Tuesday, June 26, 2012

နှလုံးသားချင်းကြားတဲ့တံခါးခေါက်သံ

                   နှလုံးသားချင်းကြားတဲ့တံခါးခေါက်သံ

 

ရည်လေးစိတ်တွေ ကယောက်က ယက်နဲ့။ သော်သော်ကိုသိပ်တွေ့ချင်စိတ်နဲ့ လွမ်း လိုက်တာ။ သော်သော်နဲ့ မတွေ့ဖြစ်တာလည်း တစ်ပတ်နှစ်ပတ်လောက်ရှိသွားပြီ ထင်တယ်။  သော်သော်နဲ့ စတွေ့တဲ့နေ့က စက်ရုံကနေ အစောကြီးပြန်ရောက်ပြီး တစ်ယောက်တည်း ပျင်းပျင်းရှိခိုက် အဆောင်နဲ့ကပ်ရက်ကဲန်တီးန်မှာ ထမင်းဗူးသွားယူရင်း စင်္ကြန်လမ်းလေးမှာ တွေ့ တာလေ။
ပထမတော့သူ့အခန်းရှေ့က နှင်းဆီနဲ့ ရွက်လှပင်တွေ ရေလောင်းနေတဲ့သူ့ကို  ဒီနိုင်ငံ ကတရုပ်ကပြားထင်ပြီး မခေါ်ရဲခဲ့ဘူး။ မဝံ့မရဲ အပြုံးတစ်စနဲ့ လှမ်းမိတ်ဆက်မိပြီးမှ သူ့ဆီက ပြန်ရတဲ့ အပြုံးတစ်ပွင့်နဲ့အတူ မြန်မာ စကားသံ သွက်သွက် နွေးနွေးထွေးထွေး နှုတ်ဆက်သံ ကြောင့် ရည်လေးခြေလှမ်းတွေ ရပ်သွားခဲ့ရတာ။   "ဪ.. အစ်မက မြန်မာလား"
"အေးပေါ့၊ ဘာလဲ၊ အင်ဒိုနီးရှားထင်လို့ လား"
သူကရယ်မောသံစွက်ပြောပေမယ့် ရည်လေးကတော့ ခြေဆုံးခေါင်းဆုံး အကဲခတ် အကြည့်ကို မရုပ်သိမ်းနိုင်ခဲ့ပဲ..
 "အဲဒီလိုတော့ မထင်ပါဘူး၊ အစ်မက အသားဒီလောက်ဖြူတဲ့ဟာကို၊  ရည်လေးက တရုတ် ဒါမှမဟုတ် တခြား ဖောရိန်းနာ ထင်လို့"
သူကပိုကျယ်ကျယ်လောင်လောင်ရယ် ရင်း -
 "မြန်မာပါ၊ လိုအပ်တာရှိရင်လည်းပြော၊ အားမနာနဲ့၊ အစ်မက ဒီကလူခံလိုဖြစ်နေပြီ"   "
"ဒါနဲ့ နာမည်က.."
 "ရည်လေးတဲ့၊ အစစ်တော့မဟုတ်ဘူးနော်၊ ဒီမှာ ခေါ်ရလွယ်အောင်လို့"
  "ဒါပေါ့၊ အရေးကြီးတာက ခေါ်ရလွယ်၊ မှတ်မိလွယ်ဖို့ပဲလေ၊ အစ်မနာမည်လည်း မှတ် ထားပေါ့၊ သော်သော်တဲ့"သူကိုယ်သူ မိတ်ဆက်လိုက်လို့ သူနာမည် ကြားလိုက်ရချိန်မှာပဲ ရည်လေးဖျတ်ကနဲ ဝမ်း သာရင်း မသိစိတ်ထဲမှာလည်း လှစ်ကနဲ စိုးရိမ် သွားတယ်။ မြန်မာပြည်ကနေ အင်ဒိုနီးရှားမှာ အလုပ်လုပ်ဖို့စထွက်လာပြီးရည်လေး အလုပ်ထဲ ရောက်တဲ့အခါ ရောက်နှင့်သူ မြန်မာတချို့က ဒီမှာလုပ်နေတဲ့ မြန်မာအချင်းချင်းတွေအကြောင်း ရည်လေးကိုပြောပြကြရာမှာ သော်သော့် နာမည် လည်းပါပါလာတတ်ပါတယ်။ သော်သော်က ရည်လေးနဲ့ အလုပ်တူ ဌာန တူမဟုတ်လို့ ပတ်သက်စရာအကြောင်းမရှိပေ မယ့် ရည်လေးတို့ အထည်ချုပ်စက်ရုံမှာ ချုပ် ဖို့အထည်တွေ ဆေးဆိုးဆေးရိုက်တဲ့ အခြား စက်ရုံခွဲတစ်ခုမှာ အသက်ခပ်ငယ်ငယ်နဲ့ ရာထူး
ကြီးကြီးတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူမို့ ရည်လေး သူ့ကိုစိတ်ဝင်စားတယ်။ သူ့မှာ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်း တစ်ချက်က သူက ဒီကမြန်မာအားလုံးနဲ့ ရောနှောမနေသလို လူ တွေက သူ့မှာထူးခြားတဲ့စိတ်သဘာဝရှိသလိုလို၊ အလုပ်အခက်အခဲ ပြဿနာတွေကို ဖြေရှင်းရ လွန်းလို့ တစ်ယောက်တည်း အနေများပြီး ခပ် ကြောင်ကြောင်ဖြစ်နေသလိုလို ပြောတတ်ကြ သေးလို့ပါပဲ။
    ဒါကို သူ့ဖက်က သိမသိ ရည်လေးမပြော တတ်ပေမယ့် ရည်လေးတို့က ပိုင်ရှင်တစ်ဦး တည်း ဖြစ်တဲ့ စက်ရုံခွဲနှစ်ခုမှာ အလုပ်လုပ်ကြ တဲ့ မြန်မာချင်းမို့ သူနဲ့ အဆောင်တစ်ခုမှာ အတူ တူနေရင်းဆုံခဲ့ရတာကို ရည်လေးတော့ ဝမ်းသာ တယ်။ နောက်တော့ ရည်လေးတို့က အကြိုက် ချင်းလည်း တူသလို စိတ်ချင်းလည်းနီးစပ်လို့ သူနဲ့ရည်လေး ပေါင်းလို့ရမှန်း သိလာရတယ်။
