Labels

Showing posts with label အခန်းဆက်ဆောင်းပါး. Show all posts
Showing posts with label အခန်းဆက်ဆောင်းပါး. Show all posts

Monday, December 31, 2012

ရေကြည်သော်လည်း မြက်မနုရာ- ၇

                                              ရေကြည်သော်လည်း မြက်မနုရာ- ၇

             တကယ်တမ်းတော့ ကျွန်မရဲ့ သူငယ်ချင်းအသစ်ဖြစ်တဲ့ ကယ်လ်ဗင်မှ မဟုတ်ဘယ်ယောက်ျားလေး ကမှ စက်ချုပ် ၀ါသနာပါ တယ် ဆိုရင်တောင် အခုလိုမျိုး အမျိုးသမီး ရေကူးဝတ်စုံနဲ့ အတွင်းခံတွေ ချုပ်တဲ့ အထည်ချုပ်စက်ရုံမှာ စက်ချုပ်သင်ဖို့ စိတ်ကူးမိမှာမဟုတ်ဘူး။ ဘုမသိ ဘမသိနဲ့ စက်ပြင်ဆရာနောက် ၀က်အူ လှည့်လေး တစ်ချောင်းကိုင်ပြီး တကောက်ကောက်လိုက်ရင်း ပညာသင်ရတဲ့ ဘ၀ကို သူလိုချင် မှာမဟုတ်တာ ကျွန်မ နားလည်နေမိတယ်။ ဩဒါကြောင့်လည်း သူက ဩဒီစက်ရုံခွဲ ဖြစ်တဲ့ ပိတ်ယက်တဲ့ စက်ရုံမှာ တခြား မြန်မာအစ်ကိုတွေနဲ့ အတူ အလုပ်လုပ်ချင်တယ်လို့ အန်တီရှယ်လီကို ပြောခဲ့ဖူး တာပဲ။ ဩဒါပေမဲ့လည်း ဩသူတို့ ကျွန်မတို့ဆိုတာက ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်နေချင်တဲ့ နေရာကို ကိုယ့်ဆန်္ဒရှိတဲ့ အတိုင်းရွေးချယ်ခွင့် မရတော့လည်းခက်သားပဲ။ ဒါကြောင့် ကျွန်မကိုယ်တိုင်က ကိုယ့်ရာထူး ပေါက်စန လေးရဲ့ တာဝန်တွေ ယူနိုင်အောင် မနည်းကြိုးစားနေရတုန်း ဆိုတော့ ကယ်ဗင်ကို သူတို့ ဘယ်နေရာအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံကနေ တကူးတကခေါ်ခန့်ထား ရသလဲ ဆိုတာ မှန်းဆတွေးတောလို့ မရခဲ့တာအမှန်ပါပဲ။
             ရိုးရိုးပဲ စဉ်းစားလိုက်ရင်တော့ လက်ရှိသူရဲ့ရာထူးက ( မက်ကဲနစ်)ခေါ် စက်ပြင်ဆရာပေါ့။ ဩဒါတောင်မှ သူက ဒီရာထူးမှာ လက်ထောက် စက်ပြင်ဆရာအဆင့်။ တကယ်တမ်းပြောရရင် စက်ပြင်ဆရာရဲ့ တာဝန်က ထုတ်လုပ်မှုဌာနရော၊ နမူနာဌာနရော ရှိသမျှ စက်ချုပ် သမလေးတွေရဲ့ စက်ချုပ်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ ပြဿနာမှန်သမျှ ရှင်းပေးဖို့ တစ်နေကုန် အသင့်ရှိနေရ တဲ့သူတွေပါ။ ကျွန်မရောက် စတုန်းက နမူနာစက်ခန်းထဲမှာ ကျွန်မစက်ချုပ်ရင်း ပြဿနာတစ်ခုခုပေါ်ရင် စက်ခန်းထဲက ကောင်မလေးတွေက ထုတ်လုပ်မူဌာနနဲ့ ကပ်လျက် အခန်းကျဉ်းလေးထဲ စုပြုံရှိနေတတ်တဲ့ စက်ပြင်ဆရာတွေထဲမှ တစ်ယောက်ယောက်ကို ခေါ်ပေးလေ့ရှိပါတယ်။ အခုတော့ ကျွန်မက စကားလည်း အတော်အတန် ပြောတတ်လာသလို ကိုယ်စက်ချုပ်ရင်းတွေ့တဲ့ ပြဿနာတွေကို ကိုယ့်ဖာသာဖြေရှင်းဖို့ တာဝန်ရှိတာ သိလာတော့ စက် တစ်ခုခုဖြစ်ရင် ကျွန်မ ကိုယ်တိုင်ပဲ စက်ပြင်ဆရာ တစ်ယောက်သွားခေါ် ရပါတယ်။ အဲ့ဒီအခါ ထုတ်လုပ်မူဌာနမှာ ပြင်လက်စ စက်တစ်လုံးနဲ့ ကယ်ဗင် ကို တွေ့ရတတ်ပါတယ်။ ထုတ်လုပ်မူဌာန မှာ ကျွန်မတို့ နမူနာအခန်းလို အဲယးကွန်း တပ်မထားတာကြောင့်  ပူအိုက်တဲ့ အဲ့ဒီနေရာရဲ့ နောက်ဆုံး ခုံ နေရာလေးမှာ ချွေးတဒီးဒီးကျပြီး စက်အဖုံးကို ဖွင့်ကာ ကလိနေတဲ့ သူ့ကိုတွေ့ရပါ တယ်။ သူတို့စက်ပြင်ဆရာတွေ အားလုံးစုနေတဲ့ နေရာမှာလည်း ပျက်နေတဲ့စက်တွေ ရယ် ပြင်လက်စ စက်တွေရယ်နဲ့ ပြည့်နေတဲ့ စားပွဲရှည်ကြီးတစ်လုံးနဲ့ ထိုင်ခုံသုံးလေးလုံး လောက်သာတွေ့ရ တယ်။ ပူအိုက် တဲ့ နေရာမို့ ပန်ကာတစ်လုံးတော့ တပ်ပေးထားတာလည်း တွေ့ရပါတယ်။ သူတို့ မက်ကဲနစ်ယူနီဖောင်း ကတော့ အပြာရင့်ရောင် ထက်အောက် ဆင်တူဖြစ်ပြီး နိုင်ငံခြားသား ဖြစ်တဲ့ ကယ်ဗင်တစ်ယောက်ကတော့ ကျွန်မတို့လို ကိုယ်နှစ်သက်ရာဝတ်စုံကို ရုံးချိန်တွင်းမှာပဲ ၀တ်ခွင့်ရပါတယ်။
          ကျွန်မက ကိုယ့်ကိစ်္စ အတွက်စက်ပြင်ဆရာ လာခေါ်ရပေမဲ့ ကျွန်မလို အအေးခန်းထဲမှာ အလုပ်လုပ် ရင်း၊ အလုပ်သင်ခွင့် မရရှာတဲ့ သူ့ကို ကြည့်ြ့ပီး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ အမြဲထိုင်လေ့ရှိတာ မဟုတ်ပေမယ့် ရုံးရောက်တာနဲ့ ကျွန်မစားပွဲရယ်လို့ အသိအမှတ်ပြုလို့ ရနိုင်တဲ့ အလူမီနီယံစားပွဲနဲ့ ဆိုဖာထိုင်ခုံလေး နဲ့ ဟန်နဲ့ပန်နဲ့ရှိချိန်မှာ သူ့မှာတော့ ဘုံစားပွဲရှည်ကြီးမှာပဲ အကြောင်းအမျိုးမျိုး နဲ့ ပြင်စရာရှိနေတဲ့ စက် အစုတ်ပလုတ် တွေနဲ့ပဲ နှစ်ပါးသွားနေရတယ်။ သူ့ကိုစားပွဲနဲ့ခုံသီးသန့်ထုတ် မပေး သေးတာကလည်း သူ့အလုပ်က ထိုင်ခုံမှာ ထိုင်ရင်း တသတ်မတ်တည်းလုပ်ရမဲ့ အလုပ်မျိုးမှမဟုတ်ပဲ။ သူတို့ထုတ်လုပ်မူပိုင်းမှာ နည်းမျိုးစုံနဲ့ ပျက်တဲ့ စက်တွေကို အချိန်မီပြန်ပြင်ဖို့ မက်ကဲနစ်တွေက စက်ချုပ်သမလေး တွေ နားမှာ အမြဲအဆင်သင့်ရှိနေရတယ်။ ဒါမှလည်း ပျက်နေတဲ့စက်ကို အမြန်ဆုံး ပြီးအောင် ပြင်ဆင်ပေးပြီး ဒါမှလည်း တစ်နေ့ ဘယ်လောက်ထွက်ရမလဲ ဆိုတဲ့ သတ်မှတ်နှုန်းများအတိုင်း စက်ချုပ်သမတွေက အချိန်မီပြီးစီးနိုင်အောင် ချုပ်နိုင်မှာ ဖြစ်ပါတယ်။ စက်တစ်လုံးက အလုပ်ချိန် အတွင်း ချုပ်နေရင်းနဲ့ ပျက်သွားခဲ့ရင် နီးစပ်ရာ စက်ပြင်ဆရာက ချက်ချင်း ကူညီပေးရပါတယ်။ အဲ့ဒီလို ကူညီတဲ့ နေရာ မှာ စက်ပြင်ဆရာတွေ့ရဲ့ အရည်အချင်းကလည်း အဓိက အရေးကြီးတယ်။ ဘာကြောင့်လဲ ဆိုတော့ နမူနာအခန်းတွကိ စက်ပြင်ဆရာ ခေါ်တာတောင်မှာ  အချိန်တိုလေးအတွင်း အမြန်ဆုံးစက် ကို ကောင်းအောင်ပြင်နိုင်မဲ့ လူကိုသာ နာမည်တပ်ပြီး  ခေါ်လေ့ရှိကြတယ်။ အခုလိုမျိုး တစ်နာရီ ဘယ်နှထည်ထွက်ဖို့ စံသတ်မှတ်ချက်ရှိတဲ့ ထုတ်လုပ်မူလိုနေရာမျိုးမှာဆို  အရည်အချင်းရှိတဲ့  စက်ပြင်ဆရာ ကိုသာ ပိုလိုလားကြမှာပါ။
           ဒါကြောင့်လည်း ကယ်ဗင်ကို ကျွမ်းကျင်တဲ့ စက်ပြင်ဆရာဖြစ်လာဖို့ အားထားပေမဲ့၊ သူက စက်ပြင်တဲ့ အလုပ်ကို စိတ်မ၀င်စား သေးတာမို့ အခြေခံဖြစ်တဲ့ စက်နင်းတာကို သင်ဖို့ သင့်တဲ့အကြောင်း သူ့ဆရာက အန်တိရှယ်လီ့ကို ပြောပြပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ ထုတ်လုပ်မူဌာနက လကုန်ပိုင်းပစ်္စည်းပို့မယ့် အချိန်လောက်သာအိုဗာတိုင်ဆင်းပြီး ကျန်တဲ့ အချိန်တွေမှာ ညနေလေးနာရီ ထိုးတာနဲ့ ထုတ်လုပ်မူ ဌာနကို မီးပိတ်ပြီး အလုပ်သမားတွေ အားလုံးလည်း အိမ်ပြန်ကြပါတယ်။  အဲ့ဒီအချိန်ဆို ကိုယ်တော်ချောကလည်း လုပ်စရာ အလုပ်မရှိဘူးဆိုပြီး ကန်တင်းမှာ သွားထိုင်နေတာမျိုး၊ စက်ရုံထဲက ခုံတန်းမှာ အလုပ်သမား တချို့နဲ့အတူ နားနေတာမျိုးလုပ်သတဲ့။ တကယ်လို့ သူကိုသာ စက်ချုပ်သင်ပေးမယ် ဆိုရင် စက်တွေအကြောင်း ပိုမိုနားလည်နိုင်ပြီး ချည်ကြောင်းအစိတ်အကျဲတွေလည်း ငြိလို့ရနိုင်တယ်လို့ ဆုံးဖြတ်ပြီး သူတို့ ထုတ်လုပ်မူဌာန က လိုင်း ခေါင်းဆောင် အမျိုးသမီးလက်ထဲကို အပ်လိုက်တဲ့ အကြောင်း ကျွန်မကြားရပါ တယ်။ ဒီတော့ သူက ဆရာနှစ်ယောက် ဆီမှာ တပြိုက်နက်တည်း မဖြစ်မနေ တပည့်ခံရတဲ့ ဘ၀ရောက်သွားတယ်။ သူ့ကို ထမင်းစားချိန်မတိုင်မီမှာ မက်ကဲနစ်ဆရာက စက်ပြင်ခိုင်းပြီး ညနေပိုင်း မှာတော့ လိုင်းခေါင်းဆောင် ကြီးကြပ်ရေးမှူး (စူပါဗိုက်ဇာ) အမျိုးသမီး ဆီမှာ စက်ချုပ်သင်ခိုင်းထားတဲ့ အကြောင်း ကြားရတယ်။ ထုတ်လုပ်မူပိုင်း က လူတွေအားလုံး ပြန်ကြလည်း သူထိုင်ချုပ်နေတဲ့ စက်ရဲ့လိုင်းမှာ မီးမပိတ်ပဲထားခဲ့တာမို့ သူက ညနေခြောက်နာရီကျော် ခုနှစ်နာရီလောက်အထိ စက်ချုပ်ပြီးမှ ပဲ ပြန်ဖြစ်တော့ပါတယ်။
