Tuesday, June 26, 2012

ကြယ်ကြွေည


                                                                 ကြယ်ကြွေည

ပြာလဲ့နေတဲ့ ကောင်းကင်ကြီးရဲ့ အရောင်ဟာ အလင်းဖျော့သထက်ဖျော့ကာ အမှောင်ထဲသို့ ကူးပြောင်းစြုပနေပြီ။ငှက်ကလေးတွေလည်း
အိပ်တန်းဝင်ဖို့  မိမိတို့  မိသားစုတွေနဲ့အတူ  ပျံသန်းနေကြပြီ၊  မကြာခင်အချိန်အတွင်းမှာ  လူတွေအားလုံးကို  ညရောက်ပြီလို့  ကောင်းကင်ကြီးကအသိပေးတော့မယ်။ ကျွန်မလည်း ဝရန်တာလက်ရန်းကို မှီပြီး သဘာဝတရားတွေရဲ့ ပြောင်းလဲမှုကို ငေးမောနေမိတယ်။အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်လာတာနဲ့အလိုက် ညဟာ ပိုပိုပြီး မှောင်မိုက်လာတယ်။ မှောင်မည်းနေတဲ့ ကောင်းကင်ယံပေါ်မှာ ဝိုင်းစက်နေတဲ့ လမင်းကြီးကို တွေ့လိုက်ရတော့ ကလေးဘဝတုန်းက   အဖြစ်တွေကို သတိရမိတယ်။ လမင်းကြီးဟာကလေးတွေ အငိုတိတ်အောင် လုပ်နိုင်ပေမယ့်  လူကြီးတွေ  အငိုတိတ်အောင်တော့  မလုပ်နိုင်ခဲ့ဘူး။  ဒီနေ့တော့  ကျွန်မလည်း  ညနေ နေဝင်တဲ့အချိန်ကနေပြီး ညရောက်လို့ လထွက်တဲ့ အချိန်အထိ ဒီနေရာမှာပဲ အတွေး
နယ်ချဲ့နေမိတယ်။နွေလအတွင်းက ညတွေရဲ့ကုန်ဆုံးမှုဟာ  တူညီပေမယ့် လူ့ဘဝရဲ့တစ်နေ့တာ ကုန်ဆုံးမှုကတော့ မတူညီကြဘူး။   လူတွေဟာ   တစ်နေကုန်စိတ်ပင်ပန်း၊ လူပင်ပန်း ရုန်းကန်ခဲ့သမျှ ညရောက်မှပဲ အတိုးချကာ အနား
ယူကြရတယ်။ ခုဆိုရင် မေမေလည်း အိပ်ပျော်နေလောက်ပြီ။ အမှန်မှာဆီုအချိန်က အိပ်ဖို့ စောလွန်းသေးတယ် မဟုတ်လား။ ဒါပေမယ့်  မနက်ဖြန်ရုန်းကန်လှုပ်ရှားနိုင်ဖို့အတွက် ဒီညနေကို  ကောင်းကောင်း အနားယူသင့်တာပဲလေ။ ကျွန်မအတွက်ကတော့ ဒီညလေးဟာ  ခါတိုင်းထက်ပိုပြီး လှပနေသလိုပဲ။  ကျွန်မသာ ကဗျာဆရာဆိုရင်  ဒီညလေးရဲ့ အလှကို အသေးစိတ် ဖွဲ့ဆိုမိမှာပဲ။ ခုတော့ စိတ်ကူးလေးနဲ့ပဲ ပုံဖော်နေရတော့တယ်။  လမင်းကြီးရဲ့အေးမြမှုတွေဟာ ကျွန်မဆီကို ကူးစက်ပြီး ကြည်နူးနေမိတယ်။ လေ