    ဘဝကိုပုံစံချပြီး ကိုယ်ပိုင်လှေ၊ ကိုယ်ပိုင် တက်နဲ့ လှော်ခတ်တာချင်းအတူတူ ငြိမ်သက်နေ တဲ့ ကန်ရေပြင်နဲ့ မြစ်ကြိုမြစ်ကြားအစား  ကမ်း မမြင် လမ်းမမြင်တဲ့ ပင်လယ်ပြင်ကိုမှ ရည်လေး တို့က ကူးဖြတ် ကြည့်ချင်ကြတယ်။ ဒါပေမဲ့ ရည်လေးကပျော့တယ်။ မျက်ရည်လည်းလွယ် တယ်။  ပြဿနာကိုရင်ဆိုင်ဖို့အတွက် စိတ်ရှိ လက်ရှိ အားရအောင်ငိုပြီးမှ အားသစ်မွေးပြီး တဖန်ပြန်လည်ရင်ဆိုင်နိုင်တာမျိုး၊ သော် သော်ကတော့ ဒီလိုမဟုတ်။ ဘယ်ဖက်က စမ်း စမ်း၊ ညာဖက်ကစမ်းစမ်း၊ ထက်မှထက် ဆိုတဲ့ အသွားနှစ်ဘက် ဓါးလိုမျိုး။ ဘဝကို ရေတိမ်မှာ နစ်ပြီဆိုတာမျိုးတော့ အဖြစ်မခံ၊ နစ်ချင်းနစ် ရေနက်မှာသာ စုံးစုံးမြုပ်ထိ နစ်လိုက် ပါဆိုတာ မျိုး။ မျက်ရည်ကျဖို့ထက် သရော်ပြုံးပြုံးပြီး အော်ဟစ်ရယ်လိုက်မယ်ဆိုတဲ့ မိန်းမမျိုး။

    အဲဒီလို မိန်းမကို စာဘယ်လိုဖွဲ့တင်စား ရမလဲ မသိပေမယ့် အရင့်အရင် ကြားဖူးတဲ့ စကားတွေကို သူနဲ့ဆက်ဆံပေါင်းသင်းရတဲ့ အ တွေ့အကြုံနဲ့ နှိုင်းယှဉ်ကြည့်ရင်း ရည်လေး စိတ် ထဲ မယုံတစ်ဝက်၊ ယုံတစ်ဝက် ဇဝေဇဝါ ဖြစ် နေမိခဲ့ပါတယ်။ ဒါပေမဲ့ ရည်လေးအပေါ် သံ ယောဇဉ်ရှိသူမို့ ရည်လေးဖက်ကလည်း အားကိုး ခင်တွယ်စရာ ဆွေမျိုးရင်းတစ်ယောက်လို နွေး နွေးထွေးထွေး ဆက်ဆံခဲ့မိပါတယ်။ ပထမဆုံး အကြိမ်၊ သူ့အခန်းကို အလည်ခေါ်ဖြစ်တဲ့နေ့ မှာပဲ ရည်လေးတို့ တစ်ယောက်အကြောင်း တစ် ယောက်အတော်သိပြီး ရင်းနှီးသွားကြပြီ။ ဘာ ကြောင့်လဲဆိုတော့ အဲဒီနေ့မတိုင်ခင်ကပဲ ရည် လေးတို့နှစ်ယောက် ဂျာကာတာမြို့ထဲက လပ်ပို ဆိုတဲ့ နာမည်အသင့်အတင့် မောလ်တစ်ခုကို အလည်အပတ်သွား ပြီးခဲ့ကြသေးတာကိုး။ ရည် လေးကတော့ အဲဒီနေ့မှာပဲ မနေနိုင်မထိုင်နိုင်၊ သူ့လက်ကိုဆွဲလို့ ရင်ဖွင့်မိသေးတာ။ "ရည်လေး က သော်သော်နဲ့တွေ့ရတာ သိပ်ပျော်တာပဲ" လို့။
    "အရင်ကရှော့ပင်းထွက်ရင် SOGO တို့လို နာမည်ကြီး မောလ်ကြီးတွေပဲ လျှောက်သွားရ တော့  အိတ်ရောင်းတဲ့ဆိုင်ဆိုလည်း ဒစ်စကောင့် ဘယ်လောက်ချချ၊ မကိုင်ရဲဘူး၊ ဈေးက မြန်မာ ငွေသိန်းချီနေတာ၊ ဖိနပ်ရောင်းတဲ့ဆိုင်ဆိုလည်း ဖိနပ်ပြခန်းကျနေတာပဲ၊ မဝယ်နိုင်တော့ တစ်နေ့ တစ်နေ့ မျက်စိချည်းပဲ အစာကျွေးနေရတာ၊ ခုလို သော်သော်နဲ့လိုက်မှ အင်ဒိုနီးရှားမှာ မုန့် လက်ဆောင်းတို့ မုန့်ကြာစေ့တို့ ရောင်းတဲ့မောလ် ရှိမှန်း သိရတော့တယ်၊ နောက် မြန်မာအစာ ရှိတဲ့နေရာ ခေါ်သွားပါဦး၊ ရည်လေးက မြန်မာ ပြည်နဲ့ခွဲလာတာ မကြာသေးတော့ မြန်မာ အစာလွမ်းတုန်းပဲ" ဆိုတော့-
"အေး၊အေး၊ ခေါ်သွားမယ်၊ နောက်တစ် ပတ်ကျ မြန်မာအစားအစာတွေ အများကြီး ရှိ တဲ့နေရာ သွားမယ်" တဲ့
