Tuesday, June 26, 2012

ရှိုတ်စပီးယားမဖြစ်နိုင်တဲ့ ကျွန်မ


                                                           ရှိုတ်စပီးယားမဖြစ်နိုင်တဲ့ ကျွန်မ
ကျွန်မငယ်ငယ်ကတည်းကစာရေး၊စာဖတ်ာဝါသနာပါတော့ ကျွန်မ၀ါသနာအတိုင်းစာရေးဆရာတစ်ယောက်ဖြစ်အောင်ကြိဲးစားခဲ့ပါတယ်။ကျွန်မနှလုံးသားထဲကခံစားချက်နဲ့ ကျွန်မရဲ့ စိတ်ကူးဥာဏ်ထဲကစကားလုံးလေးတွေပေါင်းစပ်ပြီး စာကြောင်းလေးတွေဖြစ်အောင်ဖန်တီးရာမှာကျွန်မရဲ့မိဘတွေကလွဲလို့ဘယ်သူ့ကိုမှ ဖွင့်မပြောပြခဲ့ပါဘူးကျွန်မလိုမတောက်မခေါက်အရွယ်လေးက တန်ရာတန်ရာမလုပ်ဘူးလို့ ပြောကြဆိုကြမှာ ''အလကား စိတ်ကူးယဉ်ပြီး လျှောက်လုပ်နေတာလို့ "ဟားတိုက်ရယ်မောလှောင်ပြောင်ကြမှာစိုးလို့ပါ။ကျွန်မအဲ့ဒီလိုစားရေးချစ်စိတ်ဖြစ်အောင်ဖန်တီးပေးတာကတော့ အိမ်ရွှေဗီရိုကြီးထဲကစာအုပ်တွေပါပဲ။ရုပ်ပုံလှလှလေးတွေပါတဲ့စာအုပ်ပါးပါးလေးတွေဆိုရင် ချက်ချင်းကောက်ဖတ်ဖို့ ၀န်မလေးပေမယ့်ကတ်ထူအဖုံးကြီးတွေနဲ့ စာအုပ်အထုကြီးဆိုရင်တော့ ကျွန်မဖတ်ကြည့်ဖို့ပျင်းရိနေခဲ့မိတယ်။ဒါကိုသိတဲ့ ဖေဖေက ကျွန်မအိပ်ရာထဲမှာလှဲအိပ်ရင်း စာထပ်အရုပ်မက်တဲ့ အရွယ်မှာအဲ့ဒီစာအုပ်ကြီးထဲကစာတွေကိုသူကိုယ်တိုင်ဖတ်ပြပြီး ကျွန်မနားလည်အောင်ရှင်းပြခဲ့တာ။အဲ့ဒီတုန်းက ကျွန်မအသဲစွဲ ခဲ့ ရတဲ့ဝတ္ထူတွေဆိုမေတ္တာရှင်မလေးပေါ်လီယာနာ၊ မောဂ္ဂလိနဲ့ ဂရင်းညီနောင်ပုံပြင်တွေပေါ့။ပေါ်လီယာနာဝတ္ထူဆို ပုံပြောကောင်းတဲ့ ဖေဖေ့ကြောင့်ကျွန်မကိုယ်တိုင်ပေါ်လီယာနာလို့ထင်ယောင်မြင်ယောင်မျက်ရည်ကျရတဲ့အထိ။ တစ်ခါတစ်လေဖတ်ပြတဲ့ ရွေဥဒေါင်းရဲ့ ဦးစံရှား၊ဇော်ဝိတ်နဲ့သူတော်စိန်တို့ကလည်းကျွန်မအသည်းကို ကိုင်ဆွဲလှုပ်ခတ်နိုင်စွံမ်းရှိတယ်လေ။
အဲ့ဒီတုန်းက ကျွန်မကကျောင်းကသူငယ်ချင်းတွေကြားမှာပုံပြောကောင်းတဲ့ ဆရာမကြီးတစ်ယောက်ပေါ့။ဖေဖေပြောတဲ့ပုံပြင်တွေကို တစ်ဖန်ဖောက်သည်ပြန်ချရတာလေ။ကျွန်မပြောပြတဲ့ ပုံပြင်တွေကိုသူတို့ကစိတ်ဝင်တစားနားထောင်ကြပါတယ်။ကျွန်မရှဲုထိုင်ခုံနားမှာဆိုရင်ကျွန်မနဲ့ ရွယ်တူကလေးတွေဝိုင်းအုံလို့ပေါ့။ဒါပေမယ့်သူတို့က