ပြည်လေးတွေရဲ့  ညင်ညင်သာသာ တိုက်ခတ်မှုတွေကြောင့် ကျွန်မရဲ့ စိတ်
တွေဟာ  ပေါ့ပါး လန်းဆန်းလာတယ်။  စိတ်ထဲက တင်းကြပ်မှုတွေဟာတစ်နေရာစီကို လွင့်ထွက်သွားတယ်။ကောင်းကင်ပေါ်က ဟိုတစ်လုံး၊ ဒီတစ်လုံး  ပြန့်ကျဲနေတဲ့ ကြယ်ကလေးတွေလိုပေါ့။  ကြယ်ကလေးတွေဟာတစ်ပွင့်နှင့်တစ်ပွင့် အလင်းချင်ြးုပိင်ကာ  တောက်ပပြီး လှချင်တိုင်း လှနေကြတယ်။  လူ့လောကထဲက လူတွေနဲ့ တူတယ်။လူတွေဟာ တစ်ဦးနဲ့တစ်ဦး  စီးပွားရေးတွေ၊  လူမှုရေးတွေ ယှဉ်ြုပိင်ကာ  ကိုယ့်ဘဝ တိုးတက်နေစေဖို့ြုကိးစားကြတယ်။  ကြယ်ကလေးတွေဟာလည်း တစ်လုံးချင်း ထွန်းလင်းတောက်ပနေရာကနေ နံနက်အရုဏ်တက်တဲ့အခါ  ပျောက်ကွယ်သွားရတယ်။ သူတို့ရဲ့ ဘဝဟာ တစ်ညတာပဲ။
နောက်တစ်နေ့ညက ကြယ်ကလေးတွေဟာ သူတို့ဖြစ်ချင် ဖြစ်မယ်။ သူတို့မဟုတ်တဲ့ ကြယ်သစ်ကလေးတွေလည်း   ဖြစ်နိုင်တယ်။ လူတွေဟာလည်းကြီးပွားတိုးတက်အောင်ြုကိးစားရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးရတယ်။ ကြယ်ကလေးတွေရဲ့ ညနဲ့ လူတွေရဲ့ဘဝတွေဟာ တူညီကြတယ်။ ကျွန်မလည်းကိုယ်ကိုယ်တိုင် စဉ်းစားပြီးြုပံးမိတယ်။  တကယ်တမ်းကျတော့ ကိုယ့်ဘာသာ စဉ်းစားပြီး ကိုယ့်ဘာသာ ကောက်ချက်ချနေမိတယ်။ ဟိုနားက လင်းလိုက်တဲ့ ကြယ်ကလေး၊ ကြယ်တွေအားလုံးထဲမှာ သူဟာ အလှပဆုံးပဲ။တောက်လည်း တောက်ပတယ်။  ဒီကြယ်ကလေးရဲ့အောက်ဘက်နားမှာလည်း ကြယ်တွေ အများကြီးပဲ။ တန်းစီနေတယ်။ ဒါပေမယ့်သူတို့ကကြယ်သေးသေးလေးတွေဖြစ်ပြီး ခုနက ကြယ်လောက် လင်းလည်း မလင်းဘူး။ ကြီးလည်း မကြီးဘူး။ သူတို့အားလုံး တည်ရှိနေတဲ့ပုံသဏ္ဌာန်က သင်္ချာဂဏန်း(၇)နဲ့ တူတယ်။ (၇)စောင်းစောင်းလေးပုံပေါ့။ ဒါဆိုရင် ဒီကြယ်ဟာ
ကျွန်မငယ်ငယ်တုန်းက သင်ဖူးတဲ့ ခုနစ်စင်ကြယ်ပဲပေါ့။ လူ့လောကထဲမှာလည်း ခုနစ်စင်ကြယ်လိုလူမျိုးတွေ ရှိမှာပဲ။  တစ်ပွင့်တည်းနဲ့ မရပ်တည်နိုင်ဘဲ ခုနစ်လုံးပြည့်မှ ရပ်တည်နိုင်တဲ့ ခုနစ်စင်ကြယ်လိုမျိုးပေါ့။ အဲဒီလူဟာဘယ်သူဖြစ်နိုင်မလဲလို့  တွေးမိတယ်။