    သူအဲဒီလိုပြောပြီး နောက်တစ်ပတ်မှာ တော့ ရည်လေးကို သူ့အခန်းမှာ ချိန်းတယ်။ ရည်လေးကအပြင်သွားမှာထင်တာ၊ နောက် -ဘယ်ဟုတ်မှာလဲ၊ သူ့က သူ့ကိုပြော၊ ဘာစား ချင်လဲ၊ သူ့ဆီမှာ အကုန်ရှိတယ်တဲ့။ ဒီတော့ ရည်လေးက သူ့အခန်းကို မျက်စိတစ်ဝိုက် အကဲ ခတ်လိုက်သေးတယ်။ ဘုရားစင်မှာ ဗုဒ္ဓရုပ် ပွားတော်နှစ်ဆူအပြင် ရှုင်သီဝလိကိုယ်တော် ရုပ်ထုနဲ့ သူရဿတီမယ်တော်ရုပ်ထု၊ နောက် နံရံမှာ ဘိုးမင်းခေါင်ပုံအပြင် တီဗွီစင်မှာဇီးကွက် ရုပ်နဲ့ ပစ်တိုင်းထောင်ရုပ်ကလေးတွေ။ မီးဖို ချောင်မှာ ငရုပ်ဆုံ၊ ငရုပ်ကျည်ပွေ့၊ စဉ်းတီတုံး၊ တစ်ခါတရံ ဆာတေး လုပ်စားပုံပေါ်တဲ့ မီးသွေး မီးဖိုသေးသေးလေး။ မဆိုးပါဘူး။ သူပြောတာ တွေ ဖြစ်နိုင်လောက် ပါတယ်။ ရည်လေး စပ်စုနေတာကို ရိပ်မိပုံ ပေါ်တဲ့ သူက-  " ဘာလဲ မယုံလို့လား၊ ပြောပါ၊ နင် ဘာ စားချင်သလဲ" ဆိုတော့
 ရည်လေး ဒီရောက်နေတဲ့ကာလတစ်ခု အတွင်း လုံးဝမစားရတဲ့အပြင် မဖြစ်နိုင်တဲ့ဟာ တစ်ခုကို အပြေးအလွှားစဉ်းစားလိုက်တော့ မေ မေ့လက်ရာ ဟင်းတစ်ခွက်ကို ပြေးမြင်မိတယ်။
 " ချဉ်ပေါင်ကြော်"
    ရည်လေးပြောလိုက်တော့ သူက တဟား ဟား အော်ရယ်တယ်။ ပြီးမှ
    "ရတယ်လေ၊ နင့်ကိုငါအရွက်ရှာပေးမယ်၊ ဒါပေမဲ့ ကိုယ့်ဖါသာ ကြော်စားရမှာနော်" တဲ့။
    "ဖြစ်တယ်" လို့ ရည်လေး ခပ်သွက်သွက် ခေါင်းညိတ်တော့ ရည်လေးလက်ကိုဆွဲပြီး သူ့နောက်ဖေးတံခါးကိုဖွင့်ပြီးအဝေးကိုညွှန်တယ်။
    " ဟိုမှာတွေ့လား၊ အဲဒါချဉ်ပေါင်ပင်နဲ့ နေကြာပင်တွေချည်းပဲ"
    "ဘုရားရေ၊ ချဉ်ပေါင်ပင်က ဒီလောက် ကြီးတယ်၊ နည်းတဲ့ခြုံကြီးမဟုတ်ဘူး၊ ဒီကဈေး နဲ့ မောလ်တွေမှာ ချဉ်ပေါင်ရွက်မရှိဘူးနော်၊ ရည်လေးရှာကြည့်ပြီးပြီ၊ ဒီကလူတွေက ချဉ်ပေါင်ရွက် မစားတတ်ကြဘူး"
"အေးပေါ့၊ ဒါကြောင့် ငါမြန်မာပြည်ကနေ မျိုးစေ့ယူပြီး စိုက်ထားတာ၊ အခု ဒီမှာ ငါစိုက် ထားတာ၊ စံပယ်၊ နေကြာ၊ နှင်းဆီ၊ ချဉ်ပေါင် အပြင် ယုဇနနဲ့ ကြာပန်းတွေလည်း ရှိတယ်"
  " ကြာပန်းတောင်ရှိတယ်"
    "အေးလေ၊ ငါသပြေပင်သယ်ချင်တာ၊ မလွယ်လို့ဟ၊ ဒီမှာတော့ ရွက်လှတွေပဲရှိတယ်"
    "သော်သော်ကလဲ၊ သိပ်လောဘမကြီးနဲ့ လေ၊ ရွက်လှရှိရင် ရွက်လှပဲ ဘုရားတင်ပေါ့"
    " ဘောရောဘုလုဖက်မှာတော့ ရှိတယ်ထင် တယ်ဟ၊ နင်အဲဒီကို ဘုရားဖူးသွားပါလား၊ ဘုရားက သိပ်တန်ခိုးကြီးပြီး ဆုတောင်းလည်း ပြည့်တယ်၊အပြန်ငါ့အတွက် သပြေပင်ယူခဲ့လေ"
 " သွားတော့သွားချင်တယ်၊ ဒါပေမဲ့ ပိုက်ဆံ မရှိဘူးမမရဲ့၊ အလုပ်မလုပ်ပဲ ပိုက်ဆံအမြဲရရင် သိပ်ကောင်းမှာပဲ"
    " အမလေး၊ ဘယ်လိုများပြောလိုက်တာလဲ၊ သူဌေးကြားရင်တော့ ဒုက္ခပဲ၊ အလုပ်လုပ်မှ ပိုက်ဆံရမှာပေါ့၊ အလုပ်ကြိုးစားလုပ်ရမှာ"
    " တစ်ခါတလေ သူတို့လူမျိုးတွေက တစ်မျိုးပဲ၊ ရည်လေးတို့လို ဖေါ်ရိန်နာတွေကို ကောင်းကောင်းဆက်ဆံပေးမယ့် စိတ်ထဲက မပါသလိုပဲ"
    " ဒါကတော့ နင်ကသူတို့ထက်လည်း ပိုက်ဆံပိုရသေးတယ်၊ တစ်နေ့ သူတို့ကို ဆရာ ကြီးလုပ်မယ်ဆိုတာ သိနေကြတော့ အလုပ်တွေ ဘာတွေ မသင်ပေးချင်လို့ ပညာလျှိုတာမျိုးပေါ့၊ ငါတို့တုန်းကလဲ ဒီလိုပဲ၊ သူတို့ဆီက ပညာကို ခခယယယူပြီးမှ တဖြည်းဖြည်း ကိုယ်က သူ တို့ထက် မြင့်သွားပြီး နောင်တော့ ကိုယ်က သူတို့ကို ကွန်ထရိုးလုပ်တဲ့သူ ဖြစ်သွားတာပေါ့"