စုန်းမကြီးနှင့်မနှင်းဖြူလေး ၊ နတ်သမီးလေးခုနှစ်ပါးအကြောင်း၊ငလက်မလေးအကြောင်းဆိုစိတ်ဝင်တစားနားထောင်ပေမယ့်ဦးစံရှားရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့လူသတ်တရားခံရှာဖွေမူ့၊တရားခံတစ်ချို့ ရဲ့သနားစရာ ကြေကွဲစရာဇာတ်လမ်းတွေအကြောင်း ၊မထင်မှတ်ထားတဲ့သဲလွန်စသေးသေးလေးကနေ အမူ့မှန်ပေါ်သွားသည်အထိဦးစံရှားကစုံစမ်းထောက်လှမ်းပုံတို့ကျသူတို့ကစိတ်မ၀င်စားနားမလည်သလိုကျွန်မကိုယ်၌ကလည်းသူတို့နားလည်သဘောက်ပေါက်အောင်
ရှင်းပြနိုင်စွမ်း မရှိခဲ့ပါဘူး။အဲ့ဒါက ကျွန်မကပဲ ညဲံလို့လား။သူတို့ကပဲ မိုးသောက်ပန်းနဲ့တေဇလောက်ကိုသာအသဲစွဲတဲ့ပရိသတ်တွေပဲဖြစ်နေလို့လားဆိုတာတော့ ကျွန်မသေချာမသိခဲ့ပါဘူး။
သေချာတာတစ်ခုကတော့ ကျွန်မရဲ့ နုနယ်တဲ့ နှလုံးသားထဲစွဲမြဲ နေတဲ့ အဲ့ဒီဇာတ်လမ်းတွေကြောင့် ကိုယ်ခံစားရတဲ့ ခံစားချက်ကိုသူတပါးကိုပြောပြချင်တဲ့ အကျင့်ကငယ်ငယ်ကတည်က အမြစ်တွယ်နေပုံရတယ်။အဲ့ဒီအကျင့်ကြောင့် သည်စာရေးသူဘ၀ကိုခံယူခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်မရဲ့ ၀တ္ထူလေးမဂ္ဂဇင်းမှာစပါတော့ ဘယ်လိုမှမျှော်လင့်မထားခဲ့သလိုကျွန်မစာရေးနေကြောင်းမသိတဲ့သူတွေလည်းအံသြကုန်ကြတယ်။
သူတို့အံ့သြတာမြင်တော့ကျွန်မပိုလို့ဝမ်းသာမိတာပေါ့။
အဲ့ဒီလိုနဲ့ကျွန်မကြီုးစားရေြး့ပီးဝတ္ထူလေးတွေမဂ္ဂဇငိးမှာဆက်ပါလာတော့ အပေါင်းအသင်းတွေနဲ့မိတ်ဆွေတွေကိုစာအုပ်လေးပြပြီးကြွားရဲလာတော့တယ်။အဲ့ဒီအခါကျတော့ ကျွန်မပရိသတ်တစ်ယောက်စ နှစ်ယောက်စက ဝေဖန်လာကြပြီလေ။ ''ဟင့်အင်းနားမလည်ဘူး"'၊ "'တစ်မျိုးပဲနော်" "'ကောင်းတယ်မဆိုးပါဘူး၊ '' စသဖြင့်ပေါ့။တစ်နေ့အိမ်လာနေကျ မို့ကျွန်မ နဲ့လည်းသိနေတဲ့ ကျွန်မအစ်မ၀မ်းကွဲရဲ့ ကွန်ပြူတာသင်တန်းတက်ဖက်သူငယ်ချင်းတစ်ယောက်က ''အချစ်ဝတ္ထူရေးပါလား"" လို့အကြံပေးတယ်။ကျွန်မက အချစ်ဝတ္ထူဆိုတာ ဇာတ်လမ်းက ကောင်းမှ၊ပရိသတ်ရင်ကိုထိလောက်တဲ့ ဇာတ်ဖြစ်မှအစ်မရဲ့ " လို့ပြောတော့ ၊ဇာတ်လမ်းကဇာတ်အိမ်လည်းခိုင်တယ်။ဘ၀မှာဖြစ်တတ်ကြုံတတ်တဲ့သဘောမို့ ညီမလေးရေးကြည့်စမ်းပါ"ဆိုတော့ ကျွန်မနားထောင်ရတာပေါ့။