            တစ်ရက်တော့ ရုံးပြန်ခါနီး ကားစောင့်နေတုန်းသူနဲ့ဆုံရတယ်။ သူကလည်း ကျွန်မတို့နဲ့အတူ အဆောင်မှာ ပဲနေတာမို့ အဆောင် ပြန်ဖို့ ကားအတူစောင့်ရင်း စကားပြောဖြစ်ပါတယ်။ ကျွန်မတို့နှစ်ယောက်စလုံးက နှစ်ဆယ့်တစ်နှစ်အရွယ် ဘွဲ့ရပြီးခါစ အလုပ်မလုပ်ဖူး တဲ့ သူတွေမို့ နင်နဲ့ငါ လို့ပဲ ရင်းရင်းနှီးနှီး ပြောဆိုဖြစ်ကြတယ်။ အဲ့ဒီအချိန်မှာ ကြီးမေလင်းနှင့် အစ်မနှစ်ယောက်ကလည်း ကားစောင့်ရင်း စက်ရုံ လှေကားထစ်လေး တွေမှာထိုင်ပြီးစကားပြောနေကြတယ်။ ကျွန်မတို့ ရွယ်တူနှစ်ယောက်ကလည်းတစ်ဝိုင်းပေါ့။
            ””နင်ကဘာနဲ့ ကျောင်းပြီးတာလား။ ဒီမှာ အလုပ်လုပ်ရတာ အဆင်ပြေလား”            ””ကျွန်မမေးချင်တဲ့စကားကို သူကဦးအောင်မေးလိုက်ပါတယ်””
           ””ငါက အီကိုနဲ့ကျောင်းပြီးတာလေ ။ အလုပ်က အဆင်ပြေလားဆိုတော့ အင်းဩဩ.. ဒီလိုပါပဲ အခုမှဘောင်းဘီစချုပ်တတ်တာ၊ တခြားအထည်တွေကိုတော့ ကူတဲ့အဆင့်ပဲ ရှိသေးတယ်။ ငါကို သူတို့က လက်ထောက်ဒီဇိုင်နာရာထူးပေး ထားတာဆိုတော့ ဒီဇိုင်းဆွဲတတ်တဲ့ အဆင့် ရောက်အောင်တော့ ကြိုးစား ရမှာပေါ့””
           ””နင်တို့ဆီမှာ သူဌေးက တိုက်ရိုက်အုပ်ချုပ်တာနော်။ အန်တီရှယ်လီ့ဆီ ဘာလို့ မသွားတာလဲ။ အန်တီရှယ်လီရဲ့ ဌာနမှာဆို သူဌေးက သူကို လွဲထားတာမို့ သူက အဲ့ဒီဌာနမှာ ရာထူး အကြီးဆုံးပဲလို့ငါ ရန်ကုန်မှာ နေကတည်းက ကြားဖူးတယ်””
           ””နင်ကရော ဘာနဲ့ ကျောင်းပြီးတာလဲ””
           ””ငါက ဓါတုဗေဒနဲ့ ဘွဲ့ရတာဟ””
           ””အေးလေ ဒါဆိုနင့်ကိုရော ဘာလို့ ကိုပီတာတို့လို အရောင်တွေစပ်တဲ့ နေရာမျိုးမှာ မထားတာပဲ မက်ကဲနစ် လုပ်ခိုင်းရတာလဲ””
           ””အေးဟ အဲ့ဒါတော့ ငါလည်း မသိဘူး။ စဉ်းစားစရာပဲ””
           ””ဘာတွေ စဉ်းစားစရာ ဖြစ်နေတာလဲ””
           အဲ့ဒီအချိန်မှာပဲ ကားသမားမျှော်ရင်း ကျွန်မတို့နားကိုရောက်လာတဲ့ မစနီ်္ဒက မေးလိုက်ပါတယ်
           ””ဒီမှာ ကျွန်တော်တို့လုပ်နေရတဲ့ အလုပ်တွေက ကျွန်တော်တို့သင်ထားတဲ့ပညာတွေနဲ့ ဘာမှမဆိုင်တဲ့အကြောင်း စဉ်းစားစရာ ဖြစ်နေ တယ်လို့ ပြောတာပါ အစ်မရာ””
           ””သြော် နင်တို့ အဲ့ဒါတွေဘာမှ လျောက်စဉ်းစားမနေနဲ့။ ကိုယ်က ကံကောင်းလို့ ဒီကိုရောက်လာရတာ။ သူတို့ချပေးထားတဲ့ နေရာ မှာသာ အဆင်ပြေအောင်လုပ်ဩ၊ နောက်ကျွမ်းကျင်သွားရင် တာဝန်တွေခွဲပေးလိမ့်မယ်။ အဲ့ဒီအခါ ချယ်ရီကလည်း ဒီဇိုင်းဆွဲတတ်လာရင်တောင် စာရင်းတွေ ဘာတွေ ကော်စတင်တွက်တာတွေဘာတွေ လုံးဝ နားမလည်ရင်တော့ မဖြစ်သေးဘူး။ သိအောင်တတ်အောင် လေ့လာရဦးမှာ။ ဒီလိုပဲ ကယ်ဗင်ကလည်း အခု စက်ပြင်တာ အပြင် စက်ချုပ်တာပါ သင်နေတော့ အဲ့ဒီ နှစ်မျိုးလုံးတတ်သွားရင်တောင် နောက်ထပ် ပိတ်စအကြောင်း၊ မိုးလ်ဒင်း (ပိတ်စကို အပူပေးပြီး ဘရာစီယာပုံသွင်းသည့်အလုပ်) အကြောင်း၊ ပိတ်ဖြတ်တဲ့ ဌာနတွေအကြောင်း တွေလေ့လာ ရဦးမှာ””
          ””ဗျာ ဒါဆို ကျွန်တော်တို့တွေ အားလုံးက အော်အင်ဝမ်းပေါ့ ””
          သူ့စကားကို ကြားတော့ မစနီက ပြုံးသွားတယ်
          ””အေးဟယ် ဩအဲ့လိုပဲ ပြောရမှာပဲ။ တက်စတိုင်း (အထည်ချုပ် လုပ်ငန်း) ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ နင်တို့လိုမျိုး အဝေးကနေ လာအလုပ်လုပ်တဲ့ ဖော်ရိန်းနာတွေ မပြောနဲ့ ဒီကအင်ဒိုတွေလည်း သူတို့နေရာလေးမြဲဖို့ အလုပ်ထဲမှာ ရာထူးတိုးဖို့ ကိုယ်နဲ့ ဆက်စပ် နေတဲ့ လုပ်ငန်း မှန်သမျှ အကြမ်းဖျဉ်းနားလည်အောင် လေ့လာထားရတာပဲ””
        ””ကျွန်တော် အမတို့ဆီမှာ သိချင်တာ တစ်ခုရှိတယ်။ အခု ချယ်ရီတို့ အစ်မတို့ အလုပ်လုပ်နေတဲ့ နမူနာအခန်းမှာ ဟို ဒီဇိုင်နာ အဖွားကြီးက  သူက အကြီးဆုံးပေါ့ ဟုတ်တယ်မဟုတ်လားဩဆို မဒေလီကရော ဘာလုပ်တာလဲ””
        သူလည်း ကျွန်မရောက်စတုန်းကလိုပဲ ဒီဇိုင်နာမဟုတ်တဲ့ မဒေလီကို ကွန်ပြူတာတစ်လုံးနဲ့ တစ်ခန်းလုံးကို ဟိုခိုင်းဒီခိုင်း လုပ်တတ် တာကို ကြည့်ပြီး မေးပုံရပါတယ်””
        ””သြော် သူက ငါတို့နဲ့ အသက်အတူတူဆိုတော့ ကြီးမေလင်း လက်အောက်ကပဲပေါ့။ သူက ကြီးမေလင်း ၀ယ်သူ ရောင်းသူတွေ စက်ရုံကို လာလို့ တွေ့ဆုံစကားပြောရင် အင်္ဂလိပ်လို ကူညီပြောပေးတဲ့သူပေါ့။ သူက အင်္ဂလိပ်လို ကောင်းတော့ သူကနေတဆင့် ၀ယ်သူ ဆီ အထည်ပို့ ပေးတဲ့အခါ ပို့ရမဲ့နေရာတို့ ပို့မဲ့အချိန်တို့ အပြန်အလှန်ပြောပေးရတာပေါ့””
       ””ဒါဆို ကျွန်တော်ဆီမှာရော ဘယ်သူက အကြီးဆုံးလဲ ””
       ဒီကိုရောက်တာ တစ်လလောက်ပဲ ရှိသေးတဲ့  ကယ်လ်ဗင်တစ်ယောက်သိချင်တာတွေက များပြာလှပါတယ်။
       ””ကျွန်တော် အခုစက်ပြင်တာ လိုက်သင်နေတဲ့ သူက မက်ကဲနစ်ထဲမှာ ခေါင်းဆောင်ပေါ့။ ဒါပေမဲ့ အခု စက်လိုင်းတစ်လိုင်းဆီမှာလည်း ခေါင်းဆောင်တွေရှိပြန်တယ်။ အဲ့ဒီထဲက တစ်ယောက်က ကျွန်တော့်ကို အခုစက်ချုပ်သင်ပေးနေတယ်။ ဒါပေမဲ့ ကျွန်တော်သိချင်တာ ဒီ ထုတ်လုပ်မူဌာနတစ်ခုလုံးကို အုပ်ချုပ်တဲ့သူ မရှိဘူးလား။ အဲ့ဒီလူက ဘယ်သူလဲ အဲ့ဒါကို ကျွန်တော်က အဲ့ဒါကို သိချင်တာ””
       ””ရှိတာပေါ့။ အဲ့ဒါနင့်ဆရာ ဖြစ်လာမဲ့လူပဲလေ။ သူ့နာမည်က ရစ်ချက်တဲ့ ၊မြန်မာတော့ မဟုတ်ဘူး။ ဖစ်လပင်း ။အခု အလုပ်ကိစ်္စနဲ့ ထိုင်း ကို ခဏသွားတယ်။ သူပြန်လာရင် နင်ကတပည့်ခံပြီး သူ့နောက်ကနေ လိုက်ကူရမှာ။ အဲ့ဒီလို လိုက်ကူဖို့ အတွက် နင်ကို အလုပ်တွေ သင်ပေးနေတာလေ။ ရစ်ချက် က အတွေ့အကြုံတွေ များတော့ တော်တယ်။ ဒါနဲ့အခု လောလောဆယ် နင့်တို့ဆီမှာ နေ့တိုင်း ဆူပူအော်ဟစ် နေတဲ့ မိန်းမ တစ်ယောက်ကို မတွေ့ဘူးလား။ သူကတော့ လိုကယ်(ဌာနေ) အင်ဒိုမပဲ ။ သူ့နာမည်က အားနားတဲ့ သူက စရိုက် ကြမ်းလို့ သူဌေးက သူ့ကို လွဲထားတယ်။ ထုတ်လုပ်မူဌာနရဲ့ လက်ထောက် မန်နေဂျာလို့ပဲ ပြောရမလား ။ ရစ်ချက်မရှိရင် သူက နင်တို့ ဌာနမှာ ဘောစ်ပေါ့””
       မစနီ အပြောကို နားထောင်ရင်း ကယ်ဗင်မျက်နှာရှုံလို့ သွားတယ်
       ””အခုလောလောဆယ်တော့ သူက ကျွန်တော်တို့ဆီမှာ အကြီးဆုံးပေါ့လေ””
       ””အင်းပေါ့။ ထုတ်လုပ်မူဌာနဆိုတာကလည်း လူပေါင်း လေးရာ ငါးရာကို အုပ်ချုပ်ရတာ ကြမ်းနိုင်မှ တော်ကာကျမှာပေါ့ ””
       ””ကျွန်တော်မျက်စိထဲတော့ သူ့ကို သရဲမကြီးလို့ပဲ မြင်တယ်””
       သူ့အပြောကြောင့် ကျွန်မမျက်စိထဲ ထုတ်လုပ်မူဌာနကို ဖြတ်သွားဖြတ်လာတိုင်း ခါးတစ်ဖက်ထောက်ကာ လက်ညှိးငေါက်ငေါက်ထိုးရင်း စက်ချုပ်သမတွေကို အော်ဟစ်ဆူပူနေတဲ့ အားနားမျက်နှာကြီးကို မြင်လိုက်မိပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မတို့ကို  အကြိုအပို့လုပ်နေတဲ့ ကားလေးလည်း ရောက်လာပြီမို့ စကားစကို ဖြတ်ပြီး အားလုံး အဆောင်ပြန်ဖို့ ကားပေါ်တက် လိုက်ပါတော့တယ်။
                                                                           ဆက်လက်ဖော်ပြပါမည်
                                                                                စုသဲမွန်
                                                                          (The Ladies New Journal)