    သူ့ဆီသွားတိုင်း ရည်လေးမှာ ပြောစရာ စကားတွေက မကုန်နိုင်။ သူ့အခန်းတံခါးကို နှစ်ချက်တီးလိုက်တိုင်း တံခါးအဖွင့်မှာ သူပြော နေကျစကားကတော့ " လာ၊ လာ၊ နင့်ကိုငါက စိတ်နဲ့ခေါ်နေတာ၊ စားစရာရှိလို့ဟေ့၊ တခြား တော့ မဟုတ်ဘူး" ဆိုပြီး ထူးထူးခြားခြား စား စရာမျိုးတွေ ချကျွေးတတ်သေးတာ။  ဒီမှာ စားကောင်းတဲ့ စားစရာတွေအများ ကြီးထဲက ကိတ်မုန့်အပြားကြီးထဲ ဒူးရင်းသီးကို ယိုလိုထူ ထူသုတ်၊ ပြီးမှ ထောပတ်နဲ့ ချီးစ်ကို ခြစ်ထည့်ထားတဲ့မုန့်က နာမည်ကြီး၊ တစ်ခါစား ပြီးရင် လူတစ်ကိုယ်လုံး အီဆိမ့်နေပြီး ရေ သောက် ဗိုက်မှောက်အိပ်ကောင်းတဲ့ ဇိမ်ခံအစား အစာမျိုး။ ရာထူးကြီးတဲ့သူမို့ သော်သော် လက် ဆောင်ရတိုင်း ရည်လေးကို မဖြစ်မနေ ခေါ် ကျွေးနေကျ။ စားစမ်းပါ၊ အအီစာအဆိမ့်စာ များ များ စားပေး၊ ဒါမှ ကိုယ်စိတ်မပျော်လည်း လူ သိပ်မသိဘူးပေါ့"-တဲ့။
    တစ်ခါတလေ ရည်လေးအိမ်ပြန်နောက်ကျ များလို့ သူ့ဆီအရောက်ကျဲသွားရင် ဖုန်းနဲ့ မက် ဆေ့ခ်ျပို့ ခေါ်တတ်သေးတာမို့ ရုံးဖွင့်ရက်တွေမှာ တောင် တချို့ပြဿနာတွေကို သူ့ကိုရင်ဖွင့်ပြော တတ်တာ ရည်လေးမှာ အကျင့်ပါနေမိပြီ။ ဒါ့ ထက်ဆိုးတာက ရည်လေးရဲ့ပြဿနာတွေကို နိဒါန်းမပျိုးရသေးခင် မျက်ရည်ဝဲရက်က အစချီ တတ်ပြီး စကားဆုံးတော့ မျက်ရည်စီးကြောင်း နှစ်ကြောင်း ပါးပြင်ပေါ်အိုင်ထွန်းနေတတ်တာ။    
အဓိကက ရည်လေးစက်မချုပ်တတ်ဘူး။ စက်မချုပ်တတ်ရင် အထည်ချုပ်စက်ရုံရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့နားလည် နိုင်မှာမဟုတ်လို့ စက်ချုပ်သင်ရမှာ။ ဒါပေမဲ့ သင်ဖို့က အချိန်မရှိတော့ တန်းအလုပ်လုပ်ရ၊ ဒီလိုလုပ်ရတော့ အတွေ့အကြုံမရှိတာမို့မှား..။မှားတော့အဆူခံရ။ ဒီလိုအဆူခံရလို့-
" ရည်လေး စိတ်ညစ်တယ်မမ၊ သူတို့တွေ ကို ကြောက်တယ်"  လို့ ရင်ဖွင့်မိတဲ့အခါ သော်သော်တစ်ယောက် ရှုးရှုးရှဲရှဲနဲ့ ရီလေး အနားကိုတိုးပြီး ပြောတတ်သေးတာက-" နင်ကဘာကိုကြောက်တာလဲ၊ ဒီထိအောင် ရောက်လာပြီးမှ လမ်းတစ်ဝက်ကျိုးနေပြီ၊ သူတို့ အားလုံးကို နင်လက်မြှောက်အရှုံးပေးမလို့လား "        "ပြီးတော့ သူတို့က ရည်လေးကိုမေးသေး တယ်၊ မြန်မာပြည်ဆိုတာ ဘယ်နေရာမှာလဲတဲ့၊  ဘာလို့ အဲဒီမှာအလုပ်မလုပ်ပဲ ဒီအထိလာလုပ် ရတာလဲတဲ့"
    " ပြောလိုက်ပေါ့၊ မြန်မာပြည်နဲ့ဒီနဲ့ အတွေ့ အကြုံဖလှယ်ချင်လို့ပါလို့၊  အင်ဒိုနီးရှားနိုင်ငံ အကြောင်းလေ့လာသင်ယူချင်လို့လို့၊ တက တည်း၊ ပြောလိုက်ပေါ့၊ နင်ကလည်း သူတို့ တောင် ကွက်ရှင်ထုတ်ရဲသေးတာ၊ ကိုယ့်ဖက်က လည်း အဲန်းဆား ရှိရမှာပေါ့၊ မဟုတ်ဘူးလား"
 " မမရယ်၊ ပြီးတော့ ရည်လေးအထက်က မြန်မာလေ၊ မစိုးက ပြောသေးတယ်၊ ငါ့တုန်း က ဘယ်သူကမှသင်မပေးဘူး၊ ကိုယ့်ဖါသာ ကြိုးစားရတာ၊ နင်လည်း အဲဒီလိုကြိုးစားတဲ့"
" သူကတော့ ဒီလိုပဲပြောမှာပဲလေ၊ လူဆို တာ ရှုံ့ရှုံ့တွတွ တွန့်တွန့်ကောက်ကောက် ဝလုံး ပေါင်းများစွာ ရေးပြီးမှ ဝိုင်းဝိုင်းစက်စက် ဝလုံး လေးတွေ ရေးနိုင်လာတာဆိုတာ နင်လည်း သူ ငယ်တန်းနေခဲ့ဖူးလို့ သိမှာပဲ၊ အဲဒါကို သင်ခန်း စာယူပြီး နင်ကိုယ်တိုင် ကျွမ်းကျင်အောင်မြင် လာတဲ့တစ်နေ့ နင်အမှားပေါင်းများစွာမှားခဲ့ဖူး တာကိုမမေ့ပစ်ဖို့က အရေးကြီးဆုံးပဲ ရည်လေး"သူ့ရဲ့ အဓိပ္ပါယ်ပါပါပြောတတ်တဲ့ စကား တွေကို နားထောင်မိတိုင်း လူတွေသူ့အပေါ် ပြောခဲ့ဖူးတဲ့စကားတွေက မမှန် လုပ်ကြံစကား တွေလို့ ထင်မိပေမယ့် ရည်လေးက ကြားဝင် ဆုံးဖြတ်ချက်မချရဲ။ ဒီကိစ္စ အမှန်ဖြစ်ဖြစ် အ မှားဖြစ်ဖြစ် ရည်လေးနဲ့မဆိုင်တဲ့ကိစ္စလိှု့သဘော