''သူက မမတို့သင်တန်းကပေါ့၊အသားဖြူဖြူ ၊ရုပ်လေးကလည်း ချောချောလေး၊ နာမည်ကတော့ ညီမလေးကြိုက်သလိုပေးပေါ့၊ သူကိုဆို ကောင်မလေးတွေက သိပ်သဘောကျကြပေမယ့် သူကတော့စိတ်မ၀င်စားပါဘူး။သူ့ဘာသာခပ်ကင်းကင်းပဲ နေတာ။မမကတော့ သူကိုသတိထားမိတယ်ဆိုရုံ သတိထားမိတာပေါ့။ နောက်တော့သူနဲ့ မနဲ့ ခင်သွားကြတယ်။
"'ဘယ်လိုခင်သွာူတာလဲ မမရဲ့"
"ပြောပြမယ်လေ ညီမလေးရဲ့ ၊သူက မမဆီကိုမက်ဆေ့ဂ်ျပို့တာ။ပထမတော့ မက သူဘယ်သူလဲဆိုတာ မကဘယ်သိမလဲ။နောက်တော့မှသူမှန်းသိသွားတယ်။အဲ့ဒါနဲ့ မတို့ခင်သွားကြတာပေါ့။ သူက သင်တန်းဆင်းတိုင်း အိမ်ကိုပြန်လိုက်ပို့ပေးတယ်။အိမ်ထိတော့ ဘယ်ဟုတ်ပါ့မလဲ။လမ်းထိပ်ထိပေါ့။နေ့တိုင်းလိုလို လိုက်ပို့ပေးတော့ အားလုံးကတစ်မျိုးထင်ကုန်တာပေါ့"
ကျွန်မကလည်းသူရဲ့ရှက်ရွံ့နေတဲ့ အမူအယာလေးကိုကြည့်ရင်း........
"'အဲ့ဒီလိုနဲ့ ပဲ နောက်တော့ ကြိုက်သွားကြတယ်ပေါ့"
''ဘယ်ကလာ ကြိုက်ရမှာလဲ.အခုမှဇာတ်ရှိန်ကတက်တုန်းရှိသေးတာ။အဲ့ဒီမှာမတို့ နှစ်ယောက်ကြားထဲကိုကောင်မလေးတစ်ယောက်ဝင်လာပါလေရော.ကောင်မလေးနာမည်က ဇွန်လေးတဲ့ ၊ ၀တ္ထူထဲမှာဆိုရင်တော့ ဟန်နီတို့ ရှယ်လီတို့ပြောင်းပြီးရေးလိုက်ပေါ့း။သူက မနဲ့ ဇွန်လေးဆိုရင်မကိုပဲ အမြဲ ဦးစားပေးပါတယ်။အဲ့ဒါကိုဇွန်လေးကမကျေနပ်ဘူး။မနဲ့သူနဲ့ ကြားထဲအမြဲဝင်ဝင်ရှုပ်တာပဲ။တစ်ရက်တော့ သူက မကို MaC Burger မှာပြောစရာရှိလို့ အရေးကြီးတယ်.။စောင့်နေပါဆိုပြီးချိန်းလိုက်တယ်။သူဘာပြောမှာဆိုတာ ညီမလေးလည်းသိမှာပေါ့။အဲ့ဒါနဲ့မလည်းသူ့ကိုတစ်နေကုန်စောင့်လိုက်ရတယ်။ညနေသာစောင်းသွားတယ်။သူကပေါ်မလာဘူး။နောက်ရက်ကျမှ သိလာရတာက သူနဲ့ ဇွန်လေး ခိုးပြေးသွားတယ်ဆိုတာပဲ။
''ဟင်..အဲ့ဒါဆိုအဲ့ဒီလူကတော်တော်ယုတ်မာတာပဲ ''
''မလည်းပထမတော့အဲ့ဒီလိုထင်မိတာပဲပေါ့၊နောက်မှသိရတာ။နောက်တော့ သူက မကိုတောင်းပန်တယ်လေ။သူ့ကိုခွင့်လွတ်ဖို့ နဲ့ ဇွန်လေးက သူ့ကိုမိန်းမမာယာနဲ့ ဖြားယောင်းလို့သာသူခုလို ဖြစ်ရတာ တဲ့။သူ့ ရင်ထဲမှာတော့ တစ်ယောက်သောသူကိုပဲ ချစ်ပါတယ်တဲ့ "'
''မဖြစ်နိုင်စရာပဲ..မရယ်၊အဲ့ဒီလူကြီးလုပ်တာက အဓိပ္ပါယ်ကိုမရှိဘူး''