Thursday, September 20, 2012

ရေကြည်သော်လည်း မြက်မနုရာ-၆


                                                       ရေကြည်သော်လည်း မြက်မနုရာ-၆
                                                        

                            ဒီနေ့တော့ ကျွန်မတို့ဆီကို နောက်ထပ် မြန်မာယောက်ျားလေး အသစ်တစ်ယောက် ရောက်လာလို့ အန်တီ ရှယ်လီ့ အခန်းမှာ အမှတ်တရ တွေ့ဆုံပွဲလေး လုပ်ဖြစ်ကြတယ်။ ကျွန်မတို့ အဆောင်က မြန်မာတွေအားလုံးဆုံပြီး သူ့ကို ကြိုဆိုချိန် မှာ ကျွန်မတို့နဲ့ စက်ရုံချင်းမတူပေမဲ့၊ ပိုင်ရှင်သူဌေးကြီးရဲ့ ရှယ်ယာတွေ အများကြီးပါတဲ့ နောက်ထပ် စက်ရုံတစ်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ အစ်ကို တွေပါ လာကြတယ်။ အဲ့ဒီအစ်ကိုတွေက ကျွန်မတို့နဲ့ တစ်ဆောင်တည်း အတူတူနေတာဖြစ်ပြီး အလုပ်ချင်းတော့ မတူကြပါဘူး။ ဒါကြောင့် အလုပ်သွား၊ အလုပ်ပြန်ချိန်တောင် မျက်နှာချင်းဆိုင် နှုတ်ဆက်ဖို့ ခက်ခဲလှတဲ့ သူတို့တွေကို ဒီနေ့ လူသစ် ရောက်ချိန်မှာ  ထမင်း အတူတူစားဖို့ အန်တီရှယ်လီက ဖိတ်လိုက်တာပါ။ လူသစ်က ယောကျာ်းလေးမို့ သူတို့နဲ့ အဖော်လည်း ရအောင်၊ အကူအညီလည်းရအောင် တစ်နည်းအားဖြင့် သူတို့ဆီမှာ တပည့်ခံစရာရှိရင်လည်း ခံရင်း လိုအပ်တာတွေသင်ယူဖို့ တစ်ခါတည်း မိတ်ဆက်ပေး လိုက်ခြင်း ဆိုလည်း မမှားဘူးပေါ့။
                          လူသစ်လေး နာမည်က ကျော်ဇင်အောင်တဲ့ ၊ ခဏတွင်းမှာပဲ သူ့ကို အင်္ဂလိပ် နာမည်တစ်ခုပေးဖို့ စဉ်းစား လိုက်ကြတာ၊ ကျော်ဇင်အောင်ကနေ ကယ်ဗင် ဖြစ်သွားတယ်။ ဘာမှတော့ မဆိုင်ပေမဲ့၊  တရုတ်၊ အင်ဒိုနီးရှားနဲ့ ဖစ်လပင်း တွေများ တဲ့ ဒီနိုင်ငံမှာ ကျွန်မတို့တွေ အားလုံး နာမည်ရင်းတွေ မေ့ထားပြီး  ခေါ်ရ၊ မှတ်ရလွယ်မယ့် နာမည်သစ်တွေ ချက်ချင်း ကင်ပွန်း တပ် ရ တာ ထုံးစံတစ်ခုပဲလေ။ ကျွန်မနဲ့ ကယ်ဗင်က အသက်အတူတူမို့ သူသာ မိန်းကလေး ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ၊  သက်ရွယ်တူ သူငယ်ချင်းမရှိတဲ့ ကျွန်မအတွက် အဖော်ရမှာ လို့ စိတ်ကူးယဉ်မိသေးတယ်။ သူကို အန်တီရှယ်လီက သူဌေးနဲ့ မဆုံရ သေး လို့ ဘယ်ဌာနမှာ အလုပ်လုပ်ရမှန်း သေချာမသိသေးပေမဲ့ ၊ ကျရာနေရာမှာ သက်ဆိုင်ရာအလုပ်တွေကို တာဝန်ကျေအောင် လုပ်ဖို့ ၊ ကျွန်မတုန်းက လိုပဲ  မှာတမ်းတွေ မရပ်မနား ချွေနေတယ်။ ပြီးတော့ ကယ်ဗင်ကိုလည်း ကျွန်မတို့အလုပ်လုပ်နေတဲ့ သူဌေး မကြီးပိုင်  အထည်ချုပ် စက်ရုံအပြင် ၊ သူတို့ ရှယ်ယာ အများဆုံးထည့်ဝင်ထားတဲ့ စက်ရုံနဲ့လည်း မိတ်ဆက်ပေးတော့ အဲ့ဒီ ကောင်လေးက မျက်စိသူငယ်၊ နားသူငယ်နဲ့ နားထောင်နေတယ်။ ပြီးတော့မှ  
                      “ ကျွန်တော်က နိုင်ငံခြားထွက်ရမယ်ဆိုလို့ လာလုပ်တာ။ စက်ချုပ်တာတွေလည်း မလေ့လာဖူးသလို၊ စက် အကြောင်းလည်း တကယ် လုံးဝ မသိဘူး အန်တီ၊  ဒါကြောင့်  အစ်ကိုတို့လုပ်တဲ့ ပိတ်စက်ရုံမှာပဲ အလုပ်တစ်နေရာရဖို့ ပြောပေး ပါလား” လို့ ဆိုတယ်။ သူက အဲ့ဒီလိုပြောတော့ အန်တီရှယ်လီက ပြုံးရင်းဆိုတယ်။
                      “နင့်ကို ဒီမှာအလုပ်လုပ်ဖို့ ခေါ်ကတည်းက လွတ်နေတဲ့ နေရာတစ်နေရာ အတွက် ခေါ်တာလေ။ ဘာလုပ်ချင် တယ် ၊ ညာလုပ်ချင်တယ် ဆိုပြီး တောင်းဆိုလို့ ရတာမျိုးမှမဟုတ်တာ၊ ငါတို့အခုလုပ်နေတဲ့ သူတို့ပိုင် အထည်ချုပ်မှာပဲ ဖြစ်ဖြစ်၊ သူတို့ ရှယ်ယာ တွေပါတဲ့ ပိတ်စက်ရုံမှာပဲ ဖြစ်ဖြစ် ခိုင်းသမျှ လုပ်ရမှာပဲ။ ဘာမှ တွေးပြီး ပူမနေနဲ့၊ ဒီကို လာတာ ဘယ်သူမှ အထည် ချုပ် စက်ရုံ လုပ်ဖူးတဲ့ အတွေ့အကြုံ ရှိတာမဟုတ်ဘူး။ အားလုံးအတူတူပဲ ။ ဒီလိုပဲ စခဲ့ကြတာပဲ။ ဒါနဲ့ မိတ်ဆက် ပေးရဦးမယ်။ သူ့နာမည်က ပီတာတဲ့၊ သူ့နာမည်က ဇိုး ။ သူတို့က အပေါ်ထပ်မှာ နေတယ်။ ပီတာနဲ့ နင့်အခန်းက တစ်ခန်းကျော်ပဲမို့၊ လိုအပ်တာ ရှိရင် သူတို့ကို ပြောလို့ရတယ်။  သူကတော့ ချယ်ရီတဲ့၊  ဒီကိုရောက်လာတာ ဘာမှ မကြာသေးဘူး၊ သူလည်း လူသစ်ပဲ “
                    အန်တီက ပြောရင်းနဲ့ လူတွေအားလုံးနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ကိုဇိုးရော ကိုပီတာရော ရုပ်ရည်ချောမောပြီး သဘောကောင်းပုံရတာကို ကျွန်မ သတိပြုမိချိန်၊  အသားပိုဖြူတဲ့ ကိုဇိုးက
                   “မြန်မာ လူမျိုး အသစ်တစ်ယောက် ရောက်လာရင် ကျွန်တော်ကတော့အလုပ်လုပ်ရတဲ့ နေရာမတူတောင် အဆောင် မှာ နေတဲ့ လူတွေထဲ ကျွန်တော်တို့ဘက်က အင်အား နည်းနည်း ပိုတောင့်လာတယ်လို့ ခံစားရတယ်၊ ဘာပဲ ဖြစ်ဖြစ် လိုတာရှိရင် လည်း ပြောပေါ့” အားလုံးကို ခြုံကြည့်ရင်း ပြောလိုက်တဲ့ သူ့စကားမှာ ကျွန်မတို့ လူသစ်နှစ်ယောက်ကို နွေးနွေးထွေးထွေး ကြိုဆိုမှန်း သိသာလှလို့  ၀မ်းသာသွားမိတယ်။
                     သူ့က သူ့ကိုယ်သူ ဇိုးရီးရပ်(zodiac) ဆိုတဲ့ နာမည် အဆန်း လေး ပေးထားတာကြောင့်  အားလုံးကလည်း သူ့ကို ကိုဇိုး လို့ပဲ အဖျားဆွတ်ခေါ်ကြတယ်တဲ့။ ကိုဇိုးနဲ့ ကိုပီတာ က ကျွန်မထက် လုပ်သက် သုံးနှစ်လောက် ကြီးပြီး၊ လက်ထောက် မန်နေဂျာ ရာထူး နဲ့ စက်ရုံမှာ တာဝန်ယူရတဲ့ ပိုင်းတွေလည်း များတာကြောင့်   သူကြုံတွေ့ခဲ့ရတဲ့ ပိတ်စက်ရုံမှ တစ်ပတ် စာ ပြဿနာတွေကို အန်တီ ရှယ်လီတို့ နဲ့ အပြန်အလှန်ညှိနှိုင်း ပြောနေကြတယ်။ သူတို့နှစ်ယောက်က စက်ရုံချင်း တူပေမဲ့၊ ဌာနချင်းမတူတာမို့ သူတို့ဆီက ကြားရတဲ့ ပြဿာနာတွေ ကလည်း အထူးအဆန်းတွေချည်းပါပဲ။ နဂိုတည်းကမှ စက်ချုပ် မကျွမ်း ကျင်သေးလို့ ယက်ကန် ယက်ကန်နဲ့ ကြိုးစား ရပ်တည် နေရတဲ့ ကျွန်မနဲ့ ဒီနေ့မှ အင်ဒိုမြေကို ခြေချခဲ့တဲ့ ကယ်ဗင် တို့နှစ်ယောက် ကတော့ သူတို့ပြော သမျှတွေ နားထောင်ရင်း အဆင့်ဆင့် ရှုပ်ထွေးပွေလီလှတဲ့ ဒီ အထည်ချုပ်( textile) လောကထဲ ဦးတည်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ချင်သလို ဖြစ်လာတော့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ နေ့စဉ်ချုပ်နေတဲ့ အထည်တွေ မှာ နိုင်ငံခြားက input (သွင်းကုန်) ပိတ်စ တွေကလွဲလို့ ၊ ပိတ်တွေ ဇာတွေ သုံးချင်လို့် အော်ဒါမှာရင်  ကိုပီတာတို့ ပိတ်စက်ရုံမှ အများဆုံးပဲ တဲ့ ။ ဒါကြောင့် ဒီစက်ရုံနှစ်ခုရဲ့ နေ့စဉ်အလုပ်တွေက အမြဲလိုဆက်စပ် ပတ်သတ်နေတာချည်းပါပဲ ။ ကိုပီတာတို့ စက်ရုံကလည်း ကျွန်မ တို့ သူဌေးက ရှယ်ယာငွေ အများဆုံး ထည့်ထားတာမို့ ၊ ကျွန်မတို့ စက်ရုံက ပိတ်ဝယ်တိုင်း ပိတ်စအများစုမှာ ကိုပီတာတို့စက်ရုံမှ မှာပြီး ကျွန်မတို့ စက်ရုံမှာ ချုပ်ရပါသတဲ့။ ဒါကြောင့် အန်တီရှယ်လီတို့ဘက်က ပိတ်စနဲ့ ပတ်သတ်ပြီး အပြစ်တင် ချင်တာမျိုးရှိရင် ကိုယ့်အချင်းချင်းမို့ မျက်နှာ နာရမှာဖြစ်ပြီး ၊ ကိုပီတာတို့ဘက်ကျတော့လည်း တခြားစက်ရုံမှာ ချုပ်ဖို့လက်မခံတဲ့ ပိတ်စတွေကို အထက်လူကြီးအမိန့်နဲ့ ကိုယ့်စက်ရုံဖြစ်တဲ့ အန်တီရှယ်လီတို့ဆီကိုပဲ ကြားညပ်ပြီးပို့သတဲ့။ ဒီတော့ သူတို့ အဖြစ် အပျက် တွေကို နားထောင်ရင်းနဲ့ အလုပ်သင်ဘ၀ မှာသာရှိသေးတဲ့ ကျွန်မအတွက် ကြားရုံနဲ့တင် ပြဿနာပေါင်း တစ်သိန်း တစ်သောင်း လောက်အာရုံထဲ ချက်ချင်း ပြေး မြင်သွားပါတယ်။
                    ဒီကြားထဲမှာ ထမင်းစားရင်း ကျွန်မနဲ တစ်ဌာနထဲ ဖြစ်တဲ့ စန္ဒီနဲ့ ရိုစီတို့ကလည်း အလုပ်ထဲမှာ ဖစ်လပင်းတချို့ လူလည်ကျ ပြီး အလုပ်ခိုတဲ့ အကြောင်းတွေ ပြောနေသေးတယ်။ ကျွန်မသိပြီးသားကိစ္စဖြစ်တဲ့ နေ့စဉ် အလုပ်များသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ ဒီဇိုင်နာ အဖွားကြီး ပြန်ချင်တဲ့ အချိန်မှ သူတို့ ပြန်ရတာဖြစ်ပြီး၊ တခြား ဖစ်လပင်း တွေကတော့  လခလည်း ပိုများလျက်နဲ့ ၊ တခြား ပတ်ကင်ကိစ္စတွေဘာတွေကို ကူလေ့မရှိပဲ  ညနေငါးနာရီ လောက် အိမ်ပြန်ပြီး နှပ်နေတဲ့ အကြောင်း တွေ ကို အန်တီရှယ်လီကို ပြောပြနေကြတာပေါ့။  ပြီးတော့ ကွန်ပြူတာထဲ ၀င်လာတဲ့ အီးမေလ်တွေကို မဒေလီက သေချာမဖတ်ပဲ ၊ ပစ္စည်းပို့ရမဲ့ ၀ယ်သူ့လိပ်စာကို မှားပြောလို့ နမူနာပစ္စည်းတွေ ၀ယ်သူ့ဆီမရောက်ပဲ လမ်းမှာ ပျောက်သွားတဲ့  အကြောင်းတွေ လည်း ပါတယ်။ ထမင်းစားပြီးချိန် အထိ  သူ့အလုပ် ကိုယ့်အလုပ် ဆွေးနွေး ပြောနေ တာတွေက ကျွန်မအတွက်တော့ ပညာရ စရာ တွေလည်း ပါသလို၊ စိတ်ညစ်စရာတွေလည်းပါတာပေါ့။ ညနေစောင်းတော့ ကိုပီတာတို့နဲ့အတူ ကျွန်မတို့အားလုံး ပိတ်စတွေ အကြောင်း လေ့လာဖို့ သူတို့စက်ရုံကို ရောက်ခဲ့ကြပါတယ်။ သူတို့ စက်ရုံကိုလည်း ကျွန်မတို့အဆောင်နဲ့ နီးတာမို့ လမ်းလျှောက် ပြီးသွားလို့ ရပါတယ်။ သူတို့စက်ရုံဝင်းကကျွန်မတို့ စက်ရုံ ထက်ပိုကြီးပြီး၊ ခြံဝန်းထဲဝင်လိုက်တာနဲ့ စက်လည်သံ တညံညံကို ကြား နေ ရသလို၊  မီးခိုးငွေ့တလူလူတက်နေတဲ့ ခေါင်းတိုင်အမြင့်တွေကိုလည်း မြင်ရတယ်။ စက်ရုံထဲမှာ ရုံးပိတ်ရက်မို့ အိုဗာတိုင် ဆင်းတဲ့သူတချို့နဲ့ စက်ရုံစောင့် လုံခြုံရေးတွေပဲ ရှိတယ်။ သူတို့နှစ်ယောက်မှာ ကိုပီတာက ပိတ်တွေကို အရောင်ဆေး ဆိုးတဲ့ ဘက်က ဖြစ်ပြီး၊ ကိုဇိုး ကတော့ ပိတ်စ တစ်ခုကို ယက်လုပ်ရာကနေ နောက်ဆုံးအချောသပ်တဲ့ အထိ လုပ်ရတဲ့ အဆင့်တွေမှာ ကြီးကြပ်ရသူ ဖြစ်ပါတယ်။