ကြည့်စမ်းပါဦး၊ ခုနစ်စင်ကြယ်ရဲ့ ဘေးဘက်တည့်တည့်မှာ ကြယ်လေး တစ်လုံးပါလား။ ဒီကြယ်ကလေးလည်း လင်းတာပဲ။ သူက ခုနစ်စင်ကြယ်နဲ့ ဘေးတိုက်ယှဉ်ထားတော့ သူ့ရဲ့အလင်းရောင်ဟာ မှေးမှိန်နေ သလိုပဲ။
ခုနစ်စင်ကြယ်သာ မရှိရင်တော့ သူလည်း လင်းထိန်နေမှာပဲ။ သူ ကလည်းကြယ်တွေ အားလုံးထဲမှာ သေးငယ်ပေမယ့် အတောက်ပဆုံးပဲ။ ဒါပေမယ့်သူကတော့ ခုနစ်စင်ကြယ်ကို မယှဉ်နိုင်ဘူး။ လူ့ဘဝမှာလည်း ဒီကြယ်လေးလိုပဲထူးချွန်ပြီး ထက်မြက်ပေမယ့်  ခုနစ်စင်ကြယ်ကြီးလို လူတွေကြောင့်မထင်ပေါ်ဘဲ သိမ်ငယ်စွာ လင်းနေတဲ့ လူတွေရှိမှာပဲ။  တွေးရင်းနဲ့ခုနစ်စင်ကြယ်ကို အလိုလို မုန်းမိတယ်။ သူနဲ့ ဘာမှမဆိုင်ပေ မယ့် သူကနှိုင်းယှဉ်ခံရတဲ့ ဝတ္ထုပစ္စည်း မဟုတ်လား။ ကျွန်မရဲ့အတွေးဟာ တဖြည်းဖြည်းနဲ့
ကျယ်ပြန့်နေခဲ့တယ်။ဟော၊ ကြည့်ရင်းနဲ့ပဲ တောက်ပနေတဲ့အလင်းတန်းလေးဟာ မိုးကောင်းကင်ကနေ  မြေပြင်ကို ကျဆင်းသွားတယ်။ ကျွန်မဟာ အံ့ဩပြီးငေးကြည့်နေမိတယ်။ ဒါဟာ ကြယ်ကြွေတာများလား။ ဟုတ်တယ်၊  ကြယ်ကြွေတာမြင်လို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ မေမေ ပြောတာကြားဖူးတယ်။ ကျွန်မငယ်စဉ်ကတည်းက ခုချိန်ထိ ကြယ်ကြွေတာ တစ်ခါမှမမြင်ဖူးတော့ အံ့ဩပြီး ငေးနေတာနဲ့ ဆုတောင်းဖို့  သတိမရလိုက်ဘူး။ကျွန်မဘဝမှာ  အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတယ်လေ။ ဒီကိစ္စဟာကြယ်ကြွေလို့ဆုတောင်းရင် ပြည့်နိုင်လို့လား။ ကျွန်မလည်း သက်ပြင်းကို  ဖြည်းညင်းစွာ ချမိတယ်၊  ခုနက လွတ်လပ်ပေါ့ပါးနေတဲ့ ကျွန်မရဲ့စိတ်တွေဟာ ပြန်လည် တင်းမာလာတယ်။ ကျွန်မဘဝမှာ ဘယ်တော့မှ  မမေ့နိုင်တဲ့ အဖြစ်တစ်ခုဟာ  အမြဲကြီး စိုးနေခဲ့တယ်။ ဒီကိစ္စကို မေ့ပစ်ဖို့ ဘယ်တော့မှ မြုကိးစားသလို ဆုတောင်းမပြည့်တဲ့ ဒီအဖြစ်အတွက် ရင်နာခံစား
မိတယ်။ ဒီကိစ္စကို ဖြစ်ချင်တဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာအောင် ကြွေသွားတဲ့ ကြယ်ကလေးက စွမ်းဆောင်နိုင်လို့လား။ မဖြစ်ပါဘူး။ ကျွန်မဟာ တွေးရင်းနဲ့ပဲ ကောင်းကင်ကို မော့