''သြော်အဲ့ဒါကလှည့်ကွက်လေညီမလေးရဲ့ ၊အဓိက လှည့်ကွက်ပေါ့။သူချစ်နေတာက တစ်ယောက်၊တကယ်တမ်းသူလှည့်စားခံပြီး ယူလိုက်ရတာကတခြားးတစ်ယောက်ပေါ့။မကတော့ သူ့ကိုဒီနေ့ထိမေ့လို့ ရမှာမဟုတ်ဘူး၊"'
ကျွန်မလည်း သူစကားဆုံးတဲ့အထိနားထောင်ပြီး ယောကျာ်းတစ်ယောက်လှည့်ဖြားတာကို ခုထိခဲနေရတဲ့ မိန်းမတစ်ယောက်ကို သနားမိတာကလွဲလို့ ဘယ်လိုဝတ္ထူအဖြစ်ရေးရမလဲစဉ်းစားရင်းအချိန်သာကုန်သွားခဲ့ပါတယ်။ဝတ္ထူတစ်ပုဒ်တော့ဖြစ်မလာခဲ့ပါဘူး။
သူ့လိုပဲ ကျွန်မကိုဝတ္ထူတစ်ပုဒ်လောက်ရေးပေးပါ၊အမှတ်တရအဖြစ်သူငယ်ချင်းကိုလက်ဆောင်ပေးချင်လို့ဆြို့ပီး လာပြောတဲ့သူတစ်ယောက်ရှိပါသေးတယ်။ သူက ကွန်မနဲ့ အခန်းချင်းကပ်လျက်နေတဲ့ အိမ်နီးချင်းအစ်မကြီးပါ။သူ့ရဲ့ ရွာကသူငယ်ချင်းအကြောင်း၊အဲံ့သြစရာလည်းကောင်း ၊သနားစရာလည်းကောင်းလို့ သူ့ရဲ့ ဇာတ်လမ်းကို လာနားထောင်ပါလို့ ပြောတာလည်းအကြိမ်ကြိမ်ပါပဲ။နောက်တော့အိမ်ကိုအလည်လာလို့စကားစပ်မိရင်းသူ့ဇာတ်လမ်းကိုအားတက်သရောပြောပြပါတာ့တယ်။
                            "ရွာမှာ အစ်မတို့က သူငယ်ချင်းလေးယောက်ရှိတာပေါ့။ ကိုနိုင်ရယ်။ရွေစင်ရယ်၊မာလာရယ်၊အစ်မရယ်က သိပ်ချစ်ကြတာ။ အဲ့ဒီမှာကို နိုင်နဲ့ရွေစင် ကချစ်သူတွေဖြစ်သွားကြတယ်၊ အစ်မနဲ့မာလာကပဲကူညီပေးတာပေါ့။ ကိုနိုင်တို့အိမ်က ချမ်းသာတယ်၊ရွေစင်တို့အိမ်က ဆင်းရဲတယ်။ဆင်းရဲပေမယ့် ရွေစင့်အမေကြီးက မာနအရမ်းကြီးတာ။ရွေစင်ကိုဘယ်သူနဲ့ မှသဘောမတူဘူး။အဲ့ဒီမှာအစ်မက အောင်သွယ်ပေါ့ရွေစင်ကိုနိုင်နဲ့ ချိန်းရင် သူ့အမေမသိအောင် အစ်မက သွားခေါ်ပေးရတာ။တစ်ရက်တော့ သူတို့ နှစ်ယောက်ခိုးပြေူသွားရော။ကိုနိုင်မဘကသဘောမတူလို့ခွဲတာကို ရွေစင်အမေကမခံချင်ပဲ သူ့သမီးကို ရန်ကုန်မှာရှိတဲ့ သူ့ညီမအိမ်ကိုပို့ထားလိုက်တာ။သူ့ညီမအိမ်က သာကေတဒေါပုံဆိုလား ဘယ်နေရာလည်းတော့အစ်မလည်းမမှတ်မိတော့ဘူး၊ အဲ့ဒီနေရာမှာလေ။အဲ ..ကိုနိုင်ကလိုက်သွားပြီး ရွေစင်ကိုရှာတာ.ရန်ကုန်ကိုလည်းတစ်ခေါက်မှရောက်ဖူးတာမဟုတ်တော့ မသွားတတ်မလာတတ်ဖြစ်မှာပေါ့။နောက်တော့ ဘယ်ကနေဘယ်လိုဖြစ်တယ်မသိပါဘူး။ စစ်ထဲဝင်သွားဆိုတာပဲသိလိုက်ရတယ်။"