                  သူတို့နှစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေကို နားထောင်ပြီးတဲ့ အခါ ကိုဇိုးရဲ့ အလုပ်တွေက ကိုပီတာလို ပိတ်တွေ အရောင် ဆေးဆိုးတဲ့ နေရာမှာပဲ မဟုတ်လို့ ပိုပြီး တာဝန်ယူ မှုများမယ်လို့ ထင်ခဲ့ပေမဲ့၊ တကယ်တန်းတော့ ပိတ်တွေ အရောင် ဆေးဆိုးတဲ့ နေရာမှာလည်း ပညာပါတာမို့  ကျွန်မတို့ ထင်သလောက် ကိုပီတာအလုပ်တွေက မလွယ်ကူလှပါဘူး။ ကို ပီတာရော၊ ကိုဇိုးရော နှစ်ယောက်စလုံးက စက်ရုံကို  အတူတူရောက်ကြတာဖြစ်ပြီး၊ ဒေစီနဲ့စန္ဒီတို့လို ရာထူးရော၊ လစာရော အတူတူ ဖြစ်မလား လို့ ကျွန်မစပ်စုချင်နေပါတယ်။ သူတို့လက်အောက်မှာ နောက်ထပ် အင်ဒိုနီးရှား အလုပ်သမတွေ အများကြီး ရှိတာမို့ ၊ သုံးနှစ် အတွင်း ကြီးကြပ်သူ ရာထူးနေရာ ခိုင်ခိုင်မာမာနဲ့ အလုပ်လုပ်နိုင်တဲ့ သူတို့နှစ်ယောက်လုံးကို ကျွန်မ တကယ်ချီး ကျုး မိသွားတယ်။  ကိုပီတာ က ပိတ်စတွေ အရောင်ဆိုးဖို့  ဘာတွေဘယ်လို လုပ်ရသလဲဆိုတာနဲ့ ၊ လိုချင်တဲ့ အရောင်ရဖို့ အဲ့ဒီဆေးတွေတစ်ခုနဲ့ တစ်ခု  ဘယ်လိုစပ်ရမလဲ ဆိုတာပြောပြတယ်။ နောက်တော့ သူ့ရုံးခန်းထဲမှာပဲ   လိုက်ကာအနီရောင်လေး တပ်ထားတဲ့ လူတကိုယ် စာ သာ ၀င်နိုင်မဲ့ အခန်းကျဉ်း ကျဉ်းလေးထဲ ၀င်လိုက်ပြီဆိုရင်ပဲ မှောင်မည်းနေတဲ့ အခန်းလေး တစ်ခုကို တွေ့ရတယ်။ အဲ့ဒီထဲမှာ မီးချောင်း အဖြူ နဲ့ အ၀ါရောင်ကို တပ်ထားတယ်။ ကိုပီတာက ပိတ်စ အညိုရောင် နှစ်စကိုယူလာပြီး ကျွန်မတို့ကိုပါ အခန်းထဲဝင် စေကာ အဖြူမီးချောင်း လေးဖွင့်ပြီး ပိတ်စကိုကပ်ကြည့်ခိုင်းလိုက်၊ ပီးချောင်း အ၀ါရောင်လေးဖွင့်ပြီး ပိတ်စကို ကပ်ကြည့်ခိုင်း လိုက်နဲ့ ပြီးတော့ ဘာထူးခြားလဲ လို့ မေးလာပါတယ်။ ကျွန်မအမြင် မှာတော့ ပိတ်စနှစ်စလုံးကို အညိုရောင်တွေကိုပဲ တွေ့ရတာမို့ ဘာမှ မထူးဘူးလို့ ဖြေမိတဲ့အခါ၊ ကယ်ဗင်ကလည်း အားကျမခံ ကျွန်တော်လည်း အတူတူပဲတဲ့။ ဒီတော့မှ ကိုပီတာက ပိတ်စတစ်ခု က အညိုရောင် ရင့်ရင့် ဖြစ်ပြီး၊ နောက်တစ်စမှာတော့ အ၀ါရောင်နည်းနည်း ရောနေလို့ အညိုရောင်အဖျော့ဖြစ်နေတာ မှန်မမှန် ဒီလိုအမှောင်ခန်းမှာ မီးချောင်းနှစ်ရောင်နဲ့ စစ်ဆေး ကြည့်တဲ့ အကြောင်း ရှင်းလင်းပြောပြတယ်။
                    ကိုပီတာပြီးတော့ ကိုဇိုးကပါ သူ့ရုံးခန်းရှိရာ စက်ရုံဘေးဘက်သို့ ကျွန်မတို့အားလုံးကို ဦးဆောင်ခေါ်လာပါတယ်။ သူ့ရုံးခန်းရဲ့ မနီး မဝေးမှာတော့ စက်အကြီးကြီးတွေ အမျိုးစုံလင်အောင်ရှိတယ်။ အဲ့ဒီထဲမှာ စက်နဲ့ ယက္ကန်းးယက်ရတဲ့ စက်ကြီး တွေရှိသလို၊  ဖုန်ခါတဲ့စက်၊ ပိတ်စအရှည်ကြီးတွေ ဆန့်ခင်း ဖြန့်ရတဲ့ စက်၊ နောက်ပြီး အ၀တ်လျှော်စက် အကြီးကြီးတွေ အပြင် နောက်ဆုံးအဆင့်ဖြစ်တဲ့၊ လျော်ပြီးသား ပိတ်စအရှည်ကြီးတွေကို ပေါင်မုန့်မီးကင်စက်အကြီးကြီးလို စက်ကြီးထဲထည့်ပြီး အခြောက် လှမ်းရတဲ့ စက်တွေဖြစ်ပါတယ်။ အဲ့ဒီစက်ကြီးတွေကို တစ်ခါမှမမြင်ဖူးတဲ့ ကျွန်မတို့တွေအတွက်တော့ အထူး အဆန်း ဖြစ်လို့နေ ပါတယ်။ အခြောက်လှန်းတဲ့ စက်အဖုံးပြင်ကြီးပေါ်ကခလုတ်တွေကို လက်ကလေးနဲ့တို့ထိတာနဲ့ စက်ကြီး အတွင်း ပိုင်း ဘယ်လောက် ပူမလဲ ဆိုတာ တွေးကြည့် သိနိုင်တယ်။
                  “ အန်တီရှယ်လီ ၊ ဒီမရောက်ခင် အန်တီပြောခဲ့တဲ့ ကျွန်တော်ကို သူဌေးက မီးပူတိုက်တဲ့ နေရာမှာ ထားမလို့ ဆိုတာ ဒီနေရာ မဟုတ်လား”
                  သူက ကျွန်မနဲ့ ကယ်ဗင်စပ်စုနေတဲ့ အဲ့ဒီ ပိတ်အခြောက်ခံတဲ့စက်နားကနေ အန်တီရှယ်လီကို လှမ်းခေါ်လိုက်တယ်။
               “ အဲ့ဒီတုန်းက ကျွန်တော့် စိတ်ထဲမှာ မီးပူတိုက်ရမယ်ဆိုလို့ အလုပ်သမားတွေအားလုံး မီးပူလေးတွေ ကိုယ်စီ ကိုင်ပြီး ပိတ်စတွေလိုက်တိုက်ရမယ်လို့ထင်နေခဲ့တာ၊ ဒီရောက်တော့မှ ဘယ်ဟုတ်မလဲ နဲတဲ့စက်ကြီးတွေမဟုတ်ဘူး။ အဲ့ဒီစက်တွေကို ဘယ်လို ကိုင်ရမလဲ ဆိုတာ အလုပ်သမားတွေဆီက သင်ပြီး ကျန်တဲ့ quality(အရည်အသွေး) နဲ့ quantity (အရည်အတွက်) တွေကိုတော့ ကိုယ့်အရည်အချင်းနဲ့ ကြိုးစားထိန်းချုပ်ရခဲ့ ရတာ”
                 စက်ရုံကနေပြန်ခါနီး အန်တီရှယ်လီက ကိုပီတာတို့ နှစ်ယောက်နဲ့အတူ  ၀ယ်သူတချို့ရဲ့ ချုပ်လက်စ အထည်တွေရဲ့ ပိတ်စ တွေနဲ့ ပတ်သတ်ပြီး လိုအပ်တာတွေ ပြောနေသလို၊ ကျွန်မတို့ကိုလည်း ဘာသာစကားရော၊ ပိတ်စတွေနဲ့ ပတ်သတ်တဲ့ အတွေအကြုံ ဗဟုသုတတွေကိုပါ  သိချင်တာရှိရင် သူတို့နှစ်ယောက်ကို အားမနာစတမ်း ချက်ချင်းဆရာတင်မေးဖို့ မှာထား ပါတယ်။ သူတို့ကလည်း  အချိန်မရွေး သိချင်တာမှန်သမျှ မေးဖို့နဲ့ သူတို့ဖြတ်သန်းဖူး ခဲ့တဲ့ အလုပ်အတွေ့အကြုံတွေ အကြောင်း ကြုံရင် ကြုံသလို ပြောပြမယ်တဲ့။ ဒီလိုနဲ့ အဆောင်မှာရော ရုံးမှာပါ ကျွန်မလို အန်တီရှယ်လီမျက်နှာနဲ့ မဖြစ်မနေ စာမေးပွဲ အောင် ရမဲ့ ကယ်ဗင်ဆိုတဲ့ အလုပ်သင်ကျောင်းသား တစ်ယောက် တိုးလာခဲ့တယ်။ နောက်နေ့ ရုံးတက်တော့ ကျွန်မတို့စက်ရုံကို သူပါ အတူ ပါလာတယ်။ အန်တီရှယ်လီက သူ့ကို သူဌေးမကြီးနဲ့ မိတ်ဆက်ပေးပြီး နည်းနည်းပါးပါး အင်တာဗျုးပြီးတဲ့အခါ  ထုတ်လုပ်မှု ဌာန (production) ရဲ့ အနောက်ဘက်အကျဆုံးအခန်းလေးထဲမှာ မက်ကဲနစ် (ခေါ်) စက်ပြင်ဆရာတချို့နဲ့ အတူထားခဲ့ပါတယ်။ အန်တီ ရှယ်လီက ဒီနိုင်ငံမှာဆိုရင် ကျွန်မတို့အားလုံးရဲ့ အုပ်ထိန်းသူတစ်ဦးလို ဖြစ်နေပေမယ် အလုပ်နဲ့ ပတ်သတ်ရင်တော့ သိပ်ပြီး အဆက်စပ် မရှိလှပါဘူး။ ဘာလို့လဲဆိုတော့  နမူနာအခန်းက ကျွန်မတို့မြန်မာအားလုံး ကယ်ဗင်အပါအ၀င် သူဌေးမကြီးရဲ့ အုပ်ချုပ် မှုနဲ့ စက်ရုံ(၁) မှာ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေဖြစ်ပြီး အန်တီရှယ်လီကတော့ စက်ရုံ(၂) ကို အုပ်ချုပ်ရတဲ့ စက်ရုံ မန်နေဂျာချုပ်ကြီးပါ။ စက်ရုံတစ်ရော၊နှစ်ရောက ၀င်းတစ်ဝင်းထဲမှာပဲ အတူရှိတဲ့ သီးခြား အဆောက်အဦးတွေမို့ သူ စိတ်ကူး ပေါက်လို့ ကျွန်မတို့ အလုပ်သင်နေတာကို လာကြည့်ချင်ရင် သူ့အလုပ်တွေကို ခဏပစ်ထားပြီး ရုံးချိန်မှာပဲ လာကြည့်လို့ ရမှာပါ။ ဒါကြောင့် သူက ကျွန်မတို့ နေ့စဉ်ဘာတွေ သင်ကြားလေ့လာနေတယ်ဆိုတာ ကျွန်မရဲ့ဆရာမကြီးဖြစ်တဲ့ ဆွန်းကို ပဲဖြစ်ဖြစ်၊ မစန္ဒီတို့ကိုပဲ ဖြစ်ဖြစ် မမေးပဲ နဲ့ မသိနိုင်ပါဘူး။
                  ဒါပေမဲ့ အရာရာမှာ စည်းစနစ်ကျလှတဲ့ အန်တီရှယ်လီက ကျွန်မတို့ဘာတွေသင်နေတယ်၊ ဘာတွေ လုပ်နေတယ်။ ဘယ်အခြေအနေထိ ရောက်နေပြီလဲဆိုတာတွေကို အလုပ်တွေ မအားတဲ့ကြားကပဲ အမြဲလေ့လာနေပါတယ်။ ကျွန်မလည်း  သူ မေး တဲ့အခါ၊ ကျွန်မနဲ့ ပတ်သတ်ပြီးဆွန်းတို့ဆီမှ မှတ်ချက်ကောင်းကောင်းလေးရအောင် ကြိုးစားပေမဲ့၊ အခက်အခဲတွေရှိစမြဲပေါ့။ တစ်ရက်တော့ သူဖုန်းဆက်ခေါ်လို့ အဆောင်က သူ့အခန်းမှာ တွေ့ရင်း စကားပြောဖြစ်တဲ့အခါ၊ အလုပ်သင်တာ တစ်ပတ ကျော်လောက် ရှိနေပြီ ဖြစ်တဲ့ ကယ်ဗင်အကြောင်းကိုလည်း ကြားရပါတယ်။
                  “ ချယ်ရီ အခု အလုပ်အခြေအနေဘယ်လို ရှိပြီလဲ။ ဘယာစီယာတစ်ထည်လုံးချုပ်တတ်တဲ့ အထိကြိုးစားရမှာနော်၊ ဘောင်းဘီပဲ ချုပ်တတ်နေလို့ မရဘူး”
                  “ ဟုတ်ကဲ့ အန်တီ၊ သမီး အခုဘောင်းဘီတော့ ကောင်းကောင်းချုပ်တတ်ပါပြီ။ ဘရာစီယာတော့ မရသေးဘူး။ အခု လည်း ထုတ်လုပ်မှု ပိုင်းက အထည်တွေ ကူနေပါတယ်”
                   “ ဆွန်းဒါလိ ကတော့ ပြောပါတယ်။ ချယ်ရီက နမူနာတွေမကိုင်သေးပေမဲ့၊ ထုတ်လုပ်မှုပိုင်းက အထည်တွေတော့ ကောင်းကောင်းချုပ်နေပြီလို့။ တို့အခုစိတ်ညစ်နေတာ။ ကယ်ဗင်တစ်ယောက်ကို စက်ပြင်တာသင်ခိုင်းတာ အခု ထိ ကောင်း ကောင်းမလုပ်ဘူး။ သူ့ဆရာကို မေးတော့ သူ့ကိုလည်း အခြေခံအဖြစ် စက်ချုပ်တာတော့ နည်းနည်း သင်ရဦး မတဲ့။ ဒီကောင်က ချုပ်ချင်ပါ့မလား မသိဘူး။ 
                        သူချုပ်မယ်ဆိုရင် ထုတ်လုပ်မှုအခန်း (Production)ထဲမှာ ချုပ်ရမှာမို့…
                        “ အန်တီကလဲ၊ သူက အင်ဒို ခေါင်းပေါင်းမလေးတွေ အများကြီးကြားထဲ အတူထိုင်ပြီး ချုပ်ချင်ပါ့မလား။ သမီးတော့ မပြောတတ်ဘူး။ မချုပ်ချင်ဘူးထင်တာပဲ”
                       ကျွန်မ ဇက်လေးပုရင်း ပြုံးပြီး ပြောလိုက်မိတယ်။