ထားရင်းမှ သူ့ဆီ တစ်ပတ်နှစ်ရက် သုံးရက် ပုံမှန်ရောက်ရင်း သူကျွေးတဲ့မုန့် ထူးထူးဆန်း ဆန်း တွေကိုစားရင်း ရည်လေးပျော်နေမိတယ်။ သူကလည်း တစ်ခါတစ်လေ ရည်လေးချက်တဲ့ မြန်မာထမင်းဟင်း ချဉ်ငံတူးလေးတွေကို ခံတွင်း တွေ့တတ်တော့ သူ့ကို အစွမ်းကုန် လက်စွမ်းပြ ချက်ကျွေးရင်း ရင်ဖွင့်မိတယ်။ သော်သော့်အခန်း က ရည်လေးအတွက် မနမနအေငသည ခနညအမန လို့။ တစ်ခါတလေ သော့ခတ်မထားတဲ့ သူ့အခန်းကို ဘဲလ်နှစ်ချက်သုံးချက် ဆက်တိုက်တီး အဝင်၊ ခုတင်ပေါ်မှာ ကလေးကစား စရာဂိမ်းကလေး နှိပ်ရင်း ဆော့နေတဲ့ သော်သော့်ကိုမြင်တော့-
 " သော်သော်ကလဲ၊ ပျင်းစရာကြီး၊ အဲဒါ ကြီးဆော့မနေပါနဲ့" လို့ပြောမိတဲ့အခါ
   " ပျင်းလို့ဆော့နေတာဟ၊ နေဦး၊ နင့်ကိုငါ မုန့်ဝယ်ကျွေးစရာရှိတယ်" ဆိုပြီး မီးဖိုချောင်မှာ သူ့မုန့်တွေရှာရင်း " ဒီနေ့ရေမုန့်နဲ့ မုန့်လက်ကောက် လုပ်ထားတယ်" တဲ့။ တကယ်တန်း စားပွဲပေါ်မှာ တွေ့ရတာက ပဲပုတ်ပြားအပျော့ကြော်နဲ့ ဒိုးနပ်။         " ဟာ-သော်သော်ကလဲ၊ သင်ပေ(ပဲပုတ်) ကြီးကို ရေမုန့်တဲ့၊ ပြီးတော့ ဒိုးနပ်ကိုလည်း မုန့်လက်ကောက်တဲ့၊ ဒါကို ထညက်(ထန်း လျက်)ရည်နဲ့ တို့စားရဦးမယ်ဆို ချိုရဲနေမှာပေါ့"
    " မချိုပါဘူးဟ၊ စားကြည့်ပါဦး၊ အဲဒီဒိုးနပ် က ထညက်ရည်နဲ့စားမှ အတော်ပဲ၊ ပြီးတော့ အဲဒီသင်ပေနဲ့မုန့်နှစ်ကို ပျော့ပျော့ကြော်ထားတာ ရေမုန့်အတိုင်းပဲ၊ မယုံရင်စားကြည့်"
   " ဟာ၊ သော်သော်ကလဲ၊ ဒုက္ခပါပဲ၊ သော် သော်လုပ်တာနဲ့ ရည်လေးတောင်ရူးချင်လာပြီ"
    ဒီလိုပြောတော့ သူကအော်ရယ်တယ်။ တကယ်တန်းစားကြည့်တော့လည်း အရသာက သူပြောသလိုခပ်ဆင်ဆင်မို့ မဆိုးလှပါ။ ကောင်း တယ်မဟုတ်လားဆိုတဲ့ သူ့အမေးကို ရည်လေး က ပလုပ်ပလောင်းစားရင်း ]ကောင်းတယ်}လို့ ဖြေမိတော့ သူက တဟက်ဟက်နဲ့ သဘောကျ စွာ ရယ်မောနေတာက မရပ်တော့။
    အဲဒီလို တဟီးဟီး ရယ်မောနေတဲ့သူ့ကို ကြည့်ပြီး တခြားလူတွေပြောနေကျစကားကို ရည်လေးနားထဲကြားမိပြီး-
    "မမကလဲ၊ သိပ်မရယ်ပါနဲ့၊ တခြားလူ တွေကြားသွားရင် မကောင်းဘူး" လို့ပြောမိတော့ သူက ရယ်သံကိုပိုလို့ပင် အရှိန်မြှင့်လိုက်ရင်း-
    "ဘာဖြစ်လဲဟ၊ ရယ်သောသူ အသက် ရှည်၏တဲ့၊ စိတ်ညစ်စရာ ကြုံရင် ခံနိုင်ရည်ရှိ အောင် ရယ်နည်းအမျိုးမျိုးကို များများကျင့်ရ မယ်၊ ဟား၊ ဟား"
    ပိတ်လှောင်နေတဲ့ သူ့အခန်းကျဉ်းကျဉ်း လေးထဲ ဟိန်းထွက်လာတဲ့ သူ့ရယ်သံကြောင့် ထပ်ပြီးတားမြစ်ချင်တဲ့ စကားလုံးတွေကို ခေတ္တ လည်ပင်းတစ်သွားတဲ့ မုံ့များနဲ့အတူ ဇွတ်မြိုချ ရင်း သူ့ကိုသာ ငေးမောကြည့်နေမိပါတယ်။
" တစ်ခါတလေ သူ့အခန်းဘက်ကနေ လွင့်ထွက်လာတဲ့ ရယ်သံကြီးက လူကိုလိပ်ပြာ လွင့်မတတ်ပဲ၊ အားအားရှိ ရယ်နေတာပဲ၊ ရယ် ရင်အတောမသတ်နိုင်ဘူး၊ ဆိုးလို့ပဲဖြစ်ဖြစ် ကောင်းလို့ပဲဖြစ်ဖြစ် ဘာအကြောင်းပြချက်နဲ့ ရယ်ရယ် တို့ကတော့ မကြိုက်ဘူး၊ ဒါကြောင့် သူနဲ့ဆို ခပ်တည်တည်ပဲနေတယ်၊ ယူလည်း သိပ်မရောနဲ့၊သူက ရောလွန်းရင် မကောင်းဘူး"