"'ဟောတော့"
"'အဲံ့သြသွားပြီမလား၊အံ့သြသွားမှာပေါ့ ။အဲ့ဒါကြောင့်အစ်မဇာတ်လမ်းကကောင်းပါတယ်ဆိုမှ"'
ကျွန်မအံ့သြသွားတာကို ကြည့်ပြီး သူက အကျေနပ်ကြီး ကျေနပ်နေတယ်လေ။
''ကိုနိုင်ရွာမှာမရှိတော့မှ ရွေစင့်အမေကြီး က ရွေစင်ကို ပြန်ခေါ်ထားတာ။ကိုနိုင်ကလည်းရွေစင်ဆီစာပြန်ရေးတယ်။သူမကြာခင်ပြန်လာမယ်တဲ့ ။ရေ့စင်ကတော့ မျှော်နေတာပေါ့ ။နောက်တော့ သူတို့တပ်ထဲ ကတပ်ကြပ်ကြီးတစ်ဦးရဲ့ သမီးနဲ့ ယူသွားတယ်ဆိုတာသိရတော့ ရွေစင်တစ်ယောက်ဆွေးရတော့တာပေါ့''
''သြော်..''
ကျွန်မကိုကြိုက်ရဲ့လားလို့ မေးတော့ သူ့ဇာတ်လမ်းကကောင်းပါတယ်၊ကြိုက်ပါတယ် လို့ဖြေရတယ်။ ဒါပေမယ့် ကျွန်မကိုလာပြောပြတဲ့ ဇာတ်လမ်းတွေက မင်းသမီးကျန်ရစ်အလွမ်းဇာတ်တွေ ကြီးပဲ လို့ ပြောတော့ ဇာတ်ပေါင်းခန်းမှညီမက ကြိုက်မှာလား။ဒါဆိုအစ်မနှဲု့ ညည်းအစ်ကို အကြောင်း ပြောပြမယ်လေ။ဝတ္ထူလုပ်ရေးပေါ့"' ပြောလို့ ကျွန်မက နောက်မှပြောပါအစ်မရယ်လို့ အချိုသတ်ထားရတယ်။သြော် ကိုယ့်ကိုရေးတတ်တယ်ထင်ပြီး အထင်ကြီးကြတော့လည်း ဖြစ်ပုံများ.....။
ဒီလိုပဲ ဖေဖေ့ဇာတိမြို့ ကိုမိဘတွေနဲ့အတူတူပြန်တော့ ကျွန်မကိုပြောပြခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုသတိရမိသေးတယ်။ပြောပြခဲ့တဲ့အစ်မကြီးက အဲ့ဒီမြို့ ကဖေဖေတို့နဲ့ ဆွေမျိုးလိုခင်တဲ့မိသားစုထဲကပေါ့။
“ငါ့ညီမက စာရေးတယ်ဆိုတော့ အစ်မတို့မြို့က ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြရအုန်းမယ်။အဲ့ဒီဇာတ်လမ်းကအစ်မမျက်စိအောက်မှာတင်ဖြစ်သွားတာဆိုတော့ စ၊လယ်၊ဆုံး အားလုံးအစ်မသိတာပေါ့။။ညီမလေးရေးရင်တော့ နာမည်တွေဘာတွေပြောင်းပြီးရေးပေါ့။ ဒီလိုလေ…မောင်မှူးဆိုတဲ့ ကောင်လေးရယ်၊မြနှင်းနဲ့ တခြားမိန်းကလေးတစ်ယောက်ကသိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပေါ့။ငယ်ငယ်ကတည်းက တတွဲတွဲ ၊စားအတူ၊သွားအတူ၊ကစားအတူပေါ့။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ မောင်မှူးက မြနှင်းကို ကြိုက်ပါရော။မြနှင်းကလည်း သူငယ်ချင်းသံယောဇဉ်က ရှိနေတော့ မောင်မှူးကိုစဉ်းစားမိတာပေါ့ ။စဉ်းစားပေမယ့် ကောင်လေးက စာမတတ်၊ပေမတတ်၊တဲ့အပြင် အပျော်အပါးကလည်းမက်ပြီး ခပ်ပေါ့ပေါ့ဆိုတော့ မြနှင်းကမကြိုက်ရဲဘူးပေါ့ကွယ်။အဲ့ဒါနဲ့ အစ်မတို့ မြို့ ကိုရောကလာတဲ့ ဘွဲ့ ရ ၊ပညာတတ်၊အရာ ရှိတော့ မဟုတ်ဘူး။အရာ ရှိပေါက်စလားဘာလားပေါ့ကွယ်၊အဲ့ဒီလူက မြနှင်းကို တွေ့တော့ သဘောကျသွားတယ်။ မြနှင်းက လည်းအနားမှာရှိတဲ့ မောင်မှူးလိုပညာမရှိ၊ ပိုက်ဆံမရှိလူမျိုးနဲ့ ယှဉ်တော့ ဟိုလု့ကိုပဲ ရွေးလိုက်တာပေါ့။
ဒီတော့ မောင်မှူးဆိုတဲ့ ကောင်လေးကမခံချင့်ဖြစ်ပြီး ဟိုလူထပ်သာအောင်ကြိုးစားတော့တာပဲ ။အဲ့ဒီကစပြီးပိုက်ဆံရမယ့် အလုပ်မှန်သမျှသူအကုန်လုပ်တော့တာပေါ့။သူကလုရည်ကလည်းလည်တယ်လေ။အပေါင်းအသင်းကလည်းဝင်ဆံ့ဆိုတော့ မြို့ကိုရောက်လာတဲ့ လုကြီးတွေဆိုသူ့ကိုခင်သွားကြတာပဲ။လူငယ်တွေကိုလည်း သူက အကြိုက်ပေးပေါင်းတတ်တယ်။ဒီတော့ မြို့မှာသူ့ဆိုမသိသူမရှိဖြစ်လာတာပေါ့။ပွဲကန်ထရိုက်တို့ဘာတို့ဆိုလည်းသူပဲ ရတယ်။မြို့မှာပျော်ပွဲ ရွင်ပွဲဆိုရင်သူ့ကိုပဲအားကိုးရတာ။ရန်ပုံငွေရှာတာတို့ ဘာတို့ဆိုလည်းပျော်ပွဲ ရွင်ပွဲအားကစားပွဲတွေကို သူပဲ တာဝန်ယူလုပ်လာတော့ ရပ်၇ွာလူကြီးတွေကသူ့ဆိုသဘောကျကြတာပေါ့။
            ဒါကြောင့် မြို့ ရပ်ရွာကိစ္စလည်းအဆင်ချော၊သူလည်းထောပေါ့။ကဲ….ဘယ်လောက်ကောင်းသလဲ။မောင်မှူးတစ်ခုခုဖြစ်ချင်တယ်ဆိုမြို့မှာသူ့ကိုလုပ်ပေးကိုင်ပေးမယ့်လူချည်းပဲ။လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတာမျိုးပေါ့။တဖက်မှာလည်း မောင်မှူးကပျိဲုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ပြီးစန်းပွင့်နေချိန်၊သူ့ကိုဟိုးငယ်ငယ်လေးကတည်းက သနားပြီးတိတ်တခိုးချစ်တဲ့ သူငယ်ချင်းမလေး။အဲ့ဒါလေးက မြနှင်းနဲ့လည်းသူငယ်ချင်းပဲပေါ့။အဲ့ဒါလေးကိုပဲလက်ထပ်လိုက်ပြီး ရွေပေါ်မြတင်ထားတာပေါ့။ထားလည်းထားနိုင်တယ်လေ။သူ့ကိုကြည့်လိုက်ရင်မယ်မယ်ရရအလုပ်အကိုင်မရှိပေမယ့်လက်ဖျားငွေသီးနေတဲ့သူ။ဟိုလုပညာတတ်မက်တဲ့ မြနှင်းကတော့  ဘာရှိမလဲ။သူ့အိမ်ရှေ့မှာဆိုင်းဘုတ်ပဲ ရှိမှာပေါ့။
