုပြန်တွေးကြည့်တော့ အမြတ်တနိုးပစ္စည်းများကို မတော်တဆ ပျောက်ပျက်ခြင်းကို ခွင့်လွှတ်ပေးနိုင်သော်လည်း ကျောင်းသူတစ်ယောက်အနေဖြင့် ကျွန်မ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားမည်ကို လက်မခံနိုင်ခြင်းဖြစ်မည်ဟု နားလည်လာရသည်။
          ““ပေတံပျောက်ရင် လက်ဆစ်ကို ပေတံနဲ့ခေါက်မယ်၊ ခဲဖျက်ပျောက်ရင် ခဲဖျက်အသစ်ကို လည်ပင်းမှာ ဆွဲပေးမယ်၊ ခဲတံပျောက်ရင်တော့ ထိုင်ထအခါ ငါးဆယ်လုပ်ရမယ်””
          ကျောင်းသွားကာနီးတိုင်းလို အမေမှာနေကျစကားဖြစ်ပြီး အမြဲနားစွဲသွားကာ ရင်ထိုးတွေပျောက်တုန်းကလို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ဟု သိနားလည်လာ ကာ နေ့စဉ်သုံးပစ်္စည်းများကို ကျောင်းသူငယ်ဘ၀ကတည်းက ထိန်းသိမ်း တတ်သော အလေ့အကျင့်ကောင်း ရလာခဲ့သည်။