    ရည်လေးရဲ့အထက်၊ မြန်မာအရာရှိမ တစ် ယောက်က ပွင့်လင်းစွာ သော်သော့်ကိုဝေဖန် တော့ ရည်လေးငြိမ်ကုတ်နေမိတယ်။ ရည်လေး က သူ့ဆီမှာအလုပ်သင်ရင်း သူနဲ့အဆင်ပြေ အောင်နေ၊ သူ့ယုံကြည်မှုကို ရအောင်ကြိုးစား နေရသူမို့ သော်သော့်အပေါ်မှာ သူအမြင်မကြည် စွာ ဝေဖန်တာကို ရဲတင်းစွာစောဒက မတက် ရဲသလို သူ့လေသံကိုလိုက်ပြီးလည်း သော်သော့် ကို အပြစ်မတင်လိုပါ။ သော်သော်က ရည်လေး ချစ်တဲ့သူပဲလေ။
    ကိုယ်ချစ်တဲ့သူဆီက မျက်ရည်တွေအစား  အပြုံးတွေကိုသာ ရည်လေးလိုချင်ပေမယ့် သော် သော့်ရယ်သံတွေကြားတိုင်း ရည်လေးမှာ အလို လို ထိပ်လန့်နေမိတယ်။ လူတွေ သော်သော့်ကို အဆိုးမြင်မှာ ရည်လေးမလိုလားတာ သော်သော် သိစေချင်လိုက်တာ။ တချို့ရုံးပိတ်ရက်တွေ သော်သော်နဲ့အတူ မုန့်ဟင်းခါးဖြစ်ဖြစ် အုန်းနို့ ခေါက်ဆွဲဖြစ်ဖြစ် ချက်ပြီးတိုင်း " ရော့ရော့၊ နင့် မမတွေကိုလည်း ဝေလိုက်ပါဦး၊ ကျော်စွာတို့ ထိန်ကြီးတို့ကို ပေးလိုက်ပါဦး}လို့ သော်သော်က မုန့်တွေပေးခိုင်းမျှခိုင်းပေမယ့် အလုပ်မတူ ဌာန မတူတဲ့ ဒီလိုမြန်မာအချင်းချင်းတွေကြား တခြား ဘယ်သူနဲ့မှ အဆက်အဆံမရှိတတ်တဲ့ သော် သော့်ကိုမှ အခင်မင်ပိုမိတဲ့ရည်လေးကို လူ တွေ က ဘယ်လိုမြင်ကြမှာပါလိမ့်။ တစ်ခါတလေ ရည်လေး စဉ်းစားမိသေးတယ်။ တပတ်ကို ၆ရက်မခွဲပဲ အတူအလုပ်လုပ်ကြရတဲ့သူတွေနဲ့၊ အပြင်တွေဘာတွေထွက်ရင်လည်း သူတို့နဲ့ပဲသွား ဖြစ်ပါရက်နဲ့ အဖော်မဲ့သူသော်သော်က ဖုန်း ဆက်ခေါ်တိုင်း သွားဖြစ်တဲ့ရည်လေးကို သူတို့ အပြစ်များမြင်ကြသလား။ တချို့က ရည်လေး ကိုစသလို ပြောကြတာက ]ရည်လေးနဲ့ အပြင် သွားမလို့၊ ရှာနေတာ၊ မတွေ့မတွေ့နဲ့ သော်သော့် ရယ်သံကြားမှပဲ ရည်လေးသူနဲ့ရှိမှန်း သိရတော့ တယ်" တဲ့။ အဲဒီရယ်သံကြောင့် ရည်လေး တကယ်ပဲ စိတ်ညစ်ရပါတယ်။ " သိပ်မရယ်ပါ နဲ့ မမရယ်၊ အကျယ်ကြီးမရယ်ပါနဲ့" ဆိုတာမျိုး  ရည်လေး ကြုံရင်ကြုံသလို ပြောထွက်မိတာက ပတ်ဝန်းကျင်ရဲ့မလိုတမာပြောသံတွေ ရည်လေး ကိုယ်တိုင်ကြားနေရလို့ပါ။ ဒါကြောင့် သော် သော် နဲ့တွေ့ရင် ရည်လေးထိပ်လန့်ရဆုံးက သူ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်မှာကိုပင်။
    ရည်လေးတို့စက်ရုံက စက်ချုပ်သမတစ်ဦး စီကို ကပ်ကြေးတစ်လက်စီ ကိုယ်ပိုင်နာမည် ထိုးပြီး ထုတ်ပေးထားရာမှာ စက်ချုပ်သမ တစ် ယောက်က ကပ်ကြေးပျောက်လို့ဆိုပဲ။ ရည်လေး ကို ကိုယ်တိုင်လာမေးရဲလိုက်ပုံက သူ့ ကပ် ကြေး ရည်လေးများ ယူထားမိသလားတဲ့။ စက် ခန်းထဲကနေ ရုံးခန်းထဲအထိဝင်ပြီး မေးခွန်း ထုတ်ရဲတဲ့ အဲဒီမိန်းကလေးကို မမြင်ဖူးသူလို ဇဝေဇဝါနဲ့ကြည့်ရင်း ခေါင်းခါ ပြလိုက်ပေမယ့် သူ့မေးခွန်းအသွားအလာက ဘာရည်ရွယ်မှန်း ရည်လေး ချက်ချင်း ရိပ်မိလိုက်ပါတယ်။ ဒီ အကြောင်း သော်သော့်ကို ရင်ဖွင့်ပြောပြတော့
 " အလကား၊ သူတို့တွေက ဒီလိုပဲ၊ စက်ရုံ က ပစ္စည်းကို စည်းကမ်းမရှိဖျောက်ပစ်ပြီးမှ လျော်ရမှာကြောက်လို့ နင့်ကိုအကြံအဖန်ထု နေ တာ၊ နင်ကရာထူးရော အသက်ပါငယ်သေးတာ ကိုး၊ ဘာပဲဖြစ်ဖြစ်မခံနဲ့၊ ကိုယ်သိက္ခာကျတယ်"
    သော်သော်က ဒီလိုအကြံပေးရင်း အတိတ် က ပုံပြင်ဟောင်းတွေ ပြောပြတတ်သေးတာ။