ကြည့်မိတယ်။ ခုနစ်စင်ကြယ်ရဲ့ ဘေးနား ကနေ လင်းနေတဲ့ ကြယ်ကလေးကို မတွေ့တော့ဘူး။ ဒါဆို ခုနတုန်းက ကြွေသွားတဲ့ ကြယ်ကလေးဟာဒီကြယ်ကလေးလား။ ဒီကြယ်လေးမှ ဘာလို့ ကြွေရတာလဲ။ တခြားကြယ်တွေကြွေလည်း  ဖြစ်နိုင်တာပဲ။ သူကြွေတာမြင်တော့  ခုနစ်စင်ကြယ်ကလေးက ရယ်မောနေမလား၊ ဒါမှ မဟုတ် ဝမ်းနည်းနေမလား၊ လှောင်ပြောင်နေမလားလို့  တွေးမိတယ်။ဒါပေမယ့် ကျွန်မရဲ့မျက်စိထဲမှာတော့ ခုနစ်စင်ကြယ်ဟာ ဖျတ်ခနဲလင်းလာတာ တွေ့လိုက်ရတယ်။ ကျွန်မလည်း အာရုံစိုက်ပြီး ကြည့်မိတယ်။ဟုတ်တယ် ခုနစ်စင်ကြယ်ဟာ ပိုပြီး လင်းလာတယ်။  ဒါဆို သူ ဝမ်းသာနေ
တာများလား၊ သူလည်း  သူ့အချိန် မတန်သေးလို့ပါ။ လောကကြီးထဲမှာဘယ်အရာမှ မတည်မြဲပဲ။ စကြဝဋ္ဌာမှာလည်း ကျဆုံးမှုတွေရှိမှာပဲလို့ ကျွန်မထင်တယ်။ ကျွန်မသဘောကျတဲ့ ကြယ်ကလေးတွေ ကြွေသွား သလိုသူလည်းပဲ  သူ့အချိန်တန်ရင် ဒီကောင်းကင်ကြီးကနေ ပျောက်ကွယ် ရမှာပဲမဟုတ်လား။ တစ်ခုပဲ ရှိတယ်၊ သူ့အလှည့်ရောက်ရင်သာ ဘယ်သူ တွေက
 ဝမ်းသာပြီးြုပံးနေကြမလဲဆိုတာပဲ။ သူ့လိုနေမင်းကြီးထွက်လာမှပျောက်ကွယ်သွားတာထက်စာရင် လူတွေ ဆုတောင်းပြည့်ဖို့ ဆန္ဒတွေ ပြည့်ပြီးဝမ်းသာစေနိုင်ဖို့ ကြွေသွားတဲ့ ကြယ်ကလေးဟာ ပိုပြီး အကျိုး ရှိတယ်မဟုတ်လား။ သူ့ထက်စောပြီး ကောင်းကင်က ထွက်ခွာသွားပေ မယ့်  လူတွေက သူ့ကို ပျော်ရွှင်ကြည်နူးမှုတွေပေးပြီး ကျေးဇူးတင်ကြမှာ။ ကဲဘယ်လောက်တန်ဖိုးရှိတဲ့ ကြယ်ကလေးလဲ။ ကျွန်မလည်း ကိုယ့်ဘာသာကျေနပ် အောင်တွေးတောပြီးမှ ဒီကြယ်ကလေးကြွေချိန်တုန်းကဆုမတောင်းမိခဲ့တဲ့ ကိုယ့်အဖြစ်ကို နောင်တရနေမိတယ်။ဒီကြယ်ကလေးကိုသာ  တိုင်တည်ပြီး  ဆုတောင်းခွင့် ရလိုက်ရင်တခြားသောလူတွေရဲ့ ဒုက္ခတွေကို အသာထားပြီး သူနဲ့ဘဝတူတဲ့ ထူးချွန်ထက်မြက်တဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဒုက္ခကိုသာ ဦးစားပေးပြီး ကယ်တင်ပေးပါလို့  ကျွန်မ ဆုတောင်းမိမယ် ထင်ပါရဲ့။

( ပထမဆုံးဝတ္ထူတိုလေးပါ ..ပြန်လည်တင်ပြခြင်းသာ..ကလျာမဂ္ဂဇင်း၊  ဇန်နဝါရီ၊  ၂၀ဝ၂။)

No comments:

Post a Comment