                                                                                                             (ဆက်လက်ဖော်ပြပါမည်)
                                                                                                                    စုသဲမွန်
                                                                                            The Ladies’ New Journal Aug 25-31-2012

Monday, August 20, 2012

ရေကြည်သော်လည်း မြက်မနုရာ-၅



                         ကျွန်မတို့ရဲ့ နမူနာအခန်းလေးထဲမှာ ထုတ်ပိုးဌာန(packing)မှ ပို့ထည်ပစ္စည်းတွေကို တံဆိပ်တပ်ထားတဲ့ အင်္ကျီချိတ်ကလေး တွေမှာ ချိတ်သူချိတ်၊ ချိတ်ပြီးသားအထည်တွေကို ပလက်စတစ်အိတ်အကြည်ရောင်လေးတွေထဲထည့်ပြီး တိတ်နဲ့ ပြန်ကပ်တဲ့သူကပ်၊ အဲ့ဒီထုတ်ပြီးသား အထည်တစ်ထည်ချင်းစီကို သတ်မှတ်ထားတဲ့ အရောင်နဲ့အရွယ်အစားပါဝင်တဲ့ ကတ်ထူပုံး(ကတ်ထူးပုန်း) တွေထဲ စီကာရီကာ ထည့်သူထည့်နဲ့ အလုပ်ရှုပ်နေပါတော့တယ်။ မျက်နှာချင်းဆိုင် စားပွဲမှ အကြီး မေလင်း တစ်ယောက်က စန္ဒီ၊ ရိုစီတို့နဲ့ အတူထိုင်ပြီးအလုပ်လုပ်ရင်း စကားပြောနေသလို၊ ကျွန်မတို့ လူငယ်ဝိုင်းမှာလည်း အိပ်ပြန် ချင်ဇောနဲ့ အလုပ်တွေ ခပ်သွက်သွက် လုပ်နေရင်းမှ အင်ဒိုနီးရှားမလေးတစ်စုနဲ့ ကျွန်မနဲ့ တစ်ယောက်အကြောင်းတစ်ယောက် စပ်စုမိကြသေးတယ်။ အကြီးမေလင်း ကြားသွားမှာလည်း ကြောက်ရသေးတော့ တီတိုးတီတိုး သဖန်းပိုး လုပ်နေကြတာပေါ့။ သူတို့တွေကလည်း နေ့စားအလုပ်သမား ခပ်ငယ်ငယ် လေးတွေ ဆိုတော့  ရွယ်တူ ဖြစ်တဲ့ ကျွန်မနဲ့ နီးနီကပ်ကပ်နေရတုန်း သူတို့ သိချင်သမျှ အရာအားလုံး တစ်ယောက် တစ်ခွန်း မေးလို့ မဆုံး ဖြစ်နေကြတယ်။  အဲ့ဒီထဲမှာ ထူးထူးဆန်းဆန်းမေးတတ်တဲ့ ဇေဇေက
                       “ ချယ်ရီ တို့ မြန်မာလူမျိုးတွေအားလုံး ကိုယ်လုံးကိုယ်ပေါက် အရမ်းကြည်လို့ ကောင်းတယ်နော်၊ ဘာ တွေ စား လို့လဲဟင်” တဲ့။                        
                        ကျွန်မကလည်း စချင်တာနဲ့ နာဆီ(ထမင်း)နဲ့ သလာဆေး(ငပိ)လို့ ဖြေတော့ ဘယ်သူမှမယုံကြတဲ့ အပြင် သူတို့ ငပိစားတာကို မကြိုက်လို့ ကျွန်မကတမင်ရွဲ့ပြောနေတာလို့ ထင်နေကြသေးတယ်။ သူတို့စိတ်ထဲမှာ မြန်မာလူမျိုးတွေက သူတို့ မကြာခဏမြင်နေရတဲ့ ဖစ်လပင်းတွေစားနေကျ ပေါင်မုန့်၊ပူတင်း နဲ့ စပါကတီ(အီတလီ ခေါက်ဆွဲ) တို့စားရင်း အသက်ရှင်ကြ တယ် လို့ အောက်မေ့မိ ကြောင်း ပြောပြပါတယ်။ ညဆယ်နာရီထိုးလာတော့ အကြီးမေလင်းက အတူကူလုပ်နေတဲ့ ရုံးခန်းကကလေး တွေကို ပြန်လွှတ် လိုက်တာမို့ သူနဲ့ကျွန်မတို့ သုံးယောက်ပဲ နမူနာအခန်းမှာ ကျန်ခဲ့ပါတော့တယ်။ နောက်တော့ကျွန်မတို့လည်း နမူနာ အခန်းကို မီးပိတ်၊ တံခါးပိတ်ပြီး ကိုယ့်အိတ်ကလေးတွေ ကိုယ်လွယ်ကာ ထုတ်ပိုးဌာန(packing) ဘက်ကို၊ ကူးလာခဲ့တယ်။ ကျွန်မ စိတ်ထဲသူတို့ နှုတ်ဆက်ပြီး ပြန်ကြတော့မယ်လို့ ထင်လိုက်မိသေးရဲ့။ တကယ်တော့ အဲ့ဒီလိုမဟုတ်ပဲ ကျွန်မတို့အိတ်တွေကို ဗီရိုတစ်ခုထဲမှဲာ စုစည်းထည့်ထားပြီး ၊ ပစ္စည်းတွေ အားလုံးပို့တဲ့ ကားတွေထွက်ပြီးချိန်မှ ပြန်ကြရမှာမို့ ထုတ်ပိုးဌာန(packing) ဘက်မှာ လာကူရူခြင်း ဖြစ်ကြောင်း ရိုစီကပြောပြပါတယ်။
                        ပတ်ကင်ဌာနမှာ အင်နဲ့အားနဲ့ ထုတ်ပိုးရတာမျိုးမို့ ယောကျာ်းလေးအင်အားများသလို၊ မြန်မြန်သွက်သွက် လုပ်ရတဲ့ တချို့နေရာတွေကျမိန်းကလေးခပ်ငယ်ငယ်များ အိမ်မပြန်နိုင်သေးပဲ အလုပ်လုပ် လျှက် ရှိတာကိုတွေ့ရပါတယ်။ အကြီး မေလင်းမှ အစ ကျွန်မတို့လေးယောက်လည်း နမူနာအခန်းထဲမှာလို စားပွဲလေးမှာ ထိုင်ပြီး ချိတ်ကလေးတွေမှာ အထည်လေးတွေ ချိတ်ပြီး ထုတ်ပိုး ရတာမျိုးမဟုတ်ပဲ လိုအပ်တဲ့ ကောင်တာမှာ လိုအပ်သလိုကူညီပေးဖို့ အဆင်သင့် ဖြစ်နေကြတယ်။ ကျွန်မလည်း ကိုယ်နံဘေးကလူလုပ်သမျှ လိုက်ကြည့်ပြီး ၀ယ်သူ(buyer)အမျိုးမျိုးနဲ့ သူ့တံဆိပ်အလိုက်၊ညွှန်ကြားတဲ့အတိုင်း ကူညီထုတ်ပိုးပေး ရပါတယ်။ ၀ယ်သူ (buyer) အလိုက် ထုတ်ပိုးပုံတွေကလည်း မတူတော့ ညနက်သန်းခေါင် မှာတောင် အိပ်မငိုက်ရဲပဲ အမှားအယွင်း မရှိအောင် သူတို့ပြောသလို ကူညီထုတ်ပိုးပေးရတယ်။ ကျွန်မကလူသစ်ပေမယ့် နမူနာအခန်းကလာတာဖြစ်ပြီး  ကိုယ့်အခန်းက လူကြီးတွေဖြစ်တဲ့ အကြီးတို့ ကိုယ်တိုင် အလုပ်သမားတွေကို ကြီးကြပ်နေတာမို့ သူတို့ရှေ့မှာ အချောင်လုံးဝ မခိုဝံ့သလို  မှားလည်း မမှားရဲပါဘူး။ ဒါ့အပြင် ဦးနှောက်သုံးပြီး လုပ်ရတာမဟုတ်ပဲ လုပ်အားစိုက်ရတဲ့ အလုပ်ပေမဲ့ အရာရာကို သတိထားပြီး ခပ် သွက်သွက်လေး ကူညီရပါတယ်။ အကြီးမေလင်းနဲ့ ထုတ်လုပ်မူက ခေါင်းဆောင် အမျိုးသမီးတို့ တိုင်ပင်ပြီး ကျွန်မတို့အားလုံးကို ခဏနားဖို့အတွက် နာရီဝက် အချိန်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကျွန်မရဲ့လက်ပတ်နာရီလေးရဲ့လက်တံက ညဆယ့်နာရီ ကို ညွှန်ပြနေပါပြီ။ ကြမ်းပြင်ပေါ်မှာ ပိတ်စခင်းပြီး လှဲသူကလှဲ၊ စားပွဲအရှည်ကြီးပေါ် ခြေဆင်းထိုင်သူထိုင်  တချို့ကလည်း နံရံမှာ ကျောမီပြီး ဖုန်းထဲမှ သီချင်းသံကို နားကြပ်လေးနဲ့ နားထောင်သူထောင်ရင်း ခဏနားကြပါတယ်။ အဲ့ဒီအချိန် စန္ဒီက ကျွန်မတို့ လေးယောက် အတွက် ကော်ဖီပူပူလေး ဖျော်တိုက်ရင်း ခဏအမောဖြေရပါတယ်။
                  နာရီဝက်ပြည့်သွားတဲ့အခါ ကျွန်မတို့ အလုပ်တွေပြန်စရပြန်ပါပြီ။ ညအိပ်ဝတ်အကျီ၊ ရေကူးဝတ်စုံ၊ ဘရာစီယာ အ ရွယ်စုံနှင့် ဇာတပ်ဘောင်းဘီလှလှလေးတွေကို ကျွန်မ စိတ်မသက်မသာနဲ့ လှမ်းကြည့်မိပါတယ်။ ဘယ်အချိန်ကျမှ ထုတ်ပိုးရမယ့် အထည် တွေကုန်သွားမှာပါလိမ့် ..။ အဲ့ဒီအချိန်မှာပဲ အကြီးမေလင်းရဲ့အသံစူးစူးဝါးဝါးကြီး ရုတ်တရက်ပေါ်ထွက် လာပါတယ်။
                       “ ကလေးတွေ မြန်မြန်လုပ်မယ်နော်။ ငါမနက်ဖြန်ရုံးတက်ဖို့အတွက် စက်ရုံမှာ မျက်နှာသစ် သွားမတိုက်ချင်ဘူး “
                       သဘောကတော့ အိပ်ပြန်မနားလိုက်ရပဲ စက်ရုံမှာပဲ မိုးလင်းသွားမှာ စိုးလို့ သတိပေးခြင်းပါ။ ခဏနေတော့ သူကိုယ်တိုင် ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချပြီး   ထုတ်ပိုးပြီးသား အထည်တစ်ထည်ချင်းစီကီု အရောင်နဲ့အရွယ်စုံလိုက်  တစ်ဒါဇင် ပြည့်အောင် ကတ်ထူးပုံးတွေထဲ ရွေးချယ်ထည့်ပေးပါတယ်။ အသက်အကြီးဆုံး ဖြစ်တဲ့ ကြီးမေလင်း တက်ကြွ နေတာ ကို မြင်ပေမဲ့ ၊ သူ့ကျန်းမာရေးအတွက် စိတ်ပူပြီး ကျွန်မလည်း မနေနိုင်ပဲ ရိုစီအနားကပ်ပြီး ပြောမိသေးတယ်။
                      “ အစ်မရယ်၊ သူ့ကိုတော့ နားခိုင်းလိုက်ပါတော့လား၊ အခုလိုမျိုးလုပ်နေရင် သူ့အသက်အရွယ်နဲ့ အရမ်းပန်းသွား လိမ့်မယ်”
          “ အောင်မလေး ဒါနင်ပထမဆုံးနေ့မို့ ၊ ဘာမှမဖြစ်ဘူး။ နောက်ဆို ရိုးသွားလိမ့်မယ်။ သူက ပက်ကင်(ထုတ်ပိုးမှု) အားလုံးပြီး လို့ တံခါးသော့ခတ်တာမြင်မှ အိမ်ပြန်ဖို့ စိတ်ဖြောင့်နိုင်တာ။ ဘယ်သူမှ သူ့ကို ပြောလို့မရဘူး။ ငါတို့လည်း သူ့ကိုခုထိ အမီ လိုက်နေရတုန်းပဲ။ လုပ်..လုပ် မြန်မြန်လုပ် နှေးရင်သူက တစက်မှကြိုက်တာမဟုတ်ဘူး”
             သူ့စကားကို ကြားတော့ အသက်ခြောက်ဆယ်နဲ့ခုနှစ်ဆယ်ကြား ကျွန်မတို့ ဒီဇိုင်နာကြီးအတွက် လက်ဖျားခါ သွားမိပါ တယ်။ ပါးစပ်ကလည်းအော် ၊လက်ကလည်း သွက်သွက်လက်လက်နဲ့ ကြမ်းပေါ်မှာ ထိုင်ပြီး ကူညီထုတ်ပိုးနေတဲ့ သူ့ကို ကြည့်ပြီး ကျွန်မတို့လည်း ဘယ်သူမှ မခိုကပ်ရဲပဲ တက်ညီလက်ညီနဲ့ လုပ်လိုက်ကြတာပတ်ကင်တွေ အားလုံးပြီးတော့ မနက်သုံးနာရီ တောင် ထိုးနေပါပြီ။ စက်ရုံနှင့် ကျွန်မတို့အဆောင်က အရမ်းနီးနေပေမယ့်၊  အကြီးမေလင်းအိမ်ကိုသာ အရင်လိုက်ပို့ဖြစ်ပြီး ကားပေါ်မှာပဲ အိပ်ပြီး လိုက်ပါသွားကြတယ်။ အိမ်ပြန်ရောက်တော့ မနက်လေးနာရီထိုးနေပြီမို့ ၊ အိပ်ယာပေါ် ခဏလှဲလိုက်တာနဲ့ ခြောက်နာရီခွဲ သွားပြီး အလုပ်သွားဖို့အတွက် တဖန် ပြင်ဆင်ရပြန်ပါတယ် ။ အလုပ်ရောက်တော့ မျက်လုံးတွေ နီရဲနေတဲ့ ကျွန်မကိုကြည့်ပြီး အလုပ် ထဲက ကလေးတွေအားလုံးကတောင် ပြုံးစိစိနဲ့ ကြည့်ကာ ၊ “ ချယ်ရီ၊ ဒီနေ့အလုပ်လုပ်ရင်တော့ အိပ်မငိုက်နဲ့နော် ”လို့ သတိ ပေးစကား ဆိုလာသေးတယ်။ ပထမတော့ သူ့တို့စကားသံမှာ ကျွန်မကို အထင်သေးလှောင်ပြောင်သလို ဖြစ်တာမို့ အခံရ ခက်ပြီး စိတ်ဆိုးမိသွားတယ်။ ဒါပေမဲ့လည်း ညကပင်ပန်းသွားတဲ့ အရှိန်ရယ်၊ အိပ်ရေးမ၀တာရယ်ကြောင့် ထမင်းစားပြီးချိန်မှာ တကယ် အိပ်ချင်လာတာမိှု့ တစ်နာရီခြားတစ်ခါလောက် အိပ်မငိုက်မိအောင် ကျွန်မရဲ့ မျက်လုံးတွေကို တစ်သျှူးနဲ့ ရေစွတ်ပြီး ခဏခဏ သုတ်နေရပါတယ်။
             ညနေပိုင်းမှာဆွန်းက ကျွန်မကို ဓါးစက် (over lock) ဘယ်လိုချုပ်ရမလဲဆိုတာ သင်ကြားပြသပေးတယ်။ စက်ချုပ်ဖူးသူ အားလုံးအတွက် စက်တွေထဲမှာတော့ ဓါးစက်ချုပ်ရတာ အလွယ်ကူဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အားလုံးအပြီးစီးဖြစ်သွားတဲ့ အထည်တွေမှာ ဓါးစက်နှင့် နောက်ဆုံး အချောသတ်လိုက် ရတဲ့အခါ ပိတ်ကိုဓါးမထိဖို့တော့ ဂရုစိုက်ရတာပေါ့။ သူက ကျွန်မ ချုပ်ဖို့ အတွက် ထုတ်လုပ်မှုဌာန(production)ဆီမှ ချုပ်လက်စအထည်တွေ အပြည့်အသိပ်ထည့်ထားတဲ့ အိတ်ကြီးဆွဲယူလာတယ်။ အဲ့ဒီအထည်တွေအားလုံးက ပြီးစီးလုနီးပါး ဖြစ်နေပြီး နောက်ဆုံးအဆင့်အဖြစ် ဓါးစက်လိုက်ဖို့ပဲ လိုတဲ့အဆင့်ဖြစ်ပုံပါပဲ။ အိတ်ကြီး ကြီးလွန်းလို့ ကျွန်မ မြင်ပြီးလန့်သွား မိပေမဲ့ မဖြုန်သလိုပဲ ဟန်ဆောင်နေလိုက်တယ်။ သူကဓားစက်အောက်နားမှာ အဲ့ဒီ အထုတ်ကြီး ကို ထောင်ထားလိုက်တယ်ဆိုရင်ပဲ သူ့ဘက်မှစကားမစခင် ကျွန်မ မေးခွန်း ထုတ်လိုက်မိပါတယ်။
             “ အဲ့ဒါတွေ အားလုံး ကျွန်မတစ်ယောက်တည်းချုပ်ရမှာလား”
             သူက ခုံပေါ်မှာထိုင်ပြီး နမူနာအဖြစ်အထည်တစ်ထည်ချုပ်ပြရင်း၊ ကျွန်မ မေးခွန်းကို မဖြေပဲ သူပြောချင်ရာ ပြောတယ်။
               “အခု ချုပ်ပြနေတာမြန်လား”
              တစ်ထည်ကို တစ်မိနစ်လောက်ပဲ ကြာတာမို့ ကျွန်မက သူချုပ်ပြတာမြန်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်။
              “ ချယ်ရီကို ဟိုနေ့က ပြောထားတယ်လေ၊ စက်လည်း ကောင်းကောင်း မချုပ်တတ်ဘူးဆိုတော့ ထုတ်လုပ်မှုက အထည်တွေကို သူတို့တစ်နေ့ ဘယ်လောက်ပြီးသလဲဆိုတာ မှတ်ထားပြီး ကိုယ်ကအမီလိုက်ချုပ်ဖို့လေ ၊ ဒါမှ စက်ချုပ်လည်း တခါတည်း တတ်သွားပြီး သူတို့ကို ကူညီရာ ရောက်သွားမှာလို့ ပြောထားတာ မှတ်မိလား”
               “ မှတ်မိပါတယ်”
               “ အဲ့ဒါ ဒီနေ့စချုပ်ရမှာ၊ ဒါ စက်တွေအားလုံးထဲမှာ အလွယ်ဆုံးချုပ်ရတဲ့စက်၊ ပြီးတော့ မြန်လည်း မြန်တယ်၊ လာ ထိုင် ချုပ်ကြည့်ပါဦး”
               ညအိပ်ဝတ်အကျီခါးတိုပါးပါးလေးကို အောက်အနားတွေပဲ ပတ်ပတ်လည်ချုပ်ရတာမို့ အရမ်းလွယ်ကူမြန်ဆန်ပါတယ်။ ချုပ်ကြည့်ရတာ လွယ်ကူလွန်းလို့ ကျွန်မ အရမ်းပျော်သွားမိပါတယ်..။
              