    " အရင်တုန်းက နင့်လိုမျိုး မြန်မာမ ခပ်ငယ် ငယ်တစ်ယောက် အလုပ်လုပ်စ အလုပ်သင်ဘဝ မှာ ဒီနိုင်ငံသူတစ်ယောက်နဲ့ အလုပ်ခွင်ထဲမှာ ထရန်ဖြစ်လို့၊ ကောင်မလေးက ထက်လိုက်သမှ သူပိတ်ချိန်နေတဲ့ ချိန်ခွင်ကို တခြားတစ်ယောက် က မပြောမဆို ဇွတ်ဆွဲယူလိုက်လို့တဲ့၊ ရန်ဖြစ် တာလေ၊ သူကရောက်စဆိုတော့ ငါ့ရုံးခန်းထဲ လာပြီး " အစ်မ၊ ကျွန်မတော့ အလုပ်ထဲမှာ ရန် ဖြစ်ခဲ့တယ်" တဲ့။ ငါလည်း လန့်ဖြန့်ပြီး ဘာတွေ လုပ်ခဲ့သလဲ၊ ဆွဲမိ ရိုက်မိသေးလားဆိုတော့ ဆွဲ တော့ဆွဲတယ်၊ လူတော့မဟုတ်ဘူး၊ ချိန်ခွင်ကို တဲ့၊ ချိန်ခွင်ကို အဲဒီအလုပ်သမဆီက ဆွဲယူပြီး  အလုပ်ခန်းကြီးကြပ်ရေးမှူးလက်ထဲ အပ်ခဲ့တာ တဲ့၊ ထက်လိုက်ပုံများ"
    သော်သော်က အဝေးကိုပြုံးကြည့်ပြီးပြော တော့ ရည်လေးလည်း သိချင်စိတ်နဲ့မေးမိတယ်။
    " အဲဒီတစ်ယောက် အခုရှိသေးလားဟင်၊ ပြန်သွားပြီလားဆိုတော့ " ရှိတာပေါ့၊ သူ့ကို အလုပ်သင်ပေးတဲ့သူတွေကို ကျော်တက်ပြီး ခုဆို ထိပ်ရောက်နေပြီ" တဲ့။ ရည်လေးလည်း အဲဒီလို ဖြစ်ချင်လိုက်တာဆိုတော့ ကြိုးစားပေါ့၊ ကြိုးစားရင်ဖြစ်ရမှာပေါ့တဲ့။
    " မမတုန်းကရော အဲဒီလိုရန်ဖြစ်ခဲ့သေး လား" လို့ ရည်လေးက စချင်စိတ်နဲ့မေးမိတော့ ငါ့တုန်းကလားဆိုပြီး တဟားဟားနဲ့ ရယ်လိုက် တာ မရပ်တော့။ ရည်လေးလည်း သူ့ကို အရင် လိုတားချင်ပေမယ့် မတားဖြစ်တော့။ သူကသာ ရယ်ရာက တဖြည်းဖြည်း တည်သွားပြီး-
    " ငါလား၊ ဖြစ်တာပေါ့၊ ဒါပေမဲ့ တခြား လူနဲ့မဟုတ်ဘူး၊ ငါ့စိတ်နဲ့ငါနဲ့ဖြစ်တာ၊ တိုးတက် အောင်မြင်ချင်လေ မျှော်လင့်ချက်တွေများလေ၊ လူကပိုမောလေပဲ၊ မျှော်လင့်သလိုမှတစ်ဝက် လောက်မဖြစ်ရင် စိတ်က မိုင်းနတ်စ်ပြချင်လာ ပြီ၊ ဒီမှာကလည်း ခက်တာက အလုပ်မှ တစ် ဝက်လောက် မအောင်မြင်ရင် အတုံးလို့အပြော ခံရပြီး အလုပ်အောင်မြင်လို့ ထိပ်ရောက်ပြန် ရင်လည်း အရူးလို့အပြောခံရတယ်၊ ဘယ်လို လုပ်ရမလဲ၊ ဒါ့ထက်.. နင်ရော ငါအကြောင်း ဘာတွေကြားထားပြီးပြီလဲ"
    ရည်လေး ခေါင်းခါရုံမျှခါပြီး တုံ့ပြန် မေးခွန်းလည်း မမေးမိ။ သူကသာဆက်ပြီး-
   " ထားပါလေ၊ မကြားလည်းကြားဖူးအောင် ပြောပြမယ်၊ ကြားဖူးလည်း ထပ်နားထောင်ပေါ့၊ နင်က ငါညဖက်လူခြေတိတ်ချိန် အော်ရယ်လိုက် မှာ စိုးတယ်မဟုတ်လား၊ ငါသိတာပေါ့၊ ငါငယ် ရာကကြီးလာတာပဲ၊ ဒါပေမဲ့ လူတွေကခက် တယ်ဟ၊ ငါက လူပြောခံရတာ တွေဘာတွေ သိပ်ဂရုမစိုက်ချင်တော့တာလေ၊ အဲဒါနဲ့ အားလုံး နဲ့ဆန့်ကျင်ဘက်ဖြစ်သွားတာ၊ အမှန်တော့ လူ ဆိုတာအရူးမျိုးချည်းပါပဲ၊ တဏှာရူးရှိမယ်၊ အချစ်ရူးရှိမယ်၊ ဥစ္စာရူးရှိမယ်၊ ငါလိုအလုပ်ပိပြီး ရူးတာမျိုးကျတော့ဘာအရူးမျိုးလဲ၊ အဟေးဟေး၊ ရူးတာတောင် ဂုဏ်ရှိတယ်ဆိုတာမျိုး"
    ရည်လေးကိုပြောသလိုလိုနဲ့ သူကိုယ်သူ ပြောချင်ရာပြောနေတဲ့သူ့ကို ဖြေသိမ့်စကား မ ဟုတ်ပေမယ့် နှစ်သိမ့်စကားပြောချင်သေးတယ်။
    " ဟင်း၊ ဒါပေမဲ့ ဘယ်သူတွေဘာပြော ပြော ရည်လေးကတော့ သော်သော့်ကိုချစ်တယ်၊ သော်သော်ဟင်းချက်ရင် ကူပေးမယ်၊ တီဗွီ လည်း လာကြည့်မယ်၊ ပြီးတော့ အင်ဒိုစကား လည်း သင်ပေးဦးနော်"