သူ့ယောက်ျားက မောင်မှူးလိုငွေ ရအောင်မရှာတတ်ပဲ မြနှင်းခမျာလည်းလင်ကခပ်တုံးတုံးဆိုတော့ သူပါဈေးသည်ဘ၀ရောက်ရရှာတာပဲ။အဓိကကတော့ မြနှင်းမိုက်လို့ ငယ်၊သံယောဇဉ်ရှိတဲ့လူကို သစ္စာမရှိလို့ ၊ဂုဏ်မက်လို့ ဖြစ်တာ။သူ့သူငယ်ချင်းကောင်မလေးကတော့ ငယ်ငယ်ကတည်းကချစ်ခဲ့တဲ့ အချစ်အပေါ်သစ္စာရှိလို့ ခံစားရတာ။ဒါကိုညီမလေးက သင်ခန်းစာယူစရာဖြစ်အောင်ရေးပေါ့။သူ့ဇာတ်လမ်းကိုနားထောင်ပြီး ကျွန်မလည်းအတော်စိတ်ပျက်သွားမိတယ်။သူပေးလိုက်တဲ့ သစ္စာရေစင်အေးဖျန်းထားတယ်ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်က ကျွန်မရင်ထဲမှာပူစပ်ပူလောင်ဖြစ်သွားတာကိုသူနားလည်နိုင်မှာမဟုတ်ဘူး။ဒါကြောင့် ကျွန်မကြိုးစားရေးကြည့် ပါ့မယ်အစ်မရယ်လို့ ပဲအလိုက်သင့်ပြောခဲ့ ရတယ်။
တကယ်တော့ ကျွန်မ၀တ္ထူရေးတာက ကျွန်မဘ၀မှာကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့ ကျွန်မရဲ့ အတွေးအမြင်ကလေးတွေပေါင်းစပ်ပြီးရေးတာပါ။အချစ်ဝတ္ထူကိုလည်းတစ်ခါမှမရေးဖူးပါဘူး။ဒါပေမယ့် ကျွန်မကို အထင်ကြီးပြီးဟိုလူကရေးခိုင်းလိုက်၊ဒီလူကရေးခိုင်းလိုက် ၊ရေးခိုင်းတာတွေကလည်းအချစ်ဝတ္ထူတွေချည်းပဲ။သူတို့ပေးတဲ့ ၀တ္ထူတွေကိုချရေးရမယ်ဆိုရင်တော့ ကျွန်မမှာအချစ်ဝတ္ထူမဟုတ်ဘဲအခြစ်ဝတ္ထူတွေချည်းပဲဖြစ်သွားလိမ့်မယ်ထင်တယ်။
ကျွန်မရေးနိုင်လားမရေးနိုင်လားမသိ၊ ရေးလို့ ရလား၊မရလားမသိ။ရေးလို့ ဖြစ်နိုင်မဖြစ်နိုင်မသိပဲ စေတနာနဲ့ ပြောပြပေးသူတွေကိုလည်း ကျေးဇူးတုံ့ပြန်ချင်ပါရဲ့။ဒါနဲ့သူတို့ပြောပြတဲ့ ၀တ္ထူတွေကိုအကြွေးတင်သလိုလည်းခံစားနေရတာမို့ ဇွတ်ကြီးချရေးကြည့်လိုက်ပြန်တော့ အင်း..သူတို့ ပြောတဲ့ ၀တ္ထူတွေတော့ မဖြစ်ဘူး။’’ဒီဝတ္ထူကြီး”ဖြစ်သွားရော။ ။
သုံးယောက်ပြောတဲ့ ဇာတ်လမ်းတွေကိုပေါင်းမှဝတ္ထူတစ်ပုဒ်ပဲ ဖြစ်တာကတော့ ကျွန်မညံ့လို့ ဖြစ်မှာပေါ့နော်။ .


                                                         (အချစ်ဝတ္ထူရေးစေချင်တဲ့ အိမ်နီးချင်းအစ်မများတွက်အမှတ်တရ)
                                                                              နွယ်နီမဂဇင်း ၊ ၂၀၀၅ မတ်လ

No comments:

Post a Comment