Thursday, August 9, 2012

ရေကြည်သော်လည်း မြက်မနုရာ-၎


                                                       ရေကြည်သော်လည်း မြက်မနုရာ-၎

                          စက်ရုံဝင်းထဲကို ၀င်ဝင်လိုက်ချင်း ကုန်တင်ကားကြီးတွေ သုံး၊လေးငါးစီးတွေ့လိုက်ရလို့ ကျွန်မ အံ့အား သင့်ကာ တဒင်္ဂငေးမောနေမိပါတယ်။ တချို့ရက်တွေမှာ ပိတ်စလိပ်တွေ အထပ်လိုက်တင်ထားတဲ့ကားတွေကို တစ်စီးတစ်လေ တွေ့ရလေ့ရှိတာပေမယ့် ၊ ဒီလို စက်ရုံဝင်း အပြည့် ကားကြီးတွေရပ်ထားတာမြင်တော့ အထူးအဆန်းလုပ်ပြီး ငေးမော ကြည့်မိ သွားတာပါ။ ကားဖယ်ရီပေါ်က ဆင်းဆင်းချင်း၊ ရှေ့ခန်းမှာပါလာတဲ့ အန်တီရှယ်လီက လှမ်းနှုတ်ဆက်တဲ့ စက်ရုံစောင့်ကို “ဒီနေ့ shipping ရှိလား၊ ပစ္စည်းပို့ရမဲ့နေ့လား” လို့ လှမ်းမေးတာကို တွေ့လိုက်ရပါတယ်။ အန်တီရှယ်လီက မြန်မာတစ်ဦးတည်းနဲ့ ဖစ်လပင်း(ဖီလစ်ပိုင်) ဆယ်ယောက်လောက် ၊ အင်ဒိုနီးရှား ၀န်ထမ်း နှစ်ဆယ် သုံးဆယ် နဲ့ ထောင်ချီတဲ့ အလုပ်သမားသမား တွေ ကို အုပ်ချုပ်ရတဲ့ စက်ရုံ(၂)က မန်နေဂျာမှူးကြီးမို့ ၊သူဌေးမကြီးက ယုံကြည်ရလွန်းလို့ မျက်နှာလွဲ ထားရသူပါ။ စက်ရုံ(၁)မှာတော့ အားလုံးကို သူဌေးမက တိုက်ရိုက်အုပ်ချုပ်ပါတယ်။ အန်တီရှယ်လီလို အရာရာယုံကြည်ပြီး အားကိုးရမဲ့လူယုံ မရှိလိုများလားလို့ တွေးမိ လိုက်သေး တယ်။ ဒါကြောင့် အိမ်ကနေ ဖယ်ရီအတူတူ စီးခဲ့ပေမယ့် ရုံ:ရောက်တာနဲ့ အန်တီရှယ်လီနဲ့ ဖစ်လပင်းတချို့က စက်ရုံ(၂) ဘက် ကို လှမ်းပြီး ကျွန်မတို့ မြန်မာသုံးယောက်ကတော့ စက်ရုံ(၁) ဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။
                          သူဌေးမကြီးရဲ့ရုံးခန်းက လှမ်းကြည့်လိုက်ရင် မှန်ချပ်တွေနဲ့သာခြားထားတဲ့ ကျွန်မအလုပ်လုပ်နေတဲ့ `နမူနာ ထည် အခန်း´ (Sample Room) ကို လှမ်းမြင်ရပါတယ်။ သူ့ရဲ့ နံဘေးမှာတော့ အင်ဒိုနီးရှား ဘွဲ့ရပညာတတ်တချို့ကို ကွန်ပြူတာ ကိုင်ပြီး စာရင်းဇယား လုပ်နေကြတာကို လှမ်းတွေ့ရသလို၊ တချို့ကတော့ ကျွန်မနဲ့ တဆောင်တည်း အတူတူနေတဲ့ ဖစ်လပင်း လူမျိုးတွေ ကို merchandiser ဆိုတဲ့ အရောင်းအ၀ယ်ညှိနှိုင်းရေးတာဝန်ခံ ၊ purchaserဆိုတဲ့ ၀ယ်ယူရေးတာဝန်ခံ စတဲ့ ရာထူးတွေမှာ ညနက်သည်အထိတာဝန်ယူ အလုပ်လုပ်နေကြတာကို ကျွန်မလှမ့်းမြင်ရပါတယ်။ ကျွန်မရဲ့ ‘နမူနာထည် အခန်း’ မှာတော့ ဖစ်လပင်းတစ်ယောက်မှ မရှိပဲ အင်္ဂလိပ်လိုလုံးဝ မပြောတတ်၊ အင်ဒိုစကားကိုလည်း ချစ်စရာ အဖွားကြီးလေသံနဲ့ ဗလုံးပထွေး ပြောတတ်တဲ့ တရုတ်အဖွားကြီး ‘ကြီးမေလင်း’ကိုသာ ရာထူးအကြီးဆုံးအဖြစ် တွေ့ရပါတယ်။ သူ့ကို စက်ရုံ(၁) မှာရော၊ (၂) မှာပါ ကြီးမေလင်းဆိုရင် ကျွမ်းကျင်တဲ့ ဒီဇိုင်နာအဖွားကြီးအဖြစ် အသိအမှတ်ပြုပြီးသားပါ်။ သူပြီးရင် ကျွန်မတို့ ‘နမူနာထည်အခန်းမှာ’ ရိုစီနဲ့ စန္ဒီကို ရာထူးအကြီးဆုံးလို့ထင်ထားမိတဲ့ ကျွန်မအတွေးတွေ ဒီနေ့ရုံးရောက်တဲ့အခါ  သူစိမ်း မြန်မာ အမျိုးသမီး တစ်ယောက်ကို ထပ်မံ တွေ့လိုက်ရလို့် ပို့အံ့သြသွားမိပါတယ်။ တကယ်တော့ သူက ဆေးခွင့်နဲ့ ကလေးမီးဖွားဖို့ ခွင့်ယူ ထားတာမို့ ကျွန်မနဲ့ ခုမှဆုံကြရတာပါ။ သူ့နာမည်ကတော့ ဒေလီတဲ့။ အင်ဒိုနီးရှားရောက်တော့လည်း သူရော၊ကိုယ်ရော အဖေ အမေ ရွေးချယ်မှည့်ပေးထားတဲ့မြန်မာ နာမည်လေးတွေပျောက်ပြီး၊ လူတိုင်းခေါ်ရလည်း လွယ်၊ မှတ်မိလည်း လွယ်နိုင်မယ့် ဘိုဆန်ဆန် နာမည်တွေနဲ့ဘ၀သစ်စခဲ့ကြရတဲ့ ထဲမှာ ဒေလီလည်း တစ်ယောက်ပေါ့။
                          ဒေလီက နမူနာထည်အခန်းမှာ costing လို့ခေါ်တဲ့ နမူနာချုပ်မယ့် အထည်တွေအတွက် ပိတ်နဲ့ တခြားပစ္စည်း တွေ ၀ယ်ယူဖို့ တွက်ချက်ရပါတယ်။ ဒါ့အပြင် တခြား စက်ရုံက ရောင်းသူ ၀ယ်သူ အပြန်အလှန်မေးလ်နဲ့စကားပြောရင်း ဈေးညှိတဲ့ အပိုင်းကိုလည်း တာဝန်ယူရပါတယ်။ ဒီတော့မှ ကျွန်မအရင်က တစ်ယောက်တည်း တွေးခဲ့ဖူးတဲ့ သူဌေးမကြီးက အစည်းအဝေး ခေါ်ရင် ကြီးမေလင်း တစ်ယောက်တည်း အဆင်ပြေနိုင်ပါ့မလား၊ ကြီးမေလင်း အော်ကြီးလစ်ကျယ် ပြောဆိုတာတွေကို အားလုံး က နားလည်လက်ခံရဲ့လား  ဆိုတဲ့ အတွေးနဲ့၊ ၀ယ်သူတွေ တောင်းဆိုသမျှ အကြီးမေလင်းက အင်္ဂလိပ်လိုမတတ်ပဲ ဘယ်လိုလိုက်မှတ်ချုပ်လုပ် နိုင်ပါလိမ့်ဆိုတဲ့ သံသယတွေကို ဒေလီကျွန်မရှေ့ရုတ်တရက်ပေါ်လာမှပဲ ရှင်းလင်းသွားပါတော့တယ်။ ဒီ ‘နမူနာထည်အခန်း ‘ထဲံမှာတော့  သူကကြီးမေလင်းပြီးရင်း ရာထူးအကြီးဆုံးပါပဲ။ သူကနေတဆင့် ဘာပိတ်အရောင်၊ အမျိုးအစားနဲ့ ချည်၊ သရေကြိုးနဲ့ ဖဲုကြိုး၊ဖဲပြားစတဲ့ accessories သုံးမလဲ ဆိုတာတွေကို ဒီဇိုင်းနာတွေက သိရတာဖြစ်ပါတယ်။ ကြီးမေလင်းတို့ ဒီဇိုင်း ဆွဲပြီးတာနဲ့ စက်ခန်းထဲက စက်ချုပ်သမ တွေ နဲ့ ညှိနှိုင်းပြီး သူက ၀ယ်သူ(buyer) ကို ၊(တနည်းအားဖြင့် အော်ဒါအပ်သူကို )  နမူနာအထည်တွေ ပြီးစီးနိုင်မယ့် နေ့ကို ကြိုတင်ခန့်မှန်းအကြောင်းကြားရတာ သေ်းတယ်။
                             ဒီနေ့တော့ သူတို့ချုပ်နေတဲ့ ရေကူးဝတ်စုံအတွက် ပခုံးမှာတပ်မယ့် ကြိုးနှစ်ဖက်ကို ညီညီညာညာ ကူဖြတ်ရင်း အရမ်း ဆန်းပြားခေတ်မီတဲ့ ဖဲကြိုးတွေဗလပွနဲ့ ဖက်ရှင်ရေကူးဝတ်စုံနဲ့ ဘောင်းဘီဝမ်းဆက်လေး ချုပ်နေတာကို တဆင့် ချင်းလိုက်ကြည့် မိပါတယ်။ ကျွန်မ မနီးမဝေးကနေ ကြည့်နေတာကို ကြည်ဖြူသူလည်း ရှိသလို၊ သုန်မှုန်တဲ့ မျက်နှာပေးနဲ့ နှုတ် ခမ်းစူ ထားတဲ့လူတွေလည်း ရှိပေမယ့်၊ ကျွန်မက ပညာလိုချင်သူမို့ ၊ သူတို့ကို အနှောင့်အယှက် မဖြစ်ရအောင် ခပ်လှမ်းလှမ်းကနေ စာအုပ်တစ်အုပ်နဲ့ ကြည့်ရင်း လိုက်မှတ်မိပါတယ်။ ပထမတော့ စာအုပ်ကိုင်ရမှန်း နားမလည်တဲ့ ကျွန်မကို အန်တီရှယ်လီက  သုံးလကျော်၊လေးလ ဆိုတာ လေ့လာတာတောင်မှ ပြီးစလွယ် ယောင်ဝါးဝါး လုပ်လို့ မရတော့ဘူး၊ စာအုပ်နဲ့ ချုပ်လုပ်ပုံတဆင့်ချင်း၊ မြန်မာလို ဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် လိုက်မှတ်ထားသင့်ပြီ ဆိုတဲ့ အမှာစကားကြောင့် ခုလို လိုက်မှတ်ရခြင်းဖြစ်ပါတယ်။ အဲ့ဒီ လို လိုက်မှတ်ရင်း ကိုယ်နဲ့ ရင်းနှီးနေပြီး မျက်နှာလည်းချိုတဲ့ စက်ချုပ်သမတွေ နားကပ်ပြီး ဘာကူညီရမလဲ လို့ အင်ဒိုလို လိုက်မေးရ ပါသေးတယ်။ ဒါကလည်း နမူနာအထည်လှလှလေးတွေ အော်ဒါကျနေလို့ စက်တွေမအားတဲ့အခါ ၊ အလုပ်လုပ်ရင်း စက်ချုပ် လေ့ကျင့်ချင်တဲ့ ကျွန်မရဲ့ဆန္ဒလေးပါ။ တခါတလေလည်း အထည်ချုပ်လုပ်ငန်း (Textile) အသုံးအနှုန်းတွေ မသိသေးတဲ့ ကျွန်မက စာအုပ်ထဲမှာ မြန်မာလိုရေးမှတ်တာကို မြင်တိုင်း အနားကို အင်ဒိုစက်ချုပ်သမ ခပ်ငယ်ငယ်တွေ ၀ိုင်းပြီး စပ်စုတတ် ကြသေးတယ် ။ မြန်မာစာ ဆိုတာအဲ့ဒါလားဆိုတာမျိုးပေါ့။  သူတို့အင်ဒိုနီးရှားစာကတော့ ABCD နဲ့သာရေးပြီး အသံထွက်ကျမှ အင်္ဂလိပ် အသံထွက် နဲ့ကွဲပြီး A ကို “ အာ”၊ B ကို “ ဘေ” ၊ C ကို “ ကျေ” ဆိုပြီး အသံထွက်ကြတယ်။ တခါတလေလည်း သူတို့က နေ့လည်ထမင်းစား ချိန်မျိုးမှာ မြန်မာလို AကနေZ အထိရေးပြပါဆိုလို့ ကကြီးကနေ အ အထိရေးပြရသေးတယ်။ သူတို့လိုက် ရေးကြည့်တဲ့ အခါ ဘယ်လိုမှ အဆင်မပြေကြဘူး။ အဲ့ဒီအခါ ကျွန်မတို့ကို “ သြော် သူတို့က ဒီလောက် ခက်တဲ့ စာတွေကို ငယ်ငယ်ကတည်းက ရေးခဲ့၊ သင်ခဲ့ကြတာ။ ဒါကြောင့် ငါတို့စာကျ အေးဆေးဖြစ်နေတာ” လို့ မချိတင်ခဲ ပြောကြပါသေးတယ်။ အမှန်တော့ သူတို့စာကိုရေးတဲ့ အေဘီစီဒီဆိုတာလည်း ကျွန်မတို့က ငယ်ငယ်ကတည်းက သင်ထားခဲ့တာကိုး။

Tuesday, August 7, 2012

ရေကြည်သော်လည်း မြက်မနုရာ-၃

                           