    " အဲဒါ ငါနင့်ကိုပြောမလို့၊ ငါက တစ်ယောက်တည်းနေတာ၊ အသားကျနေတတ် နေပြီလေ၊ တော်ကြာ ငါ့ကြောင့်နင့်ကိုပါ အမြင် စောင်းကြတာမျိုး မဖြစ်စေချင်ဘူး၊ ငါတို့ ကလေးတို့တုန်းကလိုပေါ့ဟာ၊ မဖြူတို့မနီတို့နဲ့ ဝိုင်းကြီးပတ်ပတ်တို့ ထုတ်ဆီးတိုးတန်းတို့ ကစားလို့ရရဲ့သားနဲ့ မမဲနဲ့မှ ဇယ်တောက်ချင်တဲ့ နင့်ကို ဘယ်သူကမှ ဆော့ဖို့ခေါ်မှာ မဟုတ်ဘူး လေ၊ ငါကနင့်အတွက် စဉ်းစားပေးတာပါ၊ ဒါ ကြောင့် နင့်ငါအခန်းကို သိပ်မလာနဲ့၊ စာလည်း ကိုယ်ဖါသာကျက်၊ အလုပ်ထဲမှာ စိတ်မောရရင် လည်း ကိုယ့်ဖါသာ ဒိုင်ယာရီရေးတော့နော်" တဲ့။
    သော်သော်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့နေ့တုန်း က ခုလိုပြောခဲ့တဲ့စကားတွေကို ရည်လေးက ကလေးလိုပဲ "မရဘူး၊ လာမှာပဲ၊ လာမှာပဲ"လို့ အော်ပြောခဲ့သေးတာကို မှတ်မိနေသေးတယ်။         ဒါပေမဲ့ တကယ်တန်းကျတော့လည်း သူ့ ဆီ မရောက်ဖြစ်တဲ့အပြင် တစ်ယောက်နဲ့တစ် ယောက် ဖုန်းတောင်မဆက်ဖြစ်တော့။ ဘာ ကြောင့်မှန်းတော့မသိ။ တစ်တွဲတွဲလုပ်လွန်းရင် ဝေးရတတ်တယ်ဆိုတဲ့စကားလို သူနဲ့ရည်လေး ကြားမှာ ပဝါခပ်ပါးပါးခြားလိုက်သလို စိမ်းသွား တာတော့အမှန်။ ခါတိုင်း ပြောင်းဖူးလေးကြော်  ဖြစ်ရင်ဖြစ်ဖြစ်၊ ချဉ်ရည်လေးချက်ဖြစ်ရင် ဖြစ် ဖြစ် သူ့ဆီ ပေးတတ်ပေမယ့် အခု သူပြောသလို အတူနေ အထက်အရာရှိအစ်မကိုပဲ ဦးစားပေး မိတော့ အဲဒီအရာရှိမမကလည်း ကိုယ့်အပေါ် အရင်ထက်ပိုပြီး နွေးထွေးလာတော့အမှန်။
    ရည်လေးစိတ်ကိုလည်း ရည်လေး နား လည်ရခက်တာကိုတော့ ဝန်ခံရမှာပါပဲ။ ဘာ ကြောင့်လဲဆိုတော့ တစ်ခါတလေ သော်သော် ကြိုက်တတ်တဲ့ ပဲပြားချဉ်စပ်သုတ်ကလေး ဖြစ် ဖြစ်၊ ဖတ်စရာ စာအုပ်ကလေးတစ်အုပ်ဖြစ်ဖြစ် သူ့ဆီပို့ဖို့ ရည်ရွယ်လိုက်တိုင်း အခန်းဝရောက် ပြီးမှ ပြန်လှည့်လာရတဲ့ အကြိမ်ပေါင်းမနည်း တော့။ ခါတိုင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်တဲ့ သူ့အခန်းတံခါးကိုခေါက်ဖို့ဖြစ်ဖြစ် ၊ ဘဲလ်ကိုနှိပ်ဖို့ဖြစ်ဖြစ် ရည်လေးဘာကြောင့် တွန့် ဆုတ်နေမိတာလဲ။ တကယ်ဆို ရည်လေးက အပြစ်လုပ်မိသူမှ မဟုတ်တာ။
    အဲဒီလို အားတင်းပြီး သူ့အခန်းပေါက်မှာ ခြေစုံရပ်လို့ အတွေးတွေ ရောက်ရက်ခတ်ရင်း "ရည်လေးကတော့ လာမှာပဲ"လို့ ပြောခဲ့မိတုန်း က " လာပေါ့၊ ငါက အိပ်ချင်ယောင်ဆောင်ပြီး တံခါးမဖွင့်ပေးဘူး"လို့ ဆိုခဲ့တဲ့သော်သော့်စကား ကို ပြန်ကြားယောင်မိပြန်တော့ ရည်လေး သက် ပြင်းရှိုက်ရပြန်ရော။ တကယ်လို့ ဘဲလ်တီးပြီးမှ တံခါးဖွင့်မပေးခဲ့ရင်..။
    ရည်လေး သုံးစက္ကန့်လောက် ဘာမှမလုပ် ပဲ တွေဝေနေမိသေးတယ်။ အဲဒီအချိန်မှာပဲ တံခါးလက်ကိုင်ဘုကလေး တဖြည်းဖြည်းလေး လည်လာပြီး သော်သော့်အခန်းတံခါးက အလို လို ပွင့်သွားခဲ့ပါတယ်။ ဘာမှ မပြောင်းလဲတဲ့ သူ့အပြုံးတစ်ပွင့်ကို လှမ်းမြင်လိုက်ရပြီး-
  " ငါ့အခန်းကို သိပ်မလာနဲ့ဆို ပေါ်ကိုမလာ တော့ဘူး၊ မုန့်တွေလည်း တစ်နေ့တစ်နေ့ချန်ထား ပြီး နင်မလာတော့ လွှင့်ပစ်နေရတယ်။ ဂျက် တီဗွီမှာလာတဲ့ ဒါရိုက်တာရင်ဇာတ်လမ်းလည်း နင်လာမပြောပြတော့ ငါ့မှာ ဒီဗီဒီအတွဲလိုက်ကြီး ဝယ်လိုက်ရတယ်။ နင့်ငါ့ကို ပိုက်ဆံတစ်ဝက် ပြန်ပေးရမယ်နော်" တဲ့။
    ရည်လေးလည်း သူ့ကို လတ်လတ်ဆတ် ဆတ် အပြုံးတစ်ပွင့် ပြန်ပေးလိုက်မိတယ်နဲ့ တူပါတယ်။    ။

 

2 comments:

  1. ဒီလို ရင်ဘတ်ကြီး နဲ့ ခင်တဲ့ လူ ကရှားပါတယ် အစ်မရယ်

    ReplyDelete
  2. cho2, saya sudah dibaca.thanks.

    ReplyDelete