                                                       ရေကြည်သော်လည်း မြက်မနုရာ-၃
 
                                    ကျွန်မစက်စချုပ်ချိန် မော်တာစက်ကို မသုံးဖူးတာကြောင့် စက်က ကိုယ်ထင်တာ ထက် မြန်ပြီး စက်ကြောင်းတွေ တွန့်လိမ်ကောက်ကွေးနေတာကို ပြောခဲ့ပြီးပါပြီ။ ။ ကျွန်မ လေ့ကျင့်ဖို့ သူတို့ ပေးထားတဲ့ ပိတ်စ ကလေးတွေကို အသုံးပြုပြီး အပ်ကြောင်းဖြောင့်အောင် နှစ်ရက်လောက်ကျွန်မ ကြိုးစား လေ့ကျင်ရပါတယ်။ တလက်စတည်း မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပြီး ကျွန်မဘ၀မှာ တစ်ခါမှ မမြင်ဖူးတဲံ့ စက်မျိုးတွေကိုလည်း မျက်စိတွေ နားတွေဖွင့်ပြီး အပြေးအလွှား လေ့လာ ခဲ့ရ ပါသေးတယ်။ စက်ခန်းထဲ အမျိုးအစားစုံလင်တဲ့ စက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နေကြသူတွေ ကြားထဲမှာ အခြေခံ အကျဆုံးဖြစ်တဲံ့single needle machine ခေါ် အပ်တစ်ချောင်းတည်းနဲ့ ချုပ်ရတဲ့ ရိုးရိုးမော်တာစက်ကို ကျွန်မအဆင်ပြေပြေ ချုပ်နိုင်တာ မြင်တော့ ခေါင်းဆောင် ဆွန်းဒါလီက ပိတ်ညှပ်သမား ကောင်မလေးနဲ့ ကျွန်မကိုမိတ်ဆက်ပေးပါတယ်။
                                ကောင်မလေးနာမည်က နယ်လီ တဲ့ ။ သူကတော့ခေါင်းပေါင်းလေးနဲ့ မဟုတ်ပဲ ကောက်ကွေးတွန့်လိမ် နေတဲ့ ဆံပင်လေးတွေကို အပြောင်သိမ်းပြီး နောက်မှ စုချည်ထားတာမို့ နှုတ်ဆက်အပြုံးနဲ့ မိတ်ဆက်လိုက်တဲ့ ကျွန်မကို မရယ်မပြုံး ခပ်တင်းတင်း မျက်နှာပေးနဲ့ တုံ့ပြန်တာကို သတိပြုမိလိုက်ပါတယ်။ ဆွန်းက ပိတ်တွေအကြောင်း  အကြမ်းဖျဉ်း ရှင်းပြ ဖို့နဲ့ အလွယ်ဆုံးဘောင်းဘီတစ်ထည် ကို ကျွန်မကိုယ်တိုင် ညှပ်ကြည့် ဖို့ သူ့ကို ကူညီပြသခိုင်းလိုက်ပါတယ်။ ဒီတော့မှ သူက စက္ကူ တွေ တစ်ထပ်ကြီးထားတဲ့ အိတ်ထဲကနေ စက္ကူခေါက်လေးတစ်ခုကို ထုတ်လာပြီး ပိတ်ပေါ် တင်ဖြတ်တဲ့အခါ ဘောင်းဘီပုံ ရှေ့ခြမ်း၊ နောက်ခြမ်းနှင့် အလယ်ခြမ်းတွေကို ပင်အပ်လေးနဲ့ ပိတ်စမှာ တွယ်ပြီး သပ်သပ်ရပ်ရပ် မြန်မြန်ဆန်ဆန်ပဲ ညှပ်ပြပါတယ်။ တကယ်တမ်း ကျွန်မ စက္ကူခေါက်လို့ ထင်နေတဲ့အရာဟာ လှပသေသပ်တဲ့  ဘောင်းဘီပတ်တမ် တစ်ခု ဆိုတာကို ပိတ်စပေါ် သူတင်ညှပ်ပြီးး မချုပ်လုပ်ရသေးခင် ပိတ်အပိုင်းအစလေးတွေ အဖြစ်မြင်မှ ကျွန်မ နားလည်ခဲ့ရတယ်။ သူကတော့ ကျွန်မနားလည်တာ ၊နားမလည်တာထား သူ့ကို တာဝန်ပေးထားခဲ့ပြီးပြီ မို့ အင်ဒိုစကားသံ ရွှတ်ရွှတ်ရှပ်ရှပ်နဲ့ရှင်းပြပြီး သူ့လို စမ်းညှပ်ကြည့် ဖို့လညိး ကတ်ကြေး ကို  ကျွန်မလက်ထဲ ထည့်လိုက်ပါတယ်။
                                ကျွန်မအတွက်လည်း အမြင်မှာ မခဲယဉ်းလှတာမို့ သူ့အတိုင်း လိုက်ညှပ်ကြည့်တဲ့ အခါ  ဘောင်းဘီတစ်ထည်စာ ပိတ်အပိုင်းအစတွေသာ ထွက်လာတယ် ၊ အနားမှာ ရပ်နေတဲ့ နယ်လီက ညှပ်ပြီးသား ပိတ်စတွေကြည့်ပြီး ဟားတိုက်ရယ်မောနေတာမို့  ကျွန်မ အတော်စိတ်ညစ်သွားမိတယ်။ ဒီတော့မှ ဘောင်းဘီတစ်ထည်ဖြစ်ဖို့ ပိတ်ညှပ်တာတောင် ရိုးရိုးညှပ်လို့ မရပဲ၊ ဘာတွေပညာသားပါတယ်ဆိုတာ  သူ့ရှင်းပြမှပဲ တဖြေးဖြေးနားလည်လားခဲ့ရတယ်။ တကယ်တော့ ပတ်တမ်ပေါ်မှာ ရေးထားတဲ့ စတိုင်နံပါတ်နဲ့ ၀ယ်သူနာမည်တွေအပြင်၊ နောက်ထပ် အရေးကြီးတဲ့ ပိတ်စရဲ့လားရာ၊ ဦးတည်ရာကို ညျွှန်ပြရတဲ့ မြှားလေးကိုလည်း ကြည့်တတ်ရ ပါသေးတယ်။ အဲ့ဒီမြှားလေးအတိုင်း ပိတ်ပေါ်မှာတင်ပြီးဖြတ်ရတာမို့၊ ပိတ်စရဲ့ဆွဲအားက အလျားမှာ ရှိလား၊အနံမှာ ရှိလားဆိုတာကို ဆုံးဖြတ်ညွှန်ပြပေးတဲ့ မြှားခေါင်းလေးအတိုင်း ပိတ်စပေါ်မှာ မှန်ကန်စွာ တင်ပြီး ဖြတ်ရတာပါ။ ဒါမှ ဘောင်းဘီချုပ်မည့် သူအတွက် ပိတ်စအစွန်းမှာ (elastic) သရေကြိုးတပ်ပြီး ခါးမှာ ၀တ်ရတာအဆင်ပြေမှာပါ။ မဟုတ်ရင် ဆွဲအားမရှိတဲ့ နေရာမှာ သရေကြိုးတပ်ပြီးလှလှပပ ချုပ်လည်း ၀ယ်သူအတွက် အဆင်ပြေကောင်းမွန်ပြီး သက်တောင့် သက်သာရှိတဲ့ အထည်တစ်ထည် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
                                 သူ့အကူအညီနဲ့ အထည်ခြောက်ထည် (ဒါဇင်ဝက်) ကို ညှပ်လို့အပြီးမှာ ဆွန်းက နမူနာ အထည် တစ်ထည် ချုပ်ပြပေးပါတယ်။ ပြီးတော့ ဘောင်းဘီအမျိုးအစား အများကြီးရှိတဲ့ အထဲမှာ၊ ဒီနေ့သင်တဲ့ ဘောင်းဘီက အခြေခံအကျဆုံးနဲ့ အလွယ်ကုဆုံးဖြစ်ကြောင်း၊ဘောင်းဘီ နာမည်ကို (panty ) လို့ခေါ်ကြောင်း ပြောပြပါတယ်။ အဲ့ဒီ (panty) ဆိုတဲ့ ဘောင်းဘီလေးကိုချုပ်ရာမှာ ကျွန်မအတွက် အခက်ခဲဆုံးအချိန်ကတော့ ပေါင်မှာ (elastic ) သရေကြိုးတပ်တဲ့ အဆင့်ပါပဲ။ ခါး ပတ်ပတ်လည် မှာ သရေကြိုးတပ်တာ ထင်သလောက် မခက်ခဲပေမယ့်  ပေါင်မှာတပ်ရတဲ့ သရေကြိုးကိုတော့  ဟိုဘက်ဒီဘက် ညီအောင် တပ်ပေးရတာမို့ ၊ စက်ချုပ်တာနဲ့ပတ်သတ်ပြီး မမေ့ နိုင်တဲ့ ကျွန်မဘ၀ရဲ့ အမှတ်ရဆုံးအခက်အခဲ တစ်ခုဖြစ်ခဲ့ပါတယ်။ သရေကြိုးတပ်တဲ့စက်က ရိုးရိုးမော်တာစက်မဟုတ်ပဲ zigzag machine ပါ။ သရေကြိုးတပ်ရတဲ့ အပိုင်းတွေမှာ အဲ့ဒီစက်ကို အသုံးပြုရတာ အလွယ်ကူဆုံး ဆိုတာကို နောက်ပိုင်းမှာ နားလည်သဘောပေါက် ခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းကတော့  zigzag machine ခုံမှာ ထိုင်ပြီး သရေကြိုးတပ်ရတဲ့ အချိန် ကျွန်မစိတ်ထဲ ပျော်ရွှင်နှစ်သက်မူ မရှိခဲ့ပါဘူး။ ဘာလို့ လဲ ဆိုတော့ ကျွန်မချုပ်ပြီးတဲ့ အထည်တိုင်း ခေါင်းဆောင် ဆွန်း ကို ပြန်ပြရတဲ့အခါ၊ ပေါင်မှာတပ်တဲ့ သရေကြိုးတွေ ဘယ်နဲ့ ညာနဲ့ မညီတိုင်း သူကအကြိမ်ကြိမ်ဖွင့်ပြီး ကျွန်မကို ပြန်ချုပ်စေပါတယ်။ အဆိုးဆုံးကတော့ တပ်ထားတဲ့ သရေကြိုးတွေကို ပြန်ဖွင့်တဲ့အခါ၊ အမြဲ ဘရိတ်ဓါး သုံး ပြီးဖွင့် ရတာမို့ ပြဲရာ၊ဓါးရာဗလပွနဲ့ ဘောင်းဘီတွေကို ဆက်ချုပ်ဖို့ အင်အားမရှိတော့တာနဲ့ နယ်လီ ဆီမှာ မျက်နှာငယ်ငယ် နှင့် ပိတ်ပြန်ညှက်ဖို့ တောင်းရတဲ့အချိန်တွေဟာ ကျွန်မဘ၀မှာ တကယ့် စိတ်ပျက် သိမ်ငယ်စရာ မိနစ် အချိန်လေး တွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲ့လို အချိန်တိုင်း သူက မျက်ထောင့်နီနဲ့ စွေကြည့်ရင်း
                                     “ဒီ ဂိုထောင်ထဲမှာ ရှိတဲ့ ပိတ်တွေက နင်တစ်ယောက်တည်း စမ်းချုပ်ဖို့ မဟုတ်ဘူးနော်၊ကြည့်လုပ် အုန်း “ ဆိုတဲ့သူ့အသံဟာ ကျွန်မကို အမြဲသင်ကြားပေးတဲ့ ဆွန်းလေသံထက် ဆယ်ဆလောက်ခက်ထန်မာကြောတာကြောင့် ကျွန်မ ချုပ်တဲ့ ဘောင်းဘီတွေ မပြီးခင် တစ်ခုခုပျက်ဆီးမှာကလည်း စိုးရိမ်ပူပန်ရပါသေးတယ်။ စက်ခန်းထဲမှာ ကျွန်မလေ့ကျင့်ချုပ် ကြည့်ဖို့ စက်တစ်လုံးသီးသန့် မပေးထားနိုင်တာကြောင့် ၊ ကျွန်မကူညီလုပ်ကိုင်နေတဲ့ တောက်တိုမယ်ရ အလုပ်လေးတွေ အားတဲံ့ အချိန်ရယ်၊ အလုပ်သမားတွေမသုံးတဲ့ စက်ရှိတဲ့အချိန်မျိုးရယ်မှ အပြေးအလွှားလေ့ကျင့်ချုပ်လုပ်ရတာမျိုးပါ။ ဒါကြောင့် ဘောင်းဘီ  ခြောက်ထည်ပြီးဖို့ အချိန်နှစ်ရက်ယူပြီး ဆွန်းကလည်း သဘောကျမှ ကျွန်မ ရဲ့ပထမဆုံးလက်ရာလေးတွေကို ကြီးမေလင်း ကို ပြဖြစ်ပါတယ်။ ကြီးမေလင်းက တော့ကျွန်မချုပ်ပြီးသမျှ ဘောင်းဘီလေးတွေကို တစ်ထည်ပြီးတစ်ထည်ကိုင်ကြည့် ပြီး “ လှတယ်၊ ကောင်းတယ်” နဲ့ အတော်လေး သဘောကျနေလို့ ကျွန်မလည်းအတော် စိတ်သက်သာရာ ရသွားမိတယ်။ ဒါပေမယ့် ကျွန်မနောက်ကွယ်ကျမှ နမူနာအခန်းထဲမှာ စားပွဲပေါ်မှာ ကပ်ထားတဲ့ သူ့ပေကြိုးနဲ့တိုင်းရင်း ကျွန်မရဲ့ အထည်တွေ အားလုံး  အတိုင်းမ၀င်လို့ နောက်တစ်ခါ ချုပ်ရင် တိတိကျကျ အတိုင်းနဲ့သေချာချုပ်ဖို့ အစ်မတွေကနေတဆင့် အမှာစကားပါးလိုက်မှန်း အိမ်အပြန်ဖယ်ရီပေါ်ရောက်မှ သိလိုက်ရပါတယ်။

Sunday, July 15, 2012

ရေကြည်သော်လည်း မြက်မနုရာ-၂

                                                  ရေကြည်သော်လည်း မြက်မနုရာ-၂

                                      
                                    ဒီလိုနဲ့ တစ်နေ့တော့ ရုံးရောက်ရောက်ချင်း အန်တီရှယ်လီက ကျွန်မကို ပိုင်ရှင်သူဌေးနဲ့ မိတ်ဆက် ပေးဖို့ လှမ်းခေါ်တာနဲ့ သူနဲ့အတူ သူဌေးရုံးခန်း ကို ရောက်ခဲ့ပါတယ်။ သူဌေးက အသက်ခြောက်ဆယ် အရွယ် အမျိုးသမီးဖြစ်ပြီး တောက်ပရွှန်းစိုတဲ့ အပြုံးတစ်ပွင့်နဲ့အတူ ကျွန်မကို ရင်းရင်းနှီးနှီးပဲ လက်ခံစကားပြောပါတယ်။ ကျွန်မက အလွန်အမင်း စိတ် လှုပ်ရှားနေတာမို့ ရင်းနှီးစွာ ဟာသနှောပြီး ပြောလာတဲ့ သူရဲ့တချို့စကားတွေကို တိုးလျတဲ့အသံနဲ့ပဲ မပွင့်တပွင့်တုံ့ပြန်မိတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်မစိတ်ထဲပေါ်လာတာက  ကျွန်မကို အင်္ဂလိပ်စကားပြောသင်ပေးခဲ့တဲ့ ဆရာဦးအောင်ဇေ (တော် ဘုရားလေး) ရဲ့မှာကြားသံ။
                             “အလုပ်အင်တာဗျုးမှာပဲ ဖြစ်ဖြစ်၊ အလုပ်ဝင်စ အချိန်တွေမှာပဲဖြစ်ဖြစ်၊ ကိုယ့်အထက်က လူကြီးတွေ၊ ဘော့စ် တွေနဲ့ နှုတ်ဆက်တဲ့အခါ ကိုယ့်ရဲ့အသံမှာ ယုံကြည်မူအပြည့်အ၀ ပါပါစေ၊ သူနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါ သူ့ကိုအလေးထားမှု ကိုပြတဲ့ အဘောနဲ့သူ့လက်ကိုအားထည့်ရုံ မဆိုသလောက်လေးညစ်ပြီးမှ နှုတ်ဆက်လိုက်ပါ။ မလိုအပ်ပဲ ခါးကိုင်း အရိုအသေ ပေး ရင်း လက်ဆွဲနှုတ်ဆက်တာမျိုး၊ လေးစာသမူလွန်ပြီး လက်အုပ်ချီပြတာမျိုး မလုပ်ပါနဲ့။ နိုင်ငံတကာမှာ အဲ့ဒါမျိုး နှုတ်ဆက်တာမျိုး လုံးဝမရှိဘူး။ ”
                                    နိုင်ငံရပ်ခြားအဝေးကို ထွက်ပြီး အလုပ်လုပ်ရမယ့် တပည့်ကို စိတ်မချစွာမှာကြားတဲ့ ဆရာရဲ့အသံ နားထဲ ရုတ်တရက် ၀င်ရောက်လာတယ်။ ဒါကြောင့် ကျွန်မသူ့မျက်လုံးတွေကို ရင်ဆိုင်လိုက်ရင်း ကျွန်မစိတ်လှုပ်ရှား တုန်လှုပ် နေတာကို သူမရိပ်မိအောင် လေသံမြှင့်ပြီး သူမေးသမျှ သွက်လက်စွာပြန်ဖြေလိုက်ပါတယ်။ သူက ကျွန်မလို Textile လောက အကြောင်း လုံးဝမသိသူကို Assistant Designer ရာထူးနဲ့ အလုပ်ခန့်အပ်ထားတာဖြစ်လို့ ဒီဇိုင်းပက်တန် (Design Pettern) တွေ အကြောင်း မသင်ပေးခင်မှာ ကျွန်မတွက်  အခြေခံဖြစ်တဲ့ စက်ချုပ်ခြင်းအတတ်ကို ကျွမ်းကျွင်စွာ တတ်ဖို့ လိုကြောင်းပြောတယ်။ အဲ့ဒီလို တတ်မြောက်မှလည်း ကိုယ်ဆွဲတဲ့ ဒီဇိုင်းမှန်မမှန် ကိုယ့်ဖာသာစမ်းသပ်ချုပ်ကြည့်လို့ ရမှာဖြစ်ပြီး အနည်းဆုံး မတတ်လှ၊ မကျွမ်းလှဘူး ဆိုရင်တောင် ကိုယ် ညွှန်ကြားပြသပေးမဲ့ အလုပ်သမားတွေလောက်တော့ ချုပ်တတ်ဖို့ လိုကြောင်း ရှင်းပြပါတယ်။ Underwear Designer တစ်ယောက်ဖြစ်ဖို့ အများမျက်စိကျမယ့် အမျိုးသမီးအတွင်းခံ လှလှလေး တစ်စုံလောက် စိတ်ကူးနဲ့ ပုံဖော်တတ်ရုံနဲ့ မရဘဲ ၊အတိုင်းမှန်မှန် ပုံစံကျကျ လှလှပပလေးချုပ်တတ်ရမယ်.. ချုပ်လည်းချုပ်နိုင်ရမယ်တဲ့။ သူ့အပြောမှာ ကျွန်မကိုယ်ကျွန်မ စိတ်မချစွာ မောပန်းနွမ်းနယ် သွားပါတယ်။ သို့သော်လည်း ကျွန်မအကောင်းဆုံး ဖြစ်အောင်  ကြိုးစားလုပ်ပါ့ မယ် လို့ အဓိပ္မါယ်ရတဲ့ “I try my best ‘’ ဆိုတဲ့ စကားကို နှုတ်ဖျားကတင်မကဘဲ ရင်ထဲကပါ လှိုက်လှဲစွာ ကတိပြုမိခဲ့တယ်။ တကယ်ပါ ။ ကျွန်မကို ယုံကြည်စွာ မျှော်လင့်တဲ့ သူ့မျက်လုံးထဲက သတင်းပေး စကားလုံးတချို့ကို လက်ခံကောက်ယူ နိုင်သွားတာမို့ ကျွန်မတကယ် တာဝန်ကျေချင်ပါတော့တယ်။
                                    သူ့ရုံးခန်းကအပြန် လမ်းမှာ ကျွန်မဆီက သက်ပြင်းသဲ့သဲ့ ရှိုက်သံကြားတော့ အန်တီရှယ်လီက အား ပေး စကားလိုလို နဲ့ သတိပေးစကားကိုစပြောတယ်။
                                     “ သူဌေးက အရမ်းသဘောကောင်းတယ်နော်၊ ဟုတ်တယ်မဟုတ်လား။ သူဆီမှာဆို တို့ မြန်မာတွေ က သစ္စာလည်း ရှိပြီး၊ အရမ်းလည်း တာဝန်ကျေတော့ မြန်မာလူမျိုးတွေဆို စက်ရုံမှာသူက မြဲစေချင်တာ။  ရာထူးကြီးကြီးနဲ့ကို အလုပ်လုပ်နိုင်စေချင်တာ  တို့ဆို ဒီမှာ ဆယ်နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကဆို မြန်မာနိုင်ငံမှာလည်း အထည်ချုပ်လုပ်ငန်းက ခုလောက် တောင်ဖွံ့ဖြိုးတာ မဟုတ်တော့ တို့လည်း သုညကစပြီး လုပ်ခဲ့ရတာပဲ။ ဒီကိုရောက်ရောက်ချင်းဆိုတော့ ဘာမှသိပ်ပြီး နားမလည်ဘူး။ စက်ရုံက အင်ဒို အလုပ်သမားတွေဆီကပဲ ပြန်သင်ရတာ။ သူဌေးကလည်း ကိုယ်တတ်လားမတတ်လား သူတို့ကိုပဲ မေးပြီး၊ နောက်ကိုယ် တကယ်တော်လာတော့ ရာထူးရော လခရောတိုးပေး။ ကိုယ်တွေကလည်း မြန်မာနိုင်ငံမှာကတည်းက ဘွဲ့ရ ပညာတတ်ပြီးသား ဆိုတော့  ကိုယ်ကို သင်ပေးခဲ့တဲ့ အင်ဒို အလုပ်သမားတွေကို ပြန်ပြီးအုပ်ချုပ်ရင်း၊ နောက် အဲ့ဒီလူတွေ ရဲ့အလုပ်အခြေအနေ၊ နေ့စားအလုပ်သမားကနေ လခစား အလုပ်သမားအဖြစ် တိုးမြှင့်ခန့်ဖို့သင့်မသင့်က အစ၊ သူဌေးက ကိုယ်နဲ့ပြန်ပြီး တိုင်ပင်ရတဲ့ အဆင့်ဖြစ်လာတာပဲ။ အန်တီဆို အဲ့လိုဖြစ်အောင် ကိုယ်တိုင်ကြိုးစားခဲ့သလို သမီးကိုလည်း ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်လည်း သမီးလို ဘာအမျိုးမှမတော်တဲ့သူကို လိမ္မာတယ်၊ တော်တယ်လို့ အာမခံပြီး ခေါ်ခဲ့ တာ မဟုတ်လား။ ”
                                 “ ဟုတ်”
                                  ကျွန်မက နားလည်အားကျစွာ ခေါင်းညိတ်ပြတော့ အန်တီရှယ်လီကလည်း စကားဆက်ပါတယ်။
                                     ဒါပေမဲ့ ဒါက လူတိုင်းတော့ လွယ်လွယ်ကူကူ မလုပ်နိုင်ဘူး။ အဲ့ဒီလို ဖြစ်အောင် ကြိုးစားရမှာလို့ တို့ ကပြောတာ။ ဒီကိုရောက်လာတဲ့ မြန်မာတွေအားလုံးကို ခြောက်လ အချိန်ပေးထားတယ်။ ပေးထားတဲ့ အချိန်အတွင်းမှာ စက်ချုပ် ရော၊ ခန့်ထားတဲ့ ရာထူးနဲ့ သက်ဆိုင်တဲ့ အလုပ်တွေအားလုံး သင်ပေးပြပေးလိမ့်မယ်။ ဒါပေမယ့် အသင်ချည်းပဲတော့ ဘယ်ဟုတ် မလဲ။ တို့တွေက ဒီမှာအလုပ်လာလုပ်တာ၊ ကျောင်းလာတက်တာမှ မဟုတ်တာ။ learning and doing ပေါ့။ သူတို့ အလုပ်တွေကို သင်ရင်းနဲ့ လုပ်သွားရမယ်။ Job Trainning ပေါ့။ သူတို့က တစ်ထွာလောက် ပဲ ပြရင်ကိုယ်တွေ ကတစ်လံလောက် မြင်နိုင်အောင် ကြိုးစားရမှာ။ သိတယ်မဟုတ်လား။ အဲ့ဒီလို သင်ရင်း ခြောက်လပြည့်လို့ အလုပ်တွေလွှဲလိုက်ပါပြီတဲ့။ ကိုယ်ကဘာတာဝန်မှ မယူ နိုင်သေးဘူး၊ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်နိုင်သေးဘူး ဆိုရင်တော့ `တာ့တာ´ပဲ။ လာရာလမ်းပြန်၊ ကိုယ့်ရွာကိုပဲပြန်၊ အဲ့ဒီရွာမှာသာ ပျော်ပျော်ကြီး နေပေတော့၊ ဘာ နိုင်ငံခြား အတွေ့အကြုံမှလည်း မယူနဲ့တော့။”

Saturday, June 30, 2012

ရေကြည်သော်လည်း မြက်မနုရာ-၁


                                                    ရေကြည်သော်လည်း မြက်မနုရာ-၁
     
               လူသားအများစုဟာ ကိုယ်နေထိုင်တဲ့ လူပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကိုစွန့်ခွာခဲ့ပြီး နေရာသစ်၊ ဒေသသစ်မှာ သွားရောက်နေထိုင်ရင်း ဘ၀သစ်ကိုစတင်ကြရခြင်းမှာ မိမိနေထိုင်ရာနေရာထက် ပိုမိုကောင်းမွန်တဲ့  ရေကြည်ရာ မြက်နုရာကို ရှာဖွေရခြင်း လို့ပြောရင် မှားမယ် မထင်ပါဘူး။ အဲ့ဒီလိုရှာဖွေကြတဲ့ လူတွေထဲမှာ  ရေလည်းကြည်လင် ၊ မြက်လည်းနုတဲ့ ဘ၀မျိုးနဲ့ ကျော်ဖြတ် ရှင်သန်နိုင်သူတွေ ရှိသလို၊ “ရေကြည်ပြီး၊မြက်မနု” ၊ “မြက်နုသော်လည်း ရေမကြည်” တဲ့ အဖြစ်မျိုး မရိုးနိုင်တဲ့ ဘ၀စိန်ခေါ်မူတွေ ရုန်းကန်မှု အတွေ့ အကြုံ်တွေနဲ့ယှဉ်တွဲပြီးမှ ဖြတ်သန်းခွင့်ရတဲ့ လူတွေလည်း လောကကြီးထဲမှာ များစွာတွေ့ဖူးကြမှာပါ။ အဲ့ဒီလူတွေ ထဲမှာကျွန်မကိုယ်တိုင် ကလည်း အများထဲက တစ်ယောက် ပါ။ ရေကြည်သော် လည်း မြက် မနုတဲ့ နိုင်ငံရပ်ခြားတစ်နေရာမှာ ငါးနှစ်လောက် ဖြတ်သန်းခဲ့ဖူးတဲ့ ဘ၀ အတွေ့ အကြုံတွေကို ပြန် ပြီးစဉ်းစား မိရင်တော့ဖြင့်……….။
                                    အင်ဒိုနီရှားနိုင်ငံ ဂျာကာတာမြို့နဲ့မနီးမဝေး သံဂရမ်း မြို့နယ်ထဲမှာ  ရှိတဲ့အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖို့  ကမ်းလှမ်းခံရတဲ့ အခွင့်အရေးကို လက်လွတ်မခံနိုင်ပဲ ပထမဆုံးနိုင်ငံခြားခရီးစဉ်ကိုစတင်ထွက်စဉ်က ကျွန်မအသက် ၂၀ကျော်စ အရွယ် မှာပါ။ အင်ဒိုနီးရှားကို စကာင်္ပူ transit နဲ့သွားတာမို့ စကာင်္ပူကိုသွားတဲ့ လေယာဉ်ကတော့ တစ်စီးလုံး နီးပါး မြန်မာတွေဖြစ်နေပြီင်္း တချို့ တလေ ကိုပဲ ပြန်မာပြည်အလည်လာ နိုင်ငံခြားသားများအဖြစ်တွေ့ခဲ့ရတယ်။
                                     စကာင်္ပူကနေ အင်ဒိုနီးရှားကိုဆက်တဲ့ ခရီးစဉ်မှာတော့ တစ်နာရီခွဲလောက်သာစီးရတဲ့ အပြင်၊ လေယာဉ် ကကြီးပြီး၊တိမ်တိုက်တွေထဲ ထိုးဝင်တဲ့ အချိန်မှာတောင် လှုပ်ရမ်းခြင်းမရှိတာမို့၊ အိမ်မှာထိုင်နေရသလို ခံစားရပြီး လေယာဉ်စီးနေမှန်း တောင် မသိသာလှပါဘူး။ ဒါ့အပြင် ထိုင်ခုံကလေးတွေ ရှေ့မှာလည်း တီဗီသေး သေးလေးတွေ တပ်ထား တာမို့၊ ကိုယ်ကြိုက်တဲ့ လိုင်းကို ရွေးချယ်ကြည့် ခွင့်ရတာလည်းအဆင်ပြေလှပါတယ်။ ဒါကြောင့်မို့ တစ်နာရီ ခွဲ လောက် လေယာဉ်ခရီးစဉ်က ကျွန်မတွက် ခေါင်းမူးဖို့ပင် သတိမရပဲ ကုန်ဆုံးချိန်မြန်လွန်းလှသလိုပါပဲ။ ကျွန်မအင်ဒို ကိုရောက်တော့ ည၁၀နာရီထိုးခါနီးပါပြီ။ အဲ့ဒီနေ့ညက စနေနေ့ လည်းဖြစ်တဲ့ အပြင် တနင်္ဂနွေနေ့ ရုံးပိတ်တာမို့ ခရီးပန်းလာတဲ့ ကျွန်မတွက် အေးအေး ဆေးဆေး အနားယူခွင့် ရလိုက်ပါတယ်။ အဆောင်မှာ (၂)ထပ် တိုက် အဆောင်ရှည်တစ်ခုဖြစ်ပြီး  ကျွန်မတို့ စက်ရုံမှာအလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေ အားလုံးအပြင် ၊ ရာထူးကြီး တဲ့ အင်ဒိုနီး ရှား လူမျိုးတွေကို ပါ နေခွင့်ပေးပါတယ်။ ကျွန်မက အပေါ်ထပ်အခန်းမှာနေရပြီး ၊ အန်တိရှယ်လီက အောက်ထပ်အခန်းမှာပါ။
                      ကျွန်မရဲ့ အခန်းလေးထဲမှာတော့ ကုတင်တစ်လုံး၊စာရေးစားပွဲတစ်လုံး၊ဗီရိုတစ်လုံးအပြင် အဲကွင်းပါတပ်ပေးထားတာမို့ အဆင်ပြေလှပါတယ်။ ဒါ့အပြင် ဒီအခန်းမှာ အရင်က မြန်မာဝန်ထမ်းတစ်ဦးနေခဲ့ဖူးတာမို့ နံရံကပ် ဘုရားစင်နဲ့ ပုံတော်တွေပါ အဆင်သင့် တွေ့ရလို့ အတော်လေးစိတ်ချမ်းသာသွားမိပါတယ်။ ပစ္စည်းတွေ အားလုံးနေရာချပြီးတဲ့ အချိန်မှာတော့ ၊ ငှက်ကလေး (၃)ကောင် ပျံနေတဲ့ အိပ်ရာခင်းလေးပေါ် ကျောချရင်း နေရာသစ် ဒေသသစ်ထဲမှာ မိသားစုနဲ့ ရော၊အမိမြေနဲ့ ပါဝေးနေရတဲ့ ကိုယ့်အဖြစ်ကိုယ်တွေးမိရင်း အားငယ်တဲ့ စိတ်က ပင်ပန်းမူတွေနဲ့အတူအိပ်ချင်နေတဲ့ စိတ်ကိုပါ တွန်းကန်ထားပါတော